Chapter 230

1.2K 100 0
                                    

Chapter 230 - မြို့သို့သွားကြခြင်း(၆)"လိုက်တယ် ရှုလန် လမ်းလျှောက်ရ အဆင်ပြေလား""တော်တော်ပြေတယ်""ဒါဆို ဝယ်ရအောင်!"ကျန်းချန်းက အရောင်းဝန်ထမ်းကိုမေးတယ် "ရဲဘော်၊ ဒီဖိနပ်နှစ်ရံက ဘယ်လောက်လဲ""သားရေဖိနပ်က ဆယ့်ငါးယွမ်!"ကျောင်းရှုလန်က သက်ပြင်းချလိုက်ကာ ဈေးအရမ်းကြီးသည်ဟု တွေးမိသည်။ဒါပေမယ့် ကျန်းချန်းက သိပ်မတွေးနေပဲ ဖိနပ်ထုပ်ဖို့ အရောင်းသမားကို ချက်ချင်းပေးလိုက်၏။ကျန်းချန်းသည် ကျောင်းရှုလန်အတွက် ဖိနပ်နှစ်စုံကို ရွေးပေးခွင့်ရသည်ကို အလွန်ပျော်သည်။"ကျန်းချန်း တော်ပြီ မဝယ်နဲ့တော့!"ကျောင်းရှုလန်က ကျန်းချန်းအား တားနိုင်မည်ဟု တွေးထားသော်လည်း ကျန်းချန်းသည် လုံးဝရပ်တန့်ရန် ရည်ရွယ်ချက်မရှိသဖြင့် ဆက်လက်ဝယ်ယူခဲ့သည်။"ရှုလန် ဦးလေးနဲ့ မင်းအတွက် ဝယ်ထားပေမဲ့ မင်းမိသားစုဖို့ မဝယ်ရသေးဘူး မငြင်းပါနဲ့တော့ကွာ ကိုယ်စိတ်မကောင်းဖြစ်ရတယ်"ကျန်းချန်းက ကျောင်းရှုလန်ရဲ့ မိသားစုကို ဘယ်လိုလက်ဆောင်တွေ ပေးရမလဲ စဉ်းစားနေလေသည်။ကျန်းချန်း၏ သဘောထားကိုကြည့်ရင်း ကျောင်းရှုလန်သည် သူသဘောမတူလျှင်ပင် သူမစကားနားမထောင်ဘဲ ဆက်ဝယ်နေဦးမည်ကို ကောင်းကောင်းသိသည်။ကျောင်းရှုလန်သည် ကျောင်းရှုကျူးအတွက် လက်ဆောင်များဝယ်ရာတွင် ပြဿနာမရှိသော်လည်း မားယုမိန်တို့ သားအမိအတွက် မဝယ်ချင်ပေ။မားယုမိန်က အသက်ကြီးသော်လည်း လက်ဆောင်သာ မပေးပါက ကျိန်းသေ အတင်းပြောလိမ့်မည်။ဒါပေမယ့် လီလီကျွမ့်ကကျောင်းရှုလန် သူ့ကို ဘာမှ မပေးချင်‌ပေ။"ကျန်းချန်း ရှင်လက်ဆောင်တွေဝယ်တာ မတားလိုပါဘူး ဒါပေမဲ့ လီလီကျွမ့်ကိုတော့ ကျွန်မ မပေးစေချင်ဘူး"ကျန်းချန်းလည်း ကျောင်းရှုလန် သည် လီလီကျွမ့် ကို အဘယ်ကြောင့် မကြိုက်သည်ကို သိပြီး ခေါင်းညိတ်ကာ "ကောင်းပြီ ဒါဆို လီလီကျွမ့် မဟုတ်ဘဲ ကျန်တဲ့ မိသားစုကို ပေးကြတာပေါ့!"ကျန်းချန်းက ကုန်တိုက်တွင် လိုက်ကြည့်နေခဲ့ပြီး နောက်ဆုံးတွင် မားယုမိန်အတွက် Vanishing creamနှင့် ပိုးပဝါတစ်ထည်ကို ပေးမည်ဟု ဆုံးဖြတ်ခဲ့သည်။အမျိုးသမီးများသည် အလှအပကို နှစ်သက်ကြသည်။ ဒီပစ္စည်းကို မားယုမိန်အား ပေးလိုက်ပါက အရမ်းပျော်သွားမှာ သေချာသည်။ကျောင်းရှုကျူးအတွက် ကျောင်းရှုလန်သည် စတိုးဆိုင်တွင် နို့မှုန့်များ ရှိနေသည်ကို တွေ့လိုက်ရသောကြောင့် နို့မှုန့်နှစ်ဗူးဝယ်ရန် ကျန်းချန်း ကို တောင်းဆိုခဲ့သည်။အတိအကျပြောရလျှင် ကျောင်းရှုလန် သည် ဤခေတ်နှင့်မကိုက်ညီသော နို့မှုန့်ကို နေရာလွတ်မှ ခဏခဏ ထုတ်နေရန်မလိုတော့ပေ။ဈေးဝယ်ထွက်ပြီးနောက်တွင် သူသည် အခြားမည်သည့်အရာကိုမျှ ဝယ်ရန်မစဉ်းစားနိုင်သောကြောင့် ကျန်းချန်း ငြိမ်ကျသွားသည်။သူတို့နှစ်ယောက်ဝယ်ပြီးတဲ့အခါ လက်နှစ်ဖက်စလုံးက အိတ်များစွာဖြင့် ပြည့်နေလေသည်။ညဘက်တွင် လူများကို ဧည့်ခံရမည်ဖြစ်သောကြောင့် ကျန်းချန်း နှင့် ကျောင်းရှုလန် တို့သည် အသားဝယ်ရန် စားသောက်ဆိုင်သို့ သွားကြသည်။ကံကောင်းစွာဖြင့် အသားများရှိနေသေးသည်၊၊ ကျန်းချန်း၏ အထူးလက်မှတ်ဖြင့် အသားနှစ်ပေါင်ကို ဝယ်ရန်ပြင်လေသည်။ထို့အပြင် ကျန်းချန်းသည် ဆန်၊ဂျုံနှင့် ပြောင်း ငါးကီလိုစီ ဝယ်ယူခဲ့သည်။ဒါက အကန့်အသတ်နှင့်ဖြး်သဖြင့် ထိမျှသာ ရနိုင်လေသည်။ဖြစ်နိုင်ရင် ကျန်းချန်းလည်း အစားအသောက်တွေ ပိုရချင်ပေ၏။ဒီနှစ် အစားအသောက်က အဖိုးတန်ဆုံးပင်။အခုဝယ်ထားသည်က အဆင်ပြေလေသည်။ လုမြို့တော်သို့ ထပ်သွားရပါက ဝယ်ပေးဦးမည်။လုမြို့တော် သွားရင် ပိုပြင်ဆင်ထားပေးမည်။လုမြို့တော်တွင် ရိက္ခာများ ပိုများကာ ပြင်ဆင်ချိန်ပိုရသဖြင့် ကျန်းမိသားစု၏ အရည်အချင်းများစွာကို ထုတ်ပြနိုင်လေမည်။ယခုတော့ ကျန်းချန်းသည် ကျောင်းရှုလန်အား ဤအရာအနည်းငယ်ကို ပေးသည်က မှားနေပြီဟု တွေးမိသည်။ သူတို့လက်ထပ်မည်ဆိုပါက မင်္ဂလာဆောင်လက်ဆောင်အတွက် ကျောင်းရှုလန်က ပြင်ဆင်ရဦးမည်။ထုံးစံအတိုင်း ကျောင်းရှုလန်သည် ကျန်းချန်း တွေးနေသည်များကို မသိပါ။သူမသည် ပကာသနကို ဂရုမစိုက်ပဲ ခံစားချက်ကိုသာ ဦးစားပေးလေသည်။ကျန်းချန်းက ကောင်းကောင်းဆက်ဆံပြီး တကယ့်ခံစားချက်တွေ ရှိနေသရွေ့ ၎င်းက တခြားအရာတွေထက် ပိုအရေးကြီးပေသည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိတယ် Book 2Место, где живут истории. Откройте их для себя