Chapter 244 - ကျန်းချန်းအား ဖျားယောင်းခြင်း(၃)
ကျန်းချန်းက လီလီကျွမ့် ပြောတာကို မကြားချင်တော့တဲ့အတွက် လီလီကျွမ့်အား "လီလီကျွမ့် ရှုလန်က မင်းအကြောင်း မကောင်းပြောခဲ့ဖူးသလို မင်းနဲ့ပတ်သက်တဲ့ ကောလဟာလတွေလည်း လျှောက်မလွှင့်ဖူးလူး
ပြီးတော့ မင်းကသာ ရှုလန်အကြောင်း သွားပုတ်လေလွင့်ပြောနေတာ အဲ့တာက်ု မင်းက အရှက်မရှိပြောရဲသေးတယ်နော်"
လီလီကျွမ့်သည် ဒေါသမထွက်ဘဲ သွေးသာဆောင့်တတ်သွားသည်။
ကျောင်းရှုလန်က သူ့နောက်ကွယ်မှာ မကောင်းတာ ဘာမှမပြောဘူးလို့ သူမ မယုံပေမယ့် ကျန်းချန်းက တမင်ရည်ရွယ်ချက်ရှိရှိ ပြောနေလေသည်။
ကျန်းချန်းက သူမကို အရမ်းယုံကြည်သွားအောင် ကျန်းချန်း စားမည့် ဟင်းရည်ထဲသို့ စိတ်ကြွဆေးပြား လောင်းထည့်လိုက်တယ်ဆိုတာ သူကိုယ်တိုင်မှလွဲရောမသိချေ။
"ကျန်းချန်း တောင်းပန်ပါတယ် ကျွန်မနားလည်မှုလွဲသွားတယ်
ကဲပါ ခေါက်ဆွဲလေးတော့ နည်းနည်းစားလိုက် မဟုတ်ရင် အရသာပျက်ကုန်လိမ့်မယ် "
လီလီကျွမ့်သည် သူမ၏မျက်နှာကို ငုံလိုက်ပြီး ကျန်းချန်းကို သနားစဖွယ်ပုံပြကာ ဖျားယောင်းနေလေသည်။
ကျန်းချန် က နည်းနည်းလေးမှ သဘောမပေါက်ဘူးပဲ "အေး အဲ့တာဆ်ုလည်း မင်းစေတနာကို ငါလက်ခံလိုပ်မယ် မစားတော့ဘူး အလုပ်လုပ်စရာရှိသေးလို့ သွားတော့မယ်!"
ကျန်းချန်းက ပြန်ပြီး စပါးရိတ်ရန်သာ ပြင်လေသည်။
လီလီကျွမ့်သည် သူမ၏အောက်နှုတ်ခမ်းကို တုံ့ဆိုင်းစွာကိုက်လိုက်ပြီး ကျန်းချန်းကို ဆက်၍ပူဆာချင်သော်လည်း ရွဲ့စောင်းသောအသံတစ်ခုထွက်လာကာ "လီလီကျွမ့် နင်ဘာလာလုပ်တာလဲ။ နင်က တခြားလူကိုကျွေးချင်လို့ စွန့်စွန့်စားစားချက်လာနာလား
ကိုယ့်အလုပ်ကိုယ် မလုပ်ပဲ အဲ့လောက်အားယားနေတာလား ငါတို့ထုတ်လုပ်ရေးအဖွဲ့ကိုသာ နင်ကြိုးကြိုးစားစား အလုပ်လုပ်ပေးရင် အခုလောက်ဆိုခရီးတော်တော်ပေါက်နေလောက်ပြီ"
ထိုပြောနေသူမှာ လုလန်လန် ဖြစ်သည်။
လီလီကျွမ့် နှင့် ကျန်းချန်းတို့ရဲ့ ပြောဆိုနေသည်များ အားလုံးကို သူမကြားလိုက်ရသည်။
လုလန်လန်သည် လီလီကျွမ့် တွေးနေပုံကို အတိအကျသိသည်။
ကျန်းချန်းကို သဘောကျလို့ ကျန်းချန်းကို အပိုင်ကြံချင်နေတာလား။
ဒီမိန်းမတကယ်မလွယ်ဘူးပဲ။
အရင်က သူ့အစ်ကိုကို သဘောကျတယ်လို့လည်း ပြောပြီး ကျန်းချန်းရဲ့ အခြေအနေကို သိသွားတော့ ကျန်းချန်းကို ကပ်တော့မည်။
အရေးကြီးသည်က ကျန်းချန်းသည် ကျောင်းရှုလန် ၏ သက်ဆိုက်သူဖြစ်သည်ကို သိထားသဖြင့် လီလီကျွမ့် ဤသို့ဖြစ်နေသည်ကို မကြိုက်ချေ။
အရှက်မရှိပဲ စနိုက်ကျော်မလုပ်ချင်နေလေသည်။
လုလန်လန်သည် လီလီကျွမ့်၏ ပုံစံအမှန်ကို မြင်ပြီးကတည်းက လီလီကျွမ့်ကို အလွန်ရွံရှာခဲ့သည်။ ယခုတော့ လီလီကျွမ့်၏ အရှက်မဲ့သော အပြုအမူကို သူမမြင်လိုက်ရတော့ သူမသည် ဝင်မပြောပဲ မနေနိုင်တော့ချေ။
လီလီကျွမ့်သည် လုလန်လန်၏ စကားနာထိုးခြင်းကို ခံရမည်ဟု မမျှော်လင့်ခဲ့ပေ။
လုလန်လန်မှာ အခွင့်အရေးရနိုင်တဲ့လူသဖြင့် သူမ အပြစ်ပေးခံရနိုင်သည်။
မစင်ထပ်ကောက်နေရဦးမည်။
သူမသည် ရေထဲသို့ ကျသွားသောအခါ လီလီကျွမ့်သည် လုံးဝမကူညီပဲ လှောင်နေလေသည်။
ဤရက်သည် နွေရာသီ ရိတ်သိမ်းချိန်ရောက်ပြီဖြစ်၏။ ထုတ်လုပ်ရေးအဖွဲ့သည် ဆန်စပါးရိတ်သိမ်းရန် လိုအပ်ပြီး အခြားလုပ်ငန်းများကို လောလောဆယ် ဘေးဖယ်ထားမည်ဖြစ်သည်။ လူအများစုသည် စပါးရိတ်သိမ်းရန် တာဝန်ပေးထားသောကြောင့် မစင်ကောက်ရန် အခွင့်အလမ်း မရှိတော့ပေ။
လီလီကျွမ့်သည် အပြစ်ရှိသော အသိစိတ်ဖြင့် နှုတ်ခမ်းကို ကိုက်လိုက်ကာ "ငါ မပျင်းပါဘူး"
လုလန်လန်က "နင်က မပျင်းနေဘူးပေါ့"
"ရဲဘော် ကျန်းချန်းက ငါတို့ရဲ့ကျေးဇူးရှင်လေ။ ကျေးဇူးရှင်က ပင်ပင်ပန်းပန်းအလုပ်လုပ်နေရလို့ ငါက ချက်ကျွေးရုံပဲ"
လီလီကျွမ့်၏ စကားများသည် လူအများကို အနည်းငယ် ကျိုးကြောင်းဆီလျော်စွာ ခံစားစေခဲ့သည်။
ကျန်းချန်းသည် ထုတ်လုပ်ရေးအဖွဲ့၏ အခြားအဖွဲ့ဝင်များနှင့် ကွဲပြားသည်။ သူသည် ထုတ်လုပ်ရေးအဖွဲ့အတွက် ကြီးမားသော ပံ့ပိုးကူညီမှုများ ပြုလုပ်ထားပြီး ထုတ်လုပ်ရေးအဖွဲ့၏ အဖွဲ့ဝင်မဟုတ်သောကြောင့် သူ့ကို ပိုဂရုစိုက်သင့်သည်။
လုလန်လန်က လှောင်ပြောင်ရင်း "လီလီကျွမ့် နင်ကျန်းချန်းကို ကိုယ်ချင်းစာချင်ရင်တောင် နင့်အလုပ်မဟုတ်ဘူးလေ
ကျန်းချန်းက ကျောင်းရှုလန်ကိုပဲ ကြိုက်တာ တစ်ခုခုဆို သူမပဲ လုပ်ပေးမှာပေါ့ နင်ကဘာလျှာရှည်နေတာလဲ "