Chapter 202

1.4K 118 0
                                    

Chapter-202 သူမအား တစ်ခုခုပေးခြင်း(၂)

ကျောင်းရှုလန်က အသိပြန်ဝင်စေရန် သူ့ကိုယ်သူ ခေါင်းကိုပုတ်လိုက်သည်။
သူမ မရိုင်းစိုင်းနိုင်ချေ။
ကျန်းချန်းကဲ့သို့သော အခြေအနေများဖြင့် လူတစ်ဦးက သူမလို ဘာမဟုတ်တဲ့ ရွာသူလေးကို ကြိုက်နိုင်မည်လော။

ကျောင်းရှုလန်က သူ့ကိုယ်သူ နှိမ်ပြောနေခြင်းမဟုတ်ပေမဲ့ ကျောင်းရှုလန်နှင့် ကျန်းချန်းတို့၏ ကွာခြားနေမှုက  တော်တော်လေးများသည်။

သူတို့ဟာ အသက်အရွယ်ပဲဖြစ်ဖြး် ဘယ်လို ယှဉ်ယှဉ်အကွာကြီးပေ။
သူမသည် ကျန်းချန်းကို အရမ်းချစ်သည်။

ကျန်းချန်းက သူ့ကို ကြိုက်တယ်လို့ ကိုယ်တိုင်ကိုယ်ကျ မပြောဘူးဆိုရင် ကျောင်းရှုလန်က သူ့ခံစားချက်ကို ထိန်းချုပ်ကာ ရှေ့ဆက်မတိုးချင်ပေ။

အထည်တွေဝယ်ပြီးတာနဲ့ နှစ်ယောက်သား ဈေးထဲမှာ လမ်းလျှောက်ကြသည်။ ကျောင်းရှုလန်က ဤခေတ်၏ထူးခြားသောအရာအချို့ကိုလည်း အလွန်စိတ်ဝင်စားခဲ့သည်။

ဥပမာ ဒီခေတ်က skin care products တွေဟာ 21 ရာစုနှင့် နှိုင်းယှဉ်ပါက ဤခေတ်၌ မရှိသ‌လောက်နည်းပေသည်။

အသုံးအများဆုံးကတော့ clam oil နဲ့ vanishing cream တို့ဖြစ်ပါတယ်။

vanishing creamသည် Shanghai Friendship မှ ထုတ်လုပ်ထားခြင်းဖြစ်ပေသည်။

ကောင်တာတွင် ဝမ်ကျီချန်ဟုန် Body Cream၊Pechoin၊ Friendship Body Cream၊ ရှဲ့ဖုချွန် Powder စသည်တို့လည်း ရှိကြသည်။

ကျောင်းရှုလန်သည် ဤအရာများကို တစ်ခါမျှ မမြင်ဖူး အသုံးမပြုဖူးသော်လည်း ရှားပါးတဲ့ ဒီခေတ်မှာတောင် အမျိုးသမီးတွေက အလှအပကို အချိန်တိုင်း နှစ်သက်ကြကြောင်း ကောင်းကောင်း သဘောပေါက်သွားလေသည်။

ဒီပစ္စည်းတွေကို မြို့ကြီးပြကြီးတွေမှာသာ အဓိကရောင်းကြပြီး ဈေးနှုန်းကလည်း မနိမ့်ချေ။

ကျေးလက်အမျိုးသမီးများသည် မြို့နေအမျိုးသမီးများကဲ့သို့ ဝယ်လိုလျှင်ပင် အပိုငွေမရှိကြပေ။

စျေးအသက်သာဆုံးမှာ clam oilဖြစ်ပြီး တစ်ဗူးလျှင် တစ်ယွမ်သာ ကျသင့်သည်။ သို့သော် ဗူးအရွယ်အစားအလွန်သေးပြီး အသုံးမခံနိုင်လောက်ချေ။

လယ်သမားဇနီးမှာ နေရာလွတ်ရှိတယ် Book 2Where stories live. Discover now