Chapter 219 - ကျောင်းဝေကောင်း လက်ခံလိုက်ခြင်း(၂)
သို့သော် ကျောင်းရှုလန်သည် သူ့ကိုယ်သူ ဆိုးဆိုးရွားရွား မဆက်ဆံချင်ပါ။ သူမသည် ယခုအချဉ်စိမ်သည်ကို ဆီများစွာ အခြားဟင်းခတ်အမွှေးအကြိုင်များဖြင့် ကြော်ထားသောကြောင့် ယခင်ကစားခဲ့သော အချဉ်များထက် ပိုအရသာရှိနေသည်။
ဒီလို အချဉ်ကြော်တွေက တော်တော်အရသာရှိပြီး ပြောင်းဖူးမုန့်နဲ့ စားပါက စားလို့ကောင်းလှသည်။
လီလီကျွမ့်က “ဒီပြောင်းဖူးက အရမ်းပျော့နေတယ် ဗိုက်ထဲမှာ ဘယ်လိုမှတောင် မနေဘူး များများစားရမှ နေ့လည် အလုပ်လုပ်ဖို့ အားရှိမှာပေါ့
ငါတို့အိမ်မှာ တခြား ဘာစားစရာမှ မရှိဘူးလား ငါတော့ ဒါလေးပဲ စားရပြီးအလုပ်မလုပ်နိုင်ဘူးနော်”
လီလီကျွမ့်၏ အထွန့်တတ်သည်ကို ကျောင်းရှုလန်က မျက်လုံးများကို မှိတ်လိုက်ပြီး လီလီကျွမ့်အား “စားစရာက နည်းနည်းပဲရှိတာတောင် နင်ကလျှာရှည်နေလိုက်တာ
လီလီကျွမ့် နင်ရတဲ့အလုပ်မှတ်ကလေ နင့်တစ်ယောက် စားဖို့တောင်မလုံလောက်ဘူးဟဲ့
နင်စားချင်ရင်စား မစားနိုင်ရင် အလုပ်ပိုလုပ် အဲ့လိုမှမလုပ်နိုင်ရင် ပါးစပ်ပိတ်နေလိုက် “
ကျောင်းရှုလန်၏ ကဲ့ရဲ့ခြင်းကိုခံရပြီးနောက် လီလီကျွမ့်၏ မျက်နှာသည် ချက်ချင်းနီရဲလာသည်။
ကျောင်းဝေကောင်း နဲ့ စကားပြောဖို့ မားယုမိန်ကတွေးနေပြီး ကျောင်းဝေကျောင်းက ကျောင်းရှုလန်ရဲ့ မကျေနပ်မှုတွေနောက်ကိုလိုက်ပြီး လီလီကျွမ့်ကို ပြစ်တင်ရှုံ့ချကာ “ဒီရက်တွေ စားစရာတွေက ဘယ်လောက်ဈေးကြီးနေလဲသိလား။ ကောင်းကင်ပေါ်ကပြုတ်ကျလာတယ် ထင်နေတာလား ပြောင်းဖူးပဲ နပ်မှန်နေတာတောင် ကျေးဇူးတင်ဦ။
စားဖို့တော့ တတ်ကြွနေတယ် အလုပ်လုပ်ဖို့ကျ လေးလံနေလိုက်တာ မြင်မကောင်းဘူး“
လီလီကျွမ့် ဒေါသထွက်နေသော်လည်း သူမ ဘာမှမပြောဝံ့ပေ။ ကျောင်းဝေကျောင်းသည် မိသားစု၏သခင်ဖြစ်ပြီး သူမသည် မားယုမိန် မှယူဆောင်လာသော အပိုပစ္စည်းသက်သက်သာ ဖြစ်သည်။
သူမသည် ကျောင်းဝေကောင်းကို အမှန်တကယ် စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပြီး ကောင်းကောင်းမနေခဲ့ချေ။
လီလီကျွမ့်သည် ပြောင်းဖူးတစ်ပန်းကန်လုံးကို လျှာဖြင့် လျက်လိုက်သည်။ ပြောင်းဖူးစားသော်လာ်း သူမဗိုက်မဝသေးသည့်ပုံပေါ်ကာ ပါးစပ်သိမ်းလိုက်သည်။
ဗိုက်မပြည့်သေးဘူး!
ဒီလိုမျိုး နေ့တိုင်းစားရတာ စိတ်ညစ်ဖို့ကောင်းပြီး ထမင်း ဂျုံခေါက်ဆွဲနဲ့ အသားကို ဘယ်တော့မှစားရမည်မှန်း မသိချေ။
လီလီကျွမ့်သည် ကျန်းချန်း ရောက်လာသည်ကို မြင်လိုက်ရသောအခါ ကျန်းချန်းကို မကျေမနပ်ဖြင့် “ရှင် ဒီအိမ်ကိုဘာလာလုပ်တာလဲ”
ကျန်းချန်းအား လီလီကျွမ့်သည် သူမ၏ မျက်လုံးနှင့် လေသံတို့တွင် ပြင်းထန်စွာ မလာစေချင်ကြောင်း ပြသခဲ့သည်။
လီလီကျွမ့်က ကျန်းချန်းကို မတွေ့ချင်ရသည့် အကြောင်းရင်းမှာ ကျန်းချန်းသည် ကျန်း မိသားစု၏ ဆွေမျိုးတစ်ဦးဖြစ်ပြီး ပေါင်းသင်းရန် မကောင်းသောကြောင့်ဖြစ်သည်။
သူမသည် ကျန်းမိသားစုကို မကြိုက်သလို သူမရေကန်ထဲသို့ ကျသွားခဲ့ပြီး ကျန်းချန်းအား သူမကို အကူအညီတောင်းရန် တောင်းဆိုမှုကို ငြင်းဆိုခဲ့သဖြင့် လီလီကျွမ့်သည် အမြဲတမ်း အာဃာတ ထားခဲ့သည်။
ကျန်းချန်းက စိတ်မဆိုးသော်လည်း ကျောင်းရှုလန် နှင့် ကျောင်းဝေကျောင်း ကိုကြည့်ကာ “ရဲဘော် ရှုလန် နဲ့ ဦးလေး ကျောင်းကိုရှာဖို့ ရောက်လာတာပါ!”
ကျန်းချန်းသည် ကျောင်းရှုလန်ထံသို့ လာသည်ကိုမြင်လိုက်ရတော့ လီလီကျွမ့်သည် ကျောင်းရှုလန်က သူ့ကို ယခုလေးတင် ပြောထားသဖြင့် ကလဲ့စားချေရမည်ဟု တွေးကာ လီလီကျွမ့်က ကျောင်းရှုလန်အား “ကျောင်းရှုလန် နင်ကဘာလို့ လူဆိုးတွေနဲ့ ရင်းနှီးနေရတာလဲ
ဒါက ငါတို့မိသားစုကို ထိခိုက်စေမယ်ဆိုတာ နင်သိလား
အကျိုးဆက်တွေကို မစဉ်းစားဘဲ ကိုယ့်ကိုယ်ကိုဘဲ ကြည့်တာ တကယ်ကို အတ္တဆန်တာပဲ “
လီလီကျွမ့်က ပြောတဲ့အခါ မားယုမိန်က ကျောင်းရှုလန်ကို မကျေနပ်တဲ့အရိပ်အမြွက်ပြပြီး မျက်မှောင်ကြုတ်ကာ ကြည့်နေခဲ့သည်။
“ဝေကောင်း၊ ရှုလန်ကို စည်းကမ်းရှိဖို့ ဆုံးမရမယ်။ ကျွန်မတို့ လူဆိုးတွေနဲ့ သိပ်နီးစပ်လို့မရဘူး။ တစ်ခုခုဖြစ်သွားရင် ဗိုက်ထဲက ကလေးပဲထိခိုက်မှာ”
သူမအတွက် အရေးကြီးဆုံးအရာက ဘာလဲ။
သူမသည် ကောင်းမွန်သောဘဝကို ဖြတ်သန်းချင်သေးသော်လည်း ထိုမကောင်းမှုများကို မကြုံတွေ့ချင်ပေ။
ကျောင်းရှုလန်သည် မားယုမိန်နှင့် သူ့သမီးအား ဒုက္ခရောက်စေရန် မမျှော်လင့်ခဲ့ပေ။
ဒါက လီလီကျွမ့်ပင်ဖြစ်သည်။
သူမသည် ပိတ်ရက်များတွင်လည်း ဒုက္ခပေးဆဲပင်။
ကျောင်းရှုလန်သည် မျက်မှောင်ကြုတ်ကာ ကျောင်းဝေကောင်း၏ သဘောထားကို သိလိုသဖြင့် ကြည့်လိုက်သည်။