Chapter 223 - တွေ့ဆုံနှုတ်ဆက်ခြင်း(၂)
ကျန်းချန်းက ကျောင်းဝေကောင်း သူ့ကို အစကနေ အဆုံးထိ ဘာမှပြန်မပြောတာကို တွေ့လိုက်ရပြီး စိတ်အေးသွားလေသည်။
"ဦးလေးကျောင်း စိတ်မပူပါနဲ့ ကျွန်တော်
ရှုလန်ကို အနာဂတ်မှာ ကောင်းကောင်း ဆက်ဆံမှာပါ။
ကျွန်တော့်မိဘတွေနဲ့ ဆွေမျိုးတွေက လုမြို့မှာရှိလို့ ဒီကိုလာဖို့အဆင်မပြေပေမယ့် ရဲဘော် ရှုလန် နဲ့ ကျွန်တော့်ဆွေမျိုးတွေနဲ့ သွားတွေ့မှာပါ။
မနက်ဖြန် မိသားစုနဲ့ တွေ့ဖို့ အဖိုးလေးနဲ့ အဖွားလေးကို ခေါ်လာခဲ့ပါမယ်။ "
ကျောင်းဝေကောင်းက ကျေနပ်နေလေသည်။ ဤကလေးသည် တွေးခေါ်တတ်ကာ ရင့်ကျက် တည်ငြိမ်ပြီး ကဏ္ဍပေါင်းစုံတွင် ထူးချွန်သည်။
ဒီလိုလူငယ်မျိုးကို ရှာတွေ့နိုင်တာက သမီးအတွက် တကယ်အကျိုးရှိလေသည်။
ကျောင်းဝေကောင်းက သတိမရှိသူမဟုတ်ပေ။ ကျန်းချန်း၏ အခြေအနေများ ကောင်းနေသည်ကို သိလျက်နှင့် ဘယ်လိုငြင်းနိုင်မည်နည်း။
ဖခင်တစ်ယောက်အနေနဲ့ သူ့သမီးကို နှစ်တွေကြာအောင် ကောင်းကောင်းမဆက်ဆံခဲ့ကာ သမီးကို တော်တော်ဒုက္ခပေးမိ၏။