Chapter 211 - လုလန်လန်ဝိတ်ကျချင်လာတယ်(၃)
“လန်လန် မှန်တယ် ကိုယ်ကခေါင်းဆောင်ဖြစ်နေတော့ တစ်ခုခုဆို အဲ့လိုပဲထင်ကြမှာ အဲ့တော့ လန်လန် ပြောတဲ့အတိုင်း သူ့ကို ဆက်ပြီး လုပ်ခွင့်ပေးလိုက်ပါ။” လုကျင်းရှန်းက နောက်ဆုံးတွင် လုလန်လန်ကို ခွင့်ပြုရန် ဆုံးဖြတ်ခဲ့သည်။လုလန်လန် ပြောသောစကားသည် အဓိပ္ပါယ်ရှိသောကြောင့်ဖြစ်နိုင်သည်။
ဝမ်ရှုယင်က သူ့သမီးအတွက် သနားပေမယ့် သဘောတူလိုက်ရတော့သည်။
ဝမ်ရှုယင်က ခေါင်းညိတ်လိုက်ပြီး “လန်လန် သမီးက ကြိုးစားနေလို့ မေမေက သမီးအားရှိအောင် နေ့တိုင်း ကောင်းတာတွေချက်ကျွေးမယ်နော် “
ဝမ်ရှုယင်ရဲ့ စကားကို နားထောင်ပြီးနောက် ဘာပြောရမှန်းကို မသိတော့ချေ။
သူမရဲ့ ရည်ရွယ်ချက်က ကိုယ်အလေးချိန် လျှော့ချဖို့ဖြစ်ပြီး သူမကို ပိုစားခိုင်းတော့မည်။ အဲ့လိုစားနေပါက သူမဝိတ်ကျဖို့က ဝေလာဝေးပင်။
“မေမေ မစားချင်ဘူး ဝိတ်ကျချင်တာပါဆို ရတယ် သမီးကြည့်လုပ်မယ် အထိခိုက်တော့မခံပါဘူး သေချာလုပ်မှာပေါ့”
လုလန်လန်က သေတဲ့အထိ ကိုယ်အလေးချိန်ချဖို့ စိတ်ပိုင်းဖြတ်ပြီး၍ ခေါင်းမာမာနဲ့ ပြောလိုက်သည်။
ဝမ်ရှုယင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး “သမီး ဘယ်လိုဖြစ်လို့ အဲ့လောက်ဝိတ်ချချင်နေတာတုန်း ဝတာဘယ်လောက်ကံကောင်းလိုက်လဲ”
လုလန်လန်က ဘာမှမပြောဘဲ သူ့အမေ ဘာပဲပြောပြော ကိုယ်အလေးချိန် လျှော့ချချင်သည်။
အရသာရှိသော အစားအစာကို စားခြင်းသည် ခဏတာသာ ကျေနပ်စေရုံပြီး ခန္ဓာကိုယ်ကို အချိန်တိုင်းမြင်နေရပါက အဆင်မပြေပင်။
ဝမ်ရှုယင်က အလုပ်ရှုပ်နေပြီး မေ့နေသဖြင့် ကျောင်းရှုလန် နှင့် ကျန်းချန်းကို ညစာစားရန် ပြောလိုက်ရ၏။
အစားအသောက်တွေ စားပွဲပေါ်တင်ကာ ဝမ်ရှုယင်က ပြုံးပြီး ကျန်းချန်း နဲ့ ကျောင်းရှုလန် ကို “စားကြနော် အားရပါရ ညစာစားချိန်တောင်ရောက်နေကြပြီ!”
ကျန်းချန်း နှင့် ကျောင်းရှုလန်တို့သည် စားပွဲတွင် ထိုင်လိုက်ပြီး ဝမ်ရှုယင်က သူတို့အတွက် စေတနာများစွာဖြင့် ပြင်ဆင်ထားကြောင်း တွေ့လိုက်ရသည်။
အထူးသဖြင့် ဧည့်ဝတ်ကျေချင်သည့်အတွက် ဤကြက်ကြီးကို ယခုနှစ်တွင် စားရန် သတ်လိုသော ဆန္ဒရှိပေသည်။
ဤတစ်ကြိမ်တွင် ကျန်းချန်းက စိုက်ပျိုးထုတ်လုပ်ရေးအဖွဲ့အား လယ်ယာသုံးကိရိယာအမြောက်အမြားဝယ်ယူရန် ကူညီပေးခဲ့ပြီး အရေးကြီးသောကိစ္စကို ဖြေရှင်းခဲ့သည်။ လုကျင်ရှန်းက သူ့ကို အရမ်းဧည့်ဝတ်ကျေလိုသည်မှာ အဆန်းမဟုတ်ပေ။
“ဒီနေရာကို ကိုယ့်အိမ် ကိုယ့်ယာလို သတ်မှတ်ပြီးများများစားနော်”
ဝမ်ရှုယင်က ကျန်းချန်း နှင့် ကျောင်းရှုလန်ကို ကြက်ခြေထောက်ကြီးတစ်ချောင်း ပေးလိုက်သည်။
ကျောင်းရှုလန်ရော ကျန်းချန်းရော ဝမ်ရှုယင် ရဲ့ ကြင်နာမှုကို ငြင်းပယ်ခြင်းမရှိပါပေ။
“ကျေးဇူးတင်ပါတယ် အန်တီ!”
“ရပါတယ် စားကြ အန်တီ့ရဲ့ လက်ရာကောင်းလေးကို”
ဝမ်ရှုယင် စကားပြောပြီးသည့်နောက် သူမသည် ကြက်တောင်ပံတစ်ပိုင်းကို ယူပြီး လုလန်လန်အား “လန်လန် ဒီနေ့ ကြက်ခြေထောက် မစားဘဲ ကြက်တောင်ပံစားရအောင် အရသာလုံးဝကောင်းတယ် စားကြည့်လိုက်!”
မူလက အိမ်မှာ ကြက်သားစားတဲ့အခါ လုလန်လန်အတွက် ကြက်ခြေထောက် အမြဲဖယ်ထားပေးရသည်။ ဒီနေ့သူတို့က ကျောင်းရှုလန် နှင့် ကျန်းချန်း ကို အဓိက ဧည့်ခံသည်ဖြစ်၍ လုလန်လန်အတွက် ကြက်တောင်ပံကိုသာကျွေးလိုက်သည်။
ကြက်တောင်ပံများကို လုလန်လန် ၏ပန်းကန်ထဲသို့ထည့်ထားသဖြင့် လုလန်လန်က ဝမ်ရှုယင်၏ ပန်းကန်ထဲသို့ပြန်ထည့်ကာ “မေမေပဲ စား သမီးမစားဘူး!”
ဝမ်ရှုယင် ခဏတာ အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်ကာ “လန်လန် ဘာလို့မစားတာလဲ? ကြက်တောင်ပံတွေကို မကြိုက်လို့လား”
ဝမ်ရှုယင်က လုလန်လန် ကြက်သားမစားသည့်အတွက် အံ့ဩမိသွားလေသည်။
“မေမေ မစားဘူး ကန်စွမ်းဥပဲစားမှာ ဝိတ်ချမယ်လို့ ပြောထားတယ်လေမေမေရာ!”
လုလန်လန်က သူ့သွားတွေကို အံကျိတ်ပြီး သည်းခံနေရကြောင်း သူမကိုယ်တိုင်သာ သိသည်။
ဒါပေမယ့် ကိုယ်အလေးချိန်ချဖို့ စိတ်ပိုင်းဖြတ်ထားတာကြောင့် အဲဒါကို ကျော်လွှားရမည်သာ မဟုတ်ရင် ဒီအဆီတွေကို ဘယ်လိုချနိုင်မည်နည်။
သူမ ကိုယ်အလေးချိန် လျော့သွားသည်ကို လီလီကျွမ့် မြင်စေချင်သည်။
“သမီးရယ်” ဝမ်ရှုယင်က သူမမျက်နှာပေါ်တွင် မပျော်မရွှင်အမူအရာဖြင့် သက်ပြင်းချလိုက်သည်။
“ေမေမရယ် ဖေဖေရယ် အကိုရယ်ပဲစားတော့ ပြီးတော့ သူရဲကောင်းကြီး ကျန်းချန်းနဲ့ ကျောင်းရှုလန်ကိုသာ ပိုကျွေးပါ”