Chapter 215 - လုလန်လန် တောင်းပန်ခြင်း(၂)
အခု ကျောင်းရှုလန်က သူတို့ကို ဒီလောက် အဖိုးတန်တဲ့ ပစ္စည်းတွေ ပေးတော့မှာလား။
ကျောင်းရှုလန် ဘယ်ကရလာမှန်း မသိပေမယ့် ဒီနေ့ခေတ်မှာတော့ လူတိုင်းမှာ ကိုယ်ပိုင်နည်းလမ်းရှိကြသည်။
သူမ ဘယ်လိုရသွားလဲ မမေးကြပေမယ့် လုလန်လန်ကတော့ ဒီတန်ဖိုးကြီးတဲ့အရာတွေကို လက်ခံဖို့ နည်းနည်း အားနာနေခဲ့သည်။
"ဘာလို့ပေးတာလဲ။ မလိုချင်ပါဘူး ဒီလောက်ဈေးကြီးတာကို။ နင်ပဲပြန်ယူထားလိုက်နော်!" လုလန်လန်က လိုချင်သော်လည်း အခွင့်အရေးယူသလို မဖြစ်စေချင်ပေ။
ကျောင်းရှုလန်က လုလန်လန်ရဲ့ လက်ထဲကို ထည့်လိုက်ပြီး "ငါတို့သူငယ်ချင်းတွေဖြစ်နေပြီလို့ပြောပြီး နင်ကျတော့ပေးတာ ငါပေးတဲ့လက်ဆောင်ကျတော့ လက်မခံဘူး
ငါ့အတွက်လည်း ရှိတာပေါ့ အဲ့တာမလို့ နင့်ကိုပေးတာ
အခုနေကလည်း သေအောင်ပူတာ သိတဲ့အတိုင်းပဲ အဲ့တောကွာ ညပြန်လာရင် လိမ်းလိုက် အသားအရည်လည်းထိန်းပြီးသား ဖြစ်သွားတာပေါ့“
ကျောင်းရှုလန်က ဒီလိုပြောတဲ့အခါ လုလန်လန်က ငြင်းဖို့ တွေဝေသွားသည်။
ကျောင်းရှုလန်က သူမအပေါ် အားနာနေသည့်အတွက် ထိုသို့ပြောလိုက်သဖြင့် လုလန်လန်က ခေါင်းညိတ်ပြီး "ကောင်းပြီ ဒါဆို ငါလက်ခံလိုက်မယ်။
နင်က အရမ်းသဘောကောင်းတာပဲ နောက်လည်း သူငယ်ချင်း အကြာကြီးဖြစ်သွားရအောင် “
ဤစကားများသည် လုလန်လန်၏ နှလုံးသားမှ ထွက်လာခြင်းဖြစ်၏။
လူတွေကြားထဲမှာ အပြန်အလှန် ဆက်ဆံရေးတစ်ခုရှိသည်။ ထိုကား ကိုယ့်အပေါ် ကောင်သူအား ပြန်ကောင်းကြပြီး ကိုယ့်အပေါ်ဆိုးသူအား ပြန်ဆိုးကြသည်။
ကျောင်းရှုလန်က သူမကို အဖိုးတန်သောအရာကို ပေးခဲ့ပြီး နောင်တွင် သူမ၌ ကောင်းသောအရာများ ရှိနေပါက သေချာပေါက် မျှဝေပေးလိမ့်မည်။
ညစာစားပြီးရင် မှောင်နေပြီ။
ကျောင်းရှုလန်က သူမ၏ ဗိုက်ကို ထိလိုက်လေသည်။ ဒီနေ့တကယ် အများကြီးစားခဲ့ရပြီး အူများမှ တအား အစာချေပေးနေရသည်။
ဝမ်ရှုယင်က ဟင်းအများကြီး ထည့်ပေးမည်ကို ကြောက်သဖြင့် သူမ၏ပန်းကန်ထဲသို့ အသီးအရွက်များ သူကိုယ်တိုင် ထည့်လိုက်သည်။ ကျောင်းရှုလန်က ငြင်းချင်ပေမဲ့ ငြင်းလို့မရတာကြောင့် အောင့်အီးကာ စားလိုက်ရသည်။
အိမ်ပြန်လမ်းမျာ ကျန်းချန်း "ရဲဘော် ရှုလန် မင်းကို ပြန်လိုက်ပို့ပေးမယ် မှောင်နေတော့ တစ်ယောက်ထဲ စိတ်မချရဘူး"
"ရပါတယ် ကိုယ့်ဟာကို ပြန်လိုက်ပါမယ်!"
"ကိုယ်က စိတ်ပူလို့ဟာကို မငြင်းပါနဲ့ကွာ ပြီးတော့ မင်းက မိန်းကလေး တကယ်စိုးရိမ်ရတာ”
ကျန်းချန်းက သူ့ကိုယ် ဂရုစိုက်တာကို မြင်လိုက်ရတော့ ကျောင်းရှုလန်ရဲ့ စိတ်ဓာတ်က ပိုလို့တောင် ကျသွားတော့သည်။
သူ့အပေါ်ထားတဲ့ သူ့ရဲ့ကြင်နာမှုက တခြားဘာကြောင့်မှမဟုတ်ဘဲ သူငယ်ချင်းလိုတွေး၍ စိုးရိမ်ခြင်း ဖြစ်နိုင်သည်။
သို့သော်လည်း ကျောင်းရှုလန်က ကျန်းချန် ၏ စိုးရိမ်မှုကို သဘောကျပြီး ကျန်းချန်းက သူမကို ကောင်းမွန်စွာဆက်ဆံနေဦးမည်ဟု မျှော်လင့်ထားသည်။
ကျန်းချန်းက သူ့မှာ သူကြိုက်တဲ့လူ ရှိတယ်လို့ ပြောတဲ့အခါ ကျောင်းရှုလန်ရဲ့ နှလုံးသားထဲက ထင်ယောင်ထင်မှားတွေကိုပဲ သဘောပေါက်သွားစေလေသည်။
ကျောင်းရှုလန်က ကျန်းချန်း သူ့ကို ပြန်လိုက်ပို့ပေးရန်ကလွဲ၍ ရွေးချယ်စရာမရှိတော့ချေ။
နှစ်ယောက်သား ဘေးချင်းကပ် လျှောက်လာရင်း ကောင်းကင်က အနည်းငယ် မှောင်နေတော့ လမ်းကို မမြင်နိုင်။
ကျောင်းရှုလန်က ဂရုမစိုက်ဘဲ သူမ၏ခြေရင်းအောက်တွင် သစ်ပင်ငုတ်တိုအား ခလုတ်တိုက်မိကာ တစ်ကိုယ်လုံးကို ရှေ့သို့ ပြုတ်ကျတော့သည်။
ကံကောင်းထောက်မစွာဖြင့် ကျန်းချန်းက လျင်မြန်စွာ ကျောင်းရှုလန် ကို ထိန်းနိုင်ခဲ့သည်။
ကျောင်းရှုလန်က ကျန်းချန်း၏ လက်ထဲသို့ မရုန်းနိုင်ဘဲ လဲကျသွားခဲ့သည်။
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်လိုက်ကြပြီး မသဲကွဲသော ခံစားမှုတစ်ခု ထွက်ပေါ်လာကြသည်။
ကျောင်းရှုလန်က ကျန်းချန်း ၏ ရင်ခွင်ထဲတွင် စက္ကန့်အနည်းငယ်ကြာ နှစ်မြှုပ်ခဲ့ပြီး ကျန်းချန်း၏ ပွေ့ဖက်မှုမှ လျင်မြန်စွာ ထွက်လေတော့သည်။
"အကိုကျန်းချန်း ကျေးဇူးတင်ပါတယ်!"
ကျောင်းရှုလန်ရဲ့ဆံပင်ကြားက မွှေးရနံ့ကို သင်းသင်းရနံ့ရလိုက်သဖြင့် ကျန်းချန်းက ခဏတာ အတွေးနယ်လွန်သွားလေသည်။
အချိန်အကြာကြီး ပွေ့ဖက်ထားခဲ့သော ကျောင်းရှုလန်အား လွှတ်ပေးလိုက်ရခြင်းမှာ ဝမ်းနည်းစရာဖြစ်ပြီး ကျန်းချန်း ထိုအရာကို အနည်းငယ် လွမ်းဆွတ်နေမိသည်။
"ရဲဘော်ရှုလန် ရပါတယ်ဗျာ!"
"မြန်မြန်သွားရအောင် ကျွန်မကို ပြန်ပို့ပြီးရင် ရှင်လည်း နားရဦးမယ်ဆိုတော့!" ကျောင်းရှုလန်က ရှက်ကိုးရှက်ကန်းနဲ့ ပြောပြီး ရှေ့ကို တစ်ယောက်တည်း လျှောက်သွား၏။
အခုမှ ဖြစ်ပျက်ခဲ့တာက ကျောင်းရှုလန်ရဲ့ မျက်နှာကို ပူထူသွားစေပေမယ့် ကံကောင်းလွန်းသည်က ညဘက်ဖြစ်၍ သူမရဲ့ နီရဲနေတဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရခဲ့ချေ။