Chapter 236 - စားကြပါ(၁)
ကျန်းချန်းသည် ညစာအတွက် ထမင်းသာမက အသားများနှင့် အခြားအရာကောင်းများကိုပါ ယူလာခဲ့လေသည်။
အသား၏အရသာကို တွေးရင်း လီလီကျွမ်သည် မျက်ရည်ကျမိသွားသည်။
အခုမှ နောင်တရဖို့ နောက်ကျသွားတာ စိတ်မကောင်းစရာပေ။ ကျောင်းဝေကောင်းအား သူမအမှားကို အခုဝန်ခံရင်တောင် ကျောင်းဝေကောင်းက သူ့ကို ခွင့်လွှတ်ပြီး စားခွင့်ပေးမည် မဟုတ်။
လီလီကျွမ့်က ဒေါသသိပ်မထွက်တော့သော်လည်း ကျောင်းရှုလန်ကို နှလုံးသားထဲမှာ လုံးဝမုန်းတီးနေ၏။
ဒီခွေးမ နောက်မှပညာကောင်းကောင်း ပေးရမယ်။
ကျောင်းရှုလန် ထိုမှသာ သူမအား ပိုရိုကျိုးလာလေမည်။
ကျောင်းရှုလန် ဘာပဲဖြစ်ဖြစ် လီလီကျွမ့်ကို ဘယ်တုန်းကမှ မကြောက်ခဲ့ဖူးချေ။
လီလီကျွမ့်ရဲ့ စရိုက်ကြောင့်သာ သူမကိုယ်သူမ ထိခိုက်စေမည်ကို စိုးရိမ်နေသည်။
ကျန်းချန်း၏ အရပ်အမောင်းက ကျောင်းရှုလန်၏ ရှေ့တွင် ရပ်နေသဖြင့် ကာကွယ်ပေးခံရသလို ခံစားရသည်။
သူ့ရှေ့ကလူကို သူမရွေးချယ်ထားပြီး အနာဂတ်မှာဘာတွေဖြစ်ပါစေ ဒီလူက သူမအတွက် ရပ်တည်ပေးမယ်လို့ သူမယုံကြည်လေသည်။
မားယုမိန်သည် သူ့သမီးကို ကာကွယ်ပေးသော်လည်း ယခုတစ်ကြိမ်တွင် သူမမှာ ယုံကြည်မှုမရှိခဲ့ပေ။
ကျန်းချန်း၏ လက်ဆောင်ကို ရလိုက်သည့်အတွက် မားယုမိန်လည်း ဘာမှပြန်မပြောနိုင်ပေ။
ဒီလက်ဆောင်တွေရဖို့အတွက် သူမဟာ ကျန်းချန်းဘက်မှာ ရပ်တည်ရမှာ ဖြစ်လေသည်။
ကျောင်းဝေကောင်းသည် သူ့မျက်နှာပေါ်ရှိ ဒေါသကို ထိန်းထားပြီး ကျန်းချန်း နှင့် မစ္စကျန်း ကို ပြုံးပြကာ "သူက အဲ့အတိုင်းပဲ စိတ်ထဲမထားကြပါနဲ့နော်"
ကျန်းမိသားစုသည် ဤကိစ္စကြောင့် ကျောင်းမိသားစုကို စိတ်မထင့်နိုင်ချေ။ ကျန်းချန်း နဲ့ ပေါင်းသင်းရမည့်လူမှာ ကျောင်းရှုလန်သာ ဖြစ်သည်။ ကျောင်းရှုလန် လိမ္မာနေသ၍ လီလီကျွမ့် ပညာမတတ်သည်က သူတို့နှင့် ဘာမှမဆိုင်ပါ။
ကျောင်းရှုလန်သည် ကျောင်းဝေကောင်းအား စကားဖြတ်ကာ "အဖေ ညစာပြင်ပေးမယ်လေ စားရင်းသောက်ရင်း စကားပြောကြပေါ့။"
ကျောင်းရှုလန်၏ အဘိုးအဘွားများ ကွယ်လွန်သွားသော်လည်း ဆွေမျိုးများ ရှိနေဆဲဖြစ်သည်။
ကျောင်းဝေကောင်းတွင် ညီအကိုမောင်နှမ ငါးဦးရှိပြီး အထက်တွင် အစ်မတစ်ယောက်နှင့် အစ်ကိုနှစ်ယောက် အောက်တွင် ညီမငယ်တစ်ဦးတို့ ရှိလေသည်။
ကျောင်းရှုလန်၏ အဒေါ်နှစ်ဦးသည် အခြားအဖွဲ့ရှိလူများနှင့် လက်ထပ်ခဲ့သော်လည်း သူမ၏ဦးလေးနှင့် ဒုတိယဦးလေးတို့သည် ထုတ်လုပ်ရေးအဖွဲ့တွင် ရှိနေဆဲဖြစ်သည်။
ထို့ကြောင့် ကျောင်းရှုလန်က သူ့ဦးလေးနှင့် ဒုတိယဦးလေးအပြင် ဒုတိယအဒေါ်တို့ကိုလည်း ထမင်းစားရန် ဖိတ်လိုက်သည်။
လုကျင်ရှန်းအတွက် ကျောင်းရှုလန်က ကျန်းချန်းကို သွားခေါ်လာပေးရန် တောင်းဆိုခဲ့သည်။
"အင်း ရှုလန် သမီးသွားပြင်လိုက်တော့!" ကျောင်းဝေကောင်းက ကျောင်းရှုလန် ကိုပြောပြီး မားယုမိန်အား "မီးဖိုချောင်သွားပြီး ရှုလန် ကူညီပေးလိုက်!"
ဘာပဲဖြစ်ဖြစ် မားယုမိန်က အိမ်ရှင်မဖြစ်သောကြောင့် အပြင်လူများလာသောအခါ ကျောင်းရှုလန် တစ်ယောက်တည်း ချက်ပြုတ်ပေးနေရသည်မှာ မကောင်းပေ။
မားယုမိန်က ကျောင်းဝေကောင်း သူ့ကို ထမင်းချက်ခိုင်းတာကို မြင်တော့ သူက မျက်နှာပြောင်တိုက်ကာ ကျောင်းဝေကောင်းဆီသို့ ချက်ချင်း သွား၍ "ဝေကောင်း ကျွန်မက ကိုယ်ဝန်ကြီးနဲ့လေ မီးခိုးနံ့တွေမခံနိုင်ဘူး"
မားယုမိန် ပြောချင်သည်က သူမ မချက်ပေးချင်၍သာဖြစ်သည်။
ကျောင်းဝေကောင်း အနည်းငယ် စိတ်မချမ်းသာဖြစ်သွားကာ ကျန်းချန်းက မားယုမိန် ထံသို့ လက်ဆောင်များစွာ ပေးသည့်အတွက် မားယုမိန်က ကျေးဇူးတင်သည့်အနေဖြင့် ဝိုင်းကူချက်ပေးသင့်သည်။
ဟန်ဆောင်ပန်ဆောင် သွားကူချက်ပြုတ်ပေးချင်ယောင်ဆောင်နိုင်သော်လည်း ပေါ်တင်မျက်နှာပြောင်တိုက်ကာ ငြင်းလေသည်။
ကျောင်းရှုလန်က "အဖေ အဒေါ်မိန်က မီးခိုးနံ့တွေနဲ့ အဆင်မပြေလောက်ဘူး သမီးပဲချက်လိုက်မယ်"
ကျောင်းရှုလန်သည် မားယုမိန်ကို ဂရုမစိုက်ဘဲ သူမဝင်ကူရင်တောင် ထုံးစံအတိုင်း အကူအညီမဖြစ်နိုငိပေ။
မူလက သူမသည် ဟင်းချက်သည့်နေရာတွင် ဟင်းခတ်အမွှေးအကြိုင်များကို မသိမသာ ထုတ်သုံး၍ရသော်လည်း မားယုမိန်သာ ထိုနေရာတွင်ရှိနေပါက မထုတ်နိုင်တော့ချေ။
ထို့အပြင် မားယုမိန်သည် အကူအညီမဖြစ်နိုင်သောကြောင့် ကျောင်းရှုလန် သူ့တစ်ယောက်ထဲ လုပ်ခြင်းက ပိုကောင်းလေသည်။
"ရှုလန် သမီးတစ်ယောက်ထဲ ပင်ပန်းနေမှာပေါ့" ကျောင်းဝေကောင်းက စိုးရိမ်တကြီး မေးသည်။
လီလီကျွမ့်ကို အခန်းထဲမှာသာနေရန် ကြိမ်းမောင်းပြီးနောက် ကျောင်းဝေကောင်းက လီလီကျွမ့်ကို အကူအညီပေးဖို့ လှမ်းခေါ်ရန် လက်တွန့်မိလေသည်။