Chapter 213

1K 104 0
                                    

Chapter 213 - သူ့နှလုံးသားထဲမှာ တစ်ယောက်ယောက်ရှိနေပြီ(၂) 

ဝမ်ရှုယင်က မေးလိုက်တာနဲ့၊ ညစာစားပွဲက လူတော်တော်များများဟာ ခဏတာ အံ့အားသင့်သွားပြီး ကျန်းချန်းဟာ ရုတ်တရက် သီးသွားကာ ချောင်းဆိုးတော့သည်။ 

"အဟွတ် အဟွတ် အဟွတ်" 

ဝမ်ရှုယင်က ကျန်းချန်းကို မှင်တက်စွာ ကြည့်နေသည်။ 

လုကျင်ရှန်းက ဝမ်ရှုယင်ကို စိုက်ကြည့်ရင်း "မင်းဘာတွေပြောနေတာလဲ မင်းကို ဘယ်သူကမေးခိုင်းလို့လဲ" 

ဝမ်ရှုယင်က စကားစကာ "ရဲဘော် ကျန်းချန်းလို လူကောင်းကတွေ့ဖို့မလွယ်ဘူး သူလည်းအိမ်ထောင်မကျသေးလို့ လန်လန့်အတွက် မေးရုံလေးကို ရှင်က ဘာဖြစ်နေတာလဲ" 

ကျန်းချန်းအား ဝမ်ရှုယင်သည် အဆတစ်ထောင်လောက် ကျေနပ်သည်။ 

ကျန်းချန်းသာ သူ့သမက်ဖြစ်လာနိုင်လျှင် သူမ သေပျော်လိမ့်မည်ဖြစ်၏။ 

ဝမ်ရှုယင်သည် ကျန်းချန်း အကြောင်း များများစားစား မသိသော်လည်း ကျန်းချန်း၏ တိကျသောအလုပ်ကို သိသည့်အပြင် ကျန်းချန်းသည် တစ်ကိုယ်ကောင်းမဆန်ပေ။ သူမသိသည်မှာ ကျန်းချန်းသည် ကျန်းမိသားစုနှင့် ပတ်သက်နေပြီး ကျန်းမိသားစု၏ ဆွေမျိုးဖြစ်သည်။ 

ဒါပေမယ့် ဒါတွေက အရေးမကြီးပော သူမြင်တဲ့ အရာက လူတစ်ယောက်ရဲ့ စရိုက်ပင်ဖြစ်သည်။ 

ယောက်ျားရှာသည်နှင့် ပတ်သက်လာရင် လုလန်လန်က သူသိပ်ချစ်ရတဲ့ သမီးဖြစ်သဖြင့် ဝမ်ရှုယင်က သူ့သမက်ကို သေသေချာချာ ရွေးထားလေသည်။ 

နှစ်တွေကြာလာတာနဲ့အမျှ သူ စိတ်ကူးယဉ်ခဲ့တဲ့ တစ်ခုတည်းသောအရာက ကျန်းချန်းဖြစ်သွားရသည်။ 

ကျန်းချန်း နှင့် ကျန်း မိသားစုသည် ဆွေမျိုးများဖြစ်သောကြောင့် မကောင်းသော်လည်း သိပ်ကိစ္စမရှိပေ။ 

အနာဂတ်မှာ သူ့သမီးလေးအပေါ် စေတနာထားနိုင်သရွေ့ အဆင်ပြေလေသည်။ 

ထို့အပြင် ကျန်းချန်းသည် မခေါ်ဘဲနှင့် လုမိသားစုထံ ရောက်ရှိလာခြင်းက ကြီးမားသောကိစ္စဖြစ်သည်။ 

ဒီမှာ သူ့ယောက်ျားနဲ့ ကျန်းချန်း ကောင်းကောင်းမနေရမှာကို စိတ်မပူပေ။ 

လုကျင်ရှန်းက ဝမ်ရှုယင် ထင်ထားသလောက် မလွယ်နေချေ။ 

ကျန်းချန်းက အရမ်းတော်သာ်။ လုကျင်ရှန်းသည် အလွန်ရှင်းလင်းသည်။  မည်သို့ပင်ဆိုစေကာမူ မည်သည့်အမှားကိုမျှ မလုပ်ချေ။ သို့သော်လုကျင်ရှန်း ည် ကျန်းချန်း ထက်သာလွန်သော လူငယ်တစ်ဦးကို အမှန်တကယ်ပင် မမြင်ဖူးခဲ့ပေ။ 

ကျန်းချန်း၏ ပုံစံမှာ အလွန်ထူးခြားကြောင်း လုကျင်ရှန်းလည်းသိသည်။ 

သူသည် ကျန်းမိသားစု၏ ဆွေမျိုးတစ်ဦးဖြစ်သည်မှာ မှန်သော်လည်း မရိုးရှင်းပေ။ 

ပိတ်ရက်များတွင် ကျန်းချန်းနှင့် တွေ့ဖူးလေသည်။ 

Moutai အရက်နှင့် နွားနို့ဆန်ပြုတ်တို့ကို ယူလာနိုင်ပြီး သာမန်လူများကတောင်ထိုသို့ မလုပ်နိုင်ချေ။ 

ထို့အပြင် ကျန်းချန်းသည် လယ်ယာသုံးကိရိယာ အများအပြားကို ဝယ်ယူရန် ငွေကြေးများစွာနှင့် စက်မှုကူပွန်များကို သုံးပေးလေသည်။ 

သူတို့မိသားစုကလည်း ထုတ်လုပ်ရေးအဖွဲ့ထဲမှာ ပါပြီး အခြေအနေတွေက မဆိုးလှချေ။ ကျန်းချန်းကို ရလိုသည်မှာ မလွယ်နေပေ။ 

ကျန်းချန်းက အိမ်ထောင်မပြုသေးဘဲ လက်တွဲဖော်ရွေးရင် လုလန်လန်ကို မရွေးဘဲ ပိုကောင်းတဲ့ မိန်းကလေးကို သေချာပေါက် ရွေးလိမ့်မည်။ 

ကျန်းချန်းက အားနာစွာနှင့် ဝမ်ရှုယင်ကို ရှက်ကိုးရှက်ကန်းဖြစ်ကာ"အဲဒါက အန်တီရယ် လန်လန်ကမိန်းမကောင်းလေးပါ ဒါပေမယ့် ကျွန်တော့်မှာ ချစ်ရသူရှိတယ်" 

သူက ရှင်းရှင်းလင်းလင်း မပြောပေမယ့် ကျန်းချန်းရဲ့ အဓိပ္ပါယ်က ဝမ်ရှုယင်ကို ငြင်းဆိုဖို့အတွက်သာဖြစ်သာ်။ 

ကျန်းချန်းက သူ့မှာ ချစ်ရသူရှိတယ်လို့ ပြောတဲ့အခါ ကျောင်းရှုလန်ကို စိုက်မကြည့်ဘဲ မနေနိုင်ချေ။ 

သို့သော်လည်း ကျောင်းရှုလန်သည် ကျန်းချန်း တွင် ချစ်သူရှိကြောင်း ကြားသောအခါတွင် သူမ စိတ်ဓာတ်ကျသွားလေသည်။ 

ကျန်းချန်းက သူ့ချစ်ရသူဟာ သူမဖြစ်ကြောင်း မသိခဲ့သလို ကျန်းချန်းမှာ ချစ်ရသူရှိလိမ့်မည်ဟု သူမ မတွေးမိခဲ့ချေ။ 

ဤသို့ဖြစ်လျှင် ကျောင်းရှုလန်က ကျန်းချန်း စိတ်မဝင်စားပဲနေကာ ကျန်းချန်း ကိုမမျှော်လင့်သင့်တော့ပေ။ 

အရင်အကြောင်း သူမကိုယ် သူမ တွေးကာ ရှက်မိလေသည်။ 

ကျန်းချန်းကို သူမ နှစ်သက်သော်လည်း ကျောင်းရှုလန်သည် ကျန်းချန်းနှင့် အလွန်အကျွံ ပေါင်းသင်းဆက်ဆံတော့မည်မဟုတ်ပေ။ သူမသည် တတိယလူ မဖြစ်ချင်ပါ။ ကျန်းချန်းသည် သူ၏ နှလုံးသားထဲတွင် သူနှစ်သက်သော တစ်စုံတစ်ယောက်ရှိနေပြီဆိုတာကို သူမသိလိုက်ရပြီး စိတ်မကောင်းတော့ချေ။ 

ဝမ်ရှုယင် ဝမ်းနည်းနေသော်လည်း သူမ ဘာမှပြန်မပြောပေ။ 

မဟုတ်ပါကလည်း လန်လန်ကကျန်းချန်းလို လူကောင်းတစ်ယောက်ယောက်နှင့် လက်ထပ်နိုင်လည်း ကောင်းလှသည်။ 

လယ်သမားဇနီးမှာ နေရာလွတ်ရှိတယ် Book 2Donde viven las historias. Descúbrelo ahora