အခန်း ၀၈၀ ။ အတည်ကြီးလားဟ!

91 4 0
                                    

အသန်မာဆုံးဂိုဏ်းသခင်


အခန်း ၀၈၀ ။ အတည်ကြီးလားဟ!


သစ်ခြောက်မိစ္ဆာတွေက တိုက်ခိုက်နေစဉ် ဂိမ်းအရှိန်က ပို၍မြင့်လာလေသည်။ အစေ့ကျည်ဆံတွေက တော်ရုံအရှိန်နဲ့ ရှောင်လို့ကို မရပေ။ လုံး၀ ထိပ်တိုက်ရင်ဆိုင်ရမှာမျိုးဖြစ်နေသည်။ အကယ်၍ ရှောင်ဖို့ကြိုးစားရင်တောင် နှစ်ပေလောက် မရွှေ့နိုင်ခင် ထိသွားပြီဖြစ်သည်။

ရူဒရာက သူ့ဆီမှာ ဒိုင်းမရှိတာကို အခုချိန်တွင် နောင်တရနေပေသည်။ သူရဲကောင်းတစ်ယောက်အနေနဲ့ သူ့ဒိုင်းနဲ့ ခုခံမှုက ဂုဏ်ပင်ဖြစ်ပေမယ့် ခေါင်းမာတတ်တဲ့ ရူဒရာက နှစ်ဖက်ချွန်ဓားသွားအကာကိုသာ သုံးခဲ့သည်။

ရူဒရာက သူ့ရဲ့ လေခွင့်ဓားကို ထုတ်လိုက်ပြီး လာလာရှုပ်နေတဲ့ နွယ်ပင်တွေကို ရိုက်ချလိုက်သည်။

ရူဒရာ အနောက်ကို လှည့်ကြည့်လိုက်နောက် အနီရောင်လေဆာလေးက ရှေ့က တဖြည်းဖြည်းတိုးလာကာ ရူဒရာနဲ့ ၅ မီတာသာ ကွာ‌ဝေးတော့သည်။ လေဆာနဲ့သာ ထိသွားရင် ဒီမစ်ရှင်က အရှုံးပင် ဖြစ်သည်။

ရူဒရာက အမှောင်ခွင်းကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်သည်။

သစ်ခြောက်မိစ္ဆာကို ၃စက္ကန့်လောက် တုပ်နှောင်လိုက်ပြီး လေခွင်းက အခွင့်ကောင်းပေးတာနဲ့ တော်၀င်ဓားကို ၁မီတာလောက် ရှည်ထုတ်လိုက်ကာ အရှေ့ကို ရောက်ဖို့ လွှဲလိုက်သည်။

၂၂....၂၃....၂၄...၂၅! ရူဒရာ က ၂၅ မီတာ အရောက်တွင် သစ်ခြောက်မိစ္ဆာက လွတ်လာပြီး ၅ မီတာအကွာအ‌ဝေးကို ကျည်ဆံများ ပစ်လွှတ်နေသည်။ အလင်းတန်းများတွေ့နေရသလိုပင် ကာဖို့ အချိန်တောင် မရှိပေ။

သို့သော် တစ်ခု ၀မ်းသာစရာက နောက်ထပ် နွယ်ပင်တွေ မရှိတော့ပေ။ သစ်ခြောက်မိစ္ဆာတွေနဲ့ အပင်ထောင်ချောက်တွေသာ ရှိတော့တာကြောင့် သူ ဆက်ခုန်လို့ မရတော့ပေ။ သူ ခြေချလိုက်တဲ့ နေရာတိုင်းက ထောင်ချောက်ဖြစ်နိုင်သည်။ ခေါင်းလောင်းဆီသို့ သွားတဲ့ လမ်းက ကျဉ်းကျဉ်းလေးသာ ဖြစ်ပြီး ပစ်ချက်တွေက တန်းတန်းနဲ့ ပို မြန်လာသည်။

အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)Nơi câu chuyện tồn tại. Hãy khám phá bây giờ