Chapter 229

1.2K 115 0
                                    


Chapter 229 - မြို့သို့သွားကြခြင်း(၅)

"ကျန်းချန်း တော်တော့ မဝယ်နဲ့တော့ လုံလောက်နေပြီ!" ကျောင်းရှုလန် တားလိုက်သည်။

ကျန်းချန်းက ကျောင်းရှုလန် ရဲ့စကားကိုနားမထောင်ခဲ့ကာ "ရှုလန် ဒါ လုံလောက်ပြီထင်ရင် တခြားဟာ သွားဝယ်တာပေါ့

အထည်သွားဝယ်ပြီးချုပ်ရအောင် "

ကျောင်းရှုလန် ပြောလိုက်လေသည် "မနေ့က အထည်တွေ ဝယ်ခဲ့တယ်လေ။ အများကြီးဝယ်ထားတာ လုံလောက်ပြီ ထပ်ဝယ်ဖို့ မလိုတော့ဘူး!"

"ဒါဆို နည်းနည်းပဲ ထပ်ဝယ်ရအောင်နော် မိန်းကလေးဆိုတာ လှလှလေးတွေဝတ်ကြတာ"

"အရမ်းပိုက်ဆံကုန်တယ် ကျွန်မအတွက်နဲ့ ကျန်းချနရယ် ပိုက်ဆံတွေမဖြုန်းပါနဲ့!"

ကျန်းချန်းက ကျောင်းရှုလန်ရဲ့လက်ကို ကိုင်လိုက်ပြီး "ရှုလန် ကိုယ်တို့ အတူတူလက်တွဲသွားတော့မှာလေ ပိုက်ဆံကိစ္စတွေစိတ်မပူနေပါနဲ့

ပြီးတော့ ကိုယ်က ငွေကိုသိပ်ဂရုမထားဘူး အဆင်ပြေတယ်

မင်းကို ဝယ်ပေးနေရတာနဲ့တင် ကိုယ့်မှာပျော်နေပြီ "

"ကျန်းချန်း ဒါပေမယ့် ကျွန်မအတွက် အဝတ်အများကြီးမလိုဘူး!"

"ဒါဆိုအဝတ်အစားမဝယ်နဲ့ တခြားတစ်ခုခုဝယ်ရအောင်။

ဖိနပ်နှစ်ရံလောက် ဝယ်ကြရအောင် "

ကျောင်းရှုလန်၏ ငြင်းဆန်မှုကို သည်းမခံနိုင်တော့ဘဲ ကျန်းချန်းသည် ကျောင်းရှုလန်၏ လက်ကိုဆွဲကာ ဖိနပ်ရောင်းသည့်ကောင်တာဆီသို့ သွားခဲ့သည်။

ကျောင်းရှုလန်က သူ့ဘာသာသူ ရွေးချယ်မည်မဟုတ်ကြောင်း သိလိုက်ရသဖြင့် ကျန်းချန်းသည် အနက်ရောင်သားရေဖိနပ်လေးတစ်ရံနှင့် နောက်ပိတ်ဖိနပ်တစ်ရံကို ရွေးချယ်ခဲ့သည်။

ကျောင်းရှုလန်၏ ခြေဆိုဒ်မှာ ၃၆ရှိပြီး အရွယ်အစားမှာ အလွန်ကောင်းမွန်သည်။

"ဟယ်လို ရဲဘော် ဖိနပ်လေးတွေ စမ်းဝတ်ချင်လို့ အဲ့တာကူညီပေးပါ"

အရောင်းဝန်ထမ်းသည် ကျောင်းရှုလန်ကို ကြည့်လိုက်ရာ ကျောင်းရှုလန်သည် နွမ်းလျသည့် အဝတ်အစားများ ဝတ်ထားသည်ကို တွေ့လိုက်ရပြီး သူမ၏မျက်လုံးများတွင် ရွံရှာဖွယ်အကြည့်ဖြင့် ကြည့်လိုက်သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိတယ် Book 2Donde viven las historias. Descúbrelo ahora