အခန်း ၀၆၄ ။ တိုက်ပွဲ (၃)

61 6 0
                                    

အသန်မာဆုံးဂိုဏ်းသခင်


အခန်း ၀၆၄ ။ တိုက်ပွဲ(၃)


<<Orange Rock>> ဂိုဏ်းက အခုချိန်မှာ ဖရိုဖရဲဖြစ်နေပြီ ဖြစ်သည်။ ဆူးချွန်ဗုံးမိုးတွေက ရပ်သွားတာကြောင့် သူတို့ ပျော်သွားသည်။

"ဒါပေါ့ သူတို့မှာ ဗုံးတွေရှိရင်တောင် ပမာဏအများကြီး ရှိနေမှာမှ မဟုတ်တာ သူတို့ဆီမှာ ရှိသလောက် ကုန်သွားပြီ ထင်တယ်? ငါတို့ သူတို့ကို ချေမှုန်းအနိုင်ယူနိုင်သေးတယ်" ကောင်စီန်က အကြံပေးလိုက်သည်။

"ဟုတ်တယ် ဟုတ်တယ် သူတို့မှာ နောက်ထပ်လျှိူထားတာ ရှိမှာ မဟုတ်တော့ဘူး။ သူတို့ယုံကြည်ချက်တွေက ဒါက လာတာ ဖြစ်လိမ့်မယ်? ဒါပေမယ့် အခုတော့ သူတို့ကျရှုံးရတော့မယ်" နောက်ထပ် ကောင်စီဝင်တစ်ယောက်က ထပ်ပြောလိုက်သည်။

ဒေါ်နယ်က ခေါင်းငြိမ့်လိုက်သည်။ သူ့နှလုံးက သူ့ရင်ဘတ်ထဲကနေ ပေါက်ထွက်တော့မလို ခံစားရသည်။ သို့သော်လည်း ပုံစံကွက်ပြောင်းဖို့အတွက် နောက်ထပ်အမိန့်ကို စောင့်ဆိုင်းလိုက်သည်။

ရူဒရာက ရန်သူတွေက ပုံစံပြောင်းမှာကို စိတ်ရှည်စွာ စောင့်နေသည်။ သူတို့ ပိုပြီး အုပ်စုစုလာလေ ရေခဲဗုံးတွေက ပိုထိခိုက်မှုဖြစ်စေလေ ဖြစ်လိမ့်မယ်။

စစ်ပွဲမှာက ကျသွားတဲ့ တပ်သားတွေကို ဘုန်းတော်ကြီးတွေတောင် ကုလို့မရ‌ပေ။ သေသွားရင် စစ်မြေပြင်အပြင်ဘက်သို့ ပြန်ရောက်သွားသည်။ အလောင်းတွေ ရှိမနေတာကြောင့် ပုံစံပြန်ပြောင်းဖို့ ပိုလွယ်ကူလိမ့်မည် ဖြစ်သည်။

ဒေါ်နယ်က အတွေ့အကြုံမရှိတဲ့ စစ်သူကြီးဖြစ်သည်။ သူသာ ဉာဏ်ကောင်းခဲ့ရင် တပ်သားတွေကို ပြန်မစုဘဲ ဖြန့်ကျက်ထားမည် ဖြစ်သည်။ ရူဒရာမှာ ဗုံးတွေ ထပ်မရှိတော့ဘူးလို့ ထင်လိုက်ခြင်းက သူ့ကို အများကြီး ပေးဆပ်ရစေလိမ့်မည်။

ရန်သူတွေက နေရာပြန်စီစဉ်ပြီးသည့်နောက်တွင် <<True Elites>> တွေက ရေခဲဗုံးတွေကို ထုတ်လာသည်။ သူတို့လက်ထဲ ရေခဲဗုံးတွေကြောင့် စစ်မြေပြင်တစ်ခုလုံး အကြောက်တရားနဲ့ လွှမ်းမိုးသွားလေသည်။

အသန်မာဆုံးဂိုဏ်းသခင် - ရူဒရာ (ဘာသာပြန်)Où les histoires vivent. Découvrez maintenant