Chapter 205 - မိတ်ဆွေဟောင်းကြီး(၁)
ကျန်းချန်းက ပြုံးပြီး “ဘယ်ကသာ ငါအိမ်ထောင်မပြုရသေးဘူးကွ”
“ဒါဆိုမင်းရဲ့ ဆိုင်ရာပိုင်ရာလား” ချန်ဟုန်ဝိန်က ပြုံးပြုံးလေး ပြောလိုက်သည် ။
ကျန်းချန်းက ရှက်ကိုးရှက်ကန်းဖြင့် ထပ်မံရှင်းပြသည် “ဘိုးတော် ဒါငါ့ရဲ့ သူငယ်ချင်းဟ”
ချန်ဟုန်ဝိန်က ကျန်းချန်းကို အားနာစွာ ကြည့်ပြီး ကျောင်းရှုလန်အား “အားနာလိုက်တာဗျာ သူနဲ့ဟိုလိုဒီလိုဆက်ဆံရေးထင်လို့!”
ကျန်းချန်းက တစ်မျိုးတွေးနေပေမယ့် သူလုပ်လိုက်တာနဲ့ ကျောင်းရှုလန်က သဘောတူနိုင်မလားဆိုတာ မသိသေးချေ။
ထိုအချိန်တွင် ချန်ဟုန်ဝိန်၏မိန်းမ ကျန်းဟုန်မိန်သည် သကြားညိုရေ နှစ်ခွက်ကိုကိုင်ကာ ကျောင်းရှုလန် နှင့် ကျန်းချန်းတို့ကို နှုတ်ဆက်ပြီး “ရေအရင်သောက်ကြပါဦး လမ်းလျှောက်ရတာ ပင်ပန်းနေလောက်ရေပေါ့”
“ကျေးဇူးတင်ပါတယ် ညီမလေး!”
ကျန်းချန်း နှင့် ကျောင်းရှုလန်တို့သည် သကြားညိုရေကို ယူ၍ သောက်ကြသည်။
သူတို့ရေငတ်နေကြသဖြင့် အားမနာနိုင်ကြတော့ပေ။
ချန်ဟုန်ဝိန်က ကျန်းဟုန်မိန်ကို “ဟုန်မိန် မြန်မြန် ထမင်းလေးချက်ပါဦး မိတ်ဆွေကြီးက ရှားရှားပါးပါး ရောက်ချလာတာ ဧည့်ခံရအောင်လို့”
ကျန်းချန်းက “ညီမ ရပါတယ် အဆင်ပြေတာသာလုပ် အားမနာနေနဲ့”
ချန်ဟုန်ဝိန်က ကျန်းချန်းကို မျက်နှာတည့်တည့် စိုက်ကြည့်ပြီး “ဘာတွေပြောနေတာလဲ မင်းလာတုန်းလေးကို ကောင်းကောင်းဧည့်ခံပေးရမှာပေါ့ ငါ့ကောင်ရ”
ကျန်းဟုန်မိန်က ပြုံးပြီးပြောတယ် “ဟုတ်တယ် ဒါရှားရှားပါးပါးလာတာဆိုတော့ အကောင်းဆုံး ဧည့်ခံရမှာပေါ့ရှင့်
ဒီလအတွက် အသားလက်မှတ်က ကုန်သွားလို့ အသားဟင်းတော့ချက်လို့ မရလောက်တော့ဘူး
ကြက်ဥနည်းနည်းတော့ ကျန်သေးတယ် “
ကျန်းဟုန်မိန်က ဟင်းချက်ရန် မီးဖိုချောင်သို့ သွားခဲ့သည်။
ကျန်းချန်းက သူ့ကို တားချင်ပေမယ့် တားလို့မရချေ။
“ကဲပါ အားနာလုံးဆို့မနေပါနဲ့ မင်းငါ့အိမ်ကို ပစ္စည်းတွေအများကြီး ယူလာပေးတာပဲဟာကို”
ချန်ဟုန်ဝိန်က ကျန်းချန်း ပခုံးကို ပုတ်ပြီး သက်ပြင်းချလိုက်တယ်။
ကျောင်းရှုလန်သည် သူမဘေးတွင်ထိုင်နေသော လူကြီးနှစ်ယောက်နှင့် လေကြောမပြတ်သည်ကိုတွေ့သဖြင့် သူမသည် မီးဖိုချောင်သို့သွားကာ ကျန်းဟုန်မိန် ချက်ပြုတ်ကူညီပေးခဲ့သည်။
ကျန်းဟုန်မိန်က ကျောင်းရှုလန် လာတာကိုမြင်တော့ “ညီမလေး ဘာလို့လဲ ဧည့်သည်ဆိုတော့ မကူညီပေးပါနဲ့ ထိုင်နေတာမဟုတ်ဘူး မမ ချက်မှာပေါ့ ”
“ရပါတယ် သူတို့က လေကြောမပြတ်ပဲ ညီမလည်းဝင်ပြောလို့ မရတော့ မမနဲ့စကားပြောချင်လို့ လာလိုက်တာ”
ကျောင်းရှုလန် ပြောတာကိုမြင်တော့ ကျန်းဟုန်မိန် က ခေါင်းညိတ်လိုက်၏။
အမှန်တော့ တစ်ယောက်တည်းထိုင်ရတာ ပျင်းစရာကောင်းပြီး စကားပြောဖော်လိုချင်သည်မှာ အမျိုးသမီးတိုင်းလိုပင်။
ကျန်းဟုန်မိန်၏ မိသားစုသည် အဒေါ်ချန်နှင့် တူပြီး ချက်ပြုတ်ရန်အတွက် ကျောက်မီးသွေးမီးဖိုများကို အသုံးပြုကြသည်။
ဟင်းသီးဟင်းရွက်များကို ယနေ့နံနက်တွင် ကျန်းဟုန်မိန်မှ ဝယ်ယူခဲ့သဖြင့် လတ်လတ်ဆတ်ဆတ်ရှိနေဆဲပင်။
ကြက်သွန်မြိတ်၊ ပဲ၊ ဟင်းနုနွယ်ရွက်၊ အာလူး၊ ငရုတ်သီးစိမ်း၊ ဂေါ်ဖီထုပ် စသည်တို့ကိုလည်း ဝယ်လာသေးသည်။
ကျန်းဟုန်မိန်က ကျန်းချန်း ဒီနေ့ရောက်လာတာကို စဉ်းစားပြီး ကြက်ဥကျန်သည်ဖြင့်သာ ဧည့်ခံရသဖြင့် သိပ်ဘဝင်မကျချေ။
ကျန်းဟုန်မိန်က ကြက်သွန်မြိတ်တစ်ပန်းကန်၊ ဟင်းနုနွယ်ရွက်တစ်ပန်းကန်၊ ကြာဇံဂေါ်ဖီပြုတ်နှင့် ငရုတ်သီးစိမ်းပါတဲ့ အာလူးကြော်တစ်ခွက် အပြင်
ကြက်ဥကို ငရုတ်သီးစိမ်းနဲ့ တွဲကြော်ပြီး ထမင်းနဲ့ စားရန် ဟင်းတစ်မယ် အနေဖြင့် အမျိုးပေါင်းများစွာကို ချက်ထားလေသည်။
အဓိက အစားအစာအနေဖြင့် မိသားစုတွင် အစေ့အဆန်များ အပြည့်ရှိသည်။ ကျန်းချန်းက တစ်ခုခု ယူလာပြီး ကျန်းဟုန်မိန်က ကျန်းချန်း ယူလာတဲ့ ဂျုံမှုန့်နဲ့ ခေါက်ဆွဲကို နယ်လိုက်သည်။
ယနေ့ခေတ်တွင် သန့်စင်ထားသော အစေ့အဆန်များ ရှားပါးလာပြီး ဂျုံခေါက်ဆွဲများလည်း ရှားပါးလာပါသည်။
ဤကဲ့သို့ ကောင်းသော အရာများကို ရလိုက်ရုံဖြင့် ကျန်းဟုန်မိန်သည် ကျန်းချန်း နှင့် ကျောင်းရှုလန် ကို ဧည့်ခံရန် ဟင်းအမယ်ဆန်းများကို စဉ်းစားမိလေသည်။
အသားဟင်းများမရှိသောကြောင့် ကျန်းဟုန်မိန်သည် ဟင်းချက်ရာတွင် ဆီအနည်းငယ်ပိုထည့်ထားပြီး ဆီကျန်ရေကျန်ပုံစံချက်ထားသည်။