Chapter 234 - သူမအတွက်ရော?(၁)
မမျှော်လင့်ဘဲ တစ်စုံတစ်ယောက်က သူမကို ပေးသဖြင့် သူမအတိုင်းမသိပျော်လေသည်။
ထုတ်လုပ်ရေးအဖွဲ့ဆီ သွားပါက သူမကို မနာလိုဖြစ်ကြတော့မည်။
ပြီးတော့ ဒီပိုးပဝါကလည်း အရမ်းကြည့်ကောင်းလေသည်။
ထုတ်လုပ်ရေးအဖွဲ့ရှိ လူများစွာတွင် ပိုးပဝါများရှိသည်။
မားယုမိန်သည် သူ့လက်ထဲတွင် ကိုင်ထားသော အရာအား ကြည့်နေလေလေ ပိုသဘောကျလေလေဖြစ်နေသည်။
ကျန်းချန်းထံမှ ကောင်းသောအရာများကို ရပြီးနောက် မားယုမိန်သည် ပျော်လွန်းသော အမူအရာကို မထိန်းထားဘဲ ကျန်းချန်းဆီသို့ လှည့်ကာ "ကြိုက်တာပေါ့ကွယ် သားလေး မင်းကစိတ်ထားကောင်းတာပဲ!"
ကျောင်းဝေကောင်းသည် ကျန်းချန်းလို ကောင်လေးတစ်ယောက်က ဤမျှ စေ့စေ့စပ်စပ် တွေးတတ်မည်ဟု မမျှော်လင့်ခဲ့ပေ။ မားယုမိန် ကိုယ်ဝန်ရှိနေ၍ မားယုမိန်အတွက် ဂျုံနို့ဆန်ပြုတ် နှစ်ဗူးဝယ်ခဲ့သည်။
ကျောင်းဝေကောင်းက ဒီလို ဂရုစိုက်တတ်တဲ့ ကလေးနဲ့ တွေ့တဲ့အခါ ဘယ်လိုမှ ဝမ်းမသာပဲမနေနိုင်တော့ချေ။ ကျန်းချန်း နှင့် ကျန်း မိသားစုအပေါ်ထားရှိသော သဘောထားမှာလည်း ပို၍အခြေအနေကောင်းလွန်းလာသည်။
လူတိုင်းအတွက် လက်ဆောင်များ ပေးပြီးနောက် ကျန်းချန်းသည် မြို့မှ သူဝယ်သော အစားအစာ ဝက်နှစ်ပေါင်နှင့် ကြက်ဥအလုံးနှစ်ဆယ်ကို ထုတ်ယူလိုက်သည်။
ကျန်းချန်းသည် မားယုမိန်ကို လက်ဆောင်ပေးသည်ကိုမြင်တော့ လီလီကျွမ့်က ကျန်းချန်း သူမကို လက်ဆောင်ပေးမည်ဟု ထင်ခဲ့သည်။ အချိန်အကြာကြီးစောင့်ဆိုင်းပြီးနောက် ကျန်းချန်းသည် သူမအတွက် လက်ဆောင်မပါသည်ကို သတိထားမိသွားလေသည်။
လီလီကျွမ့်က မျက်မှောင်ကြုတ်ပြီး ကျန်းချန်းကို မကျေမနပ်မျက်နှာဖြင့် "ကျွန်မအတွက်ရော?"
ကျောင်းရှုလန်က ရယ်စရာလို့ထင်ပြီး မျက်ခုံးပင့်ကာ လီလီကျွမ့်အား "နင်ဘာပြောတာလဲ"
"ငါ့အတွက်လက်ဆောင်ရော ကျန်းချန်းက ဦးလေးကျောင်းနဲ့ အမေအတွက်ရယ် နင်တို့ညီအမနှစ်ယောက်အတွက်ရယ် ပေးပြီး ငါ့ကိုမပေးသေးလို့လေ" ကျန်းချန်းက သူမကို လက်ဆောင်မပေးရသေးသည်ဟု ထင်နေကာ လီလီကျွမ့်က ယုံကြည်မှုအပြည့်ဖြင့် တောင်းနေပြီး ပုံစံမှာ သူ့အကြွေးအားယူထားသလိုပင်။
လီလီကျွမ့်က အလွန်မိုက်မဲသည်ကို မြင်လိုက်ရပြီး သူများမပေးသည့် လက်ဆောင်ကိုအတင်းတောင်းသဖြင့် ရလိုက်သည်က ကျောင်းရှုလန်၏ ကြိမ်ဖန်များစွာ ကဲ့ရဲ့ခြင်းပင်။
လက်ဆောင်လိုချင်တာလား။
မဖြစ်နိုင်တာ!
မူလပိုင်ရှင်ကို လီလီကျွမ့် ဘယ်လိုအနိုင်ကျင့်ခဲ့သလဲဆိုတာ သူမမေ့သွားမှာကို စိုးရိမ်မိသည်။
တစ်ချို့လူတွေက တကယ်ကို အသိပညာမရှိကြသလို ဘာမဆိုလုပ်နိုင်လောက်အောင် အရေထူကြသည်။
ကျောင်းရှုလန်က လီလီကျွမ့် ကို ပေါ့ပေါ့ပါးပါး ပြန်ပြောကာ "နင့်အတွက် လက်ဆောင်မပြင်ထားမိလို့ ပေးစရာမရှိဘူး!"
လီလီကျွမ့်သည် ချက်ချင်းပင် ဒေါသများထွက်ကာ ကျောင်းရှုလန်အား ဒေါသတကြီးဖြင့် "ဘာလို့ ငါ့အတွက် လက်ဆောင်တွေ မပြင်ထားရတာလဲ။ နင့်အတွက်တောင်ပါသေးတာ ငါ့အတွက်ရော ဘာလို့မပါတာလဲ"
"လီလီကျွမ့် အပြင်လောက ကလေ အကုန်လုံးဈေးကြီးတယ်။ ကျန်းချန်းက ငါတို့မိသားစုအတွက်ဒီလောက်ဝယ်ထားပေးရတာ ပိုက်ဆံကုန်သွားလို့ နင့်အတွက်မပါတော့တာပေါ့ဟ"
လီလီကျွမ့်သည် ကျောင်းရှုလန်၏ စကားမှာ ဆင်ခြေတစ်ခုဖြစ်ကြောင်း သိသည်။ ကျန်းချန်းသည် ပစ္စည်းများစွာကို ၀ယ်နိုင်သောကြောင့် သူအလွန်ချမ်းသာကြောင်း တွေးနေစရာမလိုပေ။ အဲ့လိုလူက ပိုက်ဆံကုန်သွားတာ ဖြစ်နိုင်မည်မဟုတ်ပေ။
ကြားထဲကနေ ကျန်းချန်း သူ့ကို လက်ဆောင်တွေပေးဖို့ တားသည်က ကျောင်းရှုလန်ပဲ ဖြစ်လေမည်။
လီလီကျွမ့် ဒေါသထွက်ပြီး ကျောင်းရှုလန်ကို စိတ်ဆိုးသည့်ပုံစံပြကာ "ကျောင်းရှုလန် လူယုတ်မာမ ကျန်းချန်းငါ့အတွက် မဝယ်ပေးအောင် နင်မွှေတာမလား မကောင်းတဲ့ဟာမ
နင်တို့မှာ လက်ဆောင်ရှိပြီး ငါ့မှာတော့မရှိဘူး အဲ့တာနင်ငါ့ကို သက်သက်အနိုင်ကျင့်တာမလား "
လီလီကျွမ့်သည် စကားပြောလေလေ သူမ ပို၍ ဝမ်းနည်းလေလေဖြစ်သည်။
ကျန်းချန်း ပေးသော လက်ဆောင်များသည် ကောင်းမွန်သောအရာများဖြစ်သည်။ သူမလည်း Vanishing cream နှင့် ပိုးပဝါများကို လိုချင်သည်။
ကျောင်းရှုလန်သာ မနှောင့်ယှက်ခဲ့ပါက ကျန်းချန်း သူမအတွက်လည်း ဝယ်ပေးလိမ့်မည်။
ဒီနေ့ ကျောင်းရှုလန်ကို ကောင်းကောင်းပေးချင်ပြီး ကျောင်းရှုလန်၏ မျက်နှာကို စုတ်ဖြဲလိုက်ချင်သည်။