Chapter 208 - သူရဲကောင်း(၂)
ကျောင်းရှုလန်၏စကားများသည် လုကျင်ရှန်းအား ကျောင်းရှုလန်ကို ပို၍ပင်တန်ဖိုးထားစေသည်။
ဤကလေးသည် ဉာဏ်ရည်ထက်မြက်ပြီး လက်တွေ့ကျပြီး စွမ်းဆောင်နိုင်သည်၊ အခက်အခဲ သို့မဟုတ် ပင်ပန်းနွမ်းနယ်မှုကို မကြောက်ဘဲ ထုတ်လုပ်ရေးအဖွဲ့၏ မျိုးဆက်သစ်လူငယ်များကြားတွင် ထိပ်တန်းဟု သတ်မှတ်ခံရပါသည်။
အထူးသဖြင့် လီလီကျွမ့်တို့နှင့် နှိုင်းယှဉ်ကြည့်လျှင် သူမသည် တစ်ကယ့်ကို ကောင်းကင်တစ်ခုနှင့် မြေကြီး တစ်ခုလို အကွာကြီးပင်။
လီလီကျွမ့်က ပျင်းရိပြီး သူမသည် အလုပ်တွင် ဘယ်သောအခါမှ တက်ကြွမှုမရှိခဲ့ဘဲ ကျောင်းရှုလန် ကိုကြည့်ကာ ကျောင်းဝေကောင်းအား မဟုတ်မမှန် ချွန်ခဲ့လေသည်။ ဖခင်တစ်ဦးသည် သူ၏ ပျင်းရိသော မယားပါသမီးကို မျက်နှာသာမပေးဘဲ သူ့သမီးကိုသာ ကာကွယ်ပေးရပေမည်။
ထိုအခါ လုကျင်ရှန်းက အဘယ်ကြောင့် ကျောင်းရှုလန်ကို အဘယ်ကြောင့် သူ့သားသဘောကျသည်ကို နောက်ဆုံး နားလည်လာခဲ့သည်။
တကယ်ကို မြင်တတ်ပေသည်။
ယခု ကျောင်းရှုလန်က သူ၏ သားအရွယ်နှင့်လည်း လိုက်ဖက်သော အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
နောက်ပိုင်းတွင် သူသည် သူ့ချစ်ဇနီး ဝမ်ရှုယင် နှင့် စကားပြောပြီး ကလေးနှစ်ယောက်၏ အိမ်ထောင်ရေးကို ဆွေးနွေးရတော့ပေမည်။
ကျောင်းရှုလန်က သဘောတူခဲ့ပါက လုမိသားစုက ကျိန်းသေလက်ထပ်ပေးလေမည်။
ကျန်းချန်းမှမြို့သို့ လယ်ယာသုံးကိရိယာများဝယ်ယူရန် ခရီးစဉ်နှင့်ပတ်သက်၍ လုကျင်ရှန်းက ထုတ်လုပ်ရေးအဖွဲ့အား ရည်ရွယ်ချက်ရှိရှိ ပြောဆိုခဲ့သည်။
လုကျွမ်း ထုတ်လုပ်ရေးအဖွဲ့တစ်ခုလုံးအတွက် ကျန်းချန်းသည် ကျေးဇူးရှင်ပင်။
ကျန်းချန်းက ထုတ်လုပ်ရေးအဖွဲ့နှင့် ဘာမှမဆိုင်သော်လည်း ကူညီပေးခဲ့သဖြင့် မျက်နှာသာ ရသွားလေသည်။
လူတိုင်းက ထိုသို့မကူညီနိုင်ပေ။ ကျန်းချန်းမှ ဝယ်ယူသော လယ်ယာသုံးကိရိယာများစွာမရှိပါက ရိတ်သိမ်းမှု မပြီးနိုင်သည့်အပြင် ဝေရန်လည်း မလုံလောက်နိုင်ချေ။
သူသည် စားစရာမလုံလောက်သဖြင့် လူမျငတ်သေသွားမည်ကို စိတ်ပူလေသည်။
ကျန်းချန်း၏ လယ်ယာသုံးကိရိယာများဝယ်ယူခြင်းသည် ထုတ်လုပ်မှုအဖွဲ့အား စပါးရိတ်သိမ်းခြင်းကို ပြီးမြောက်အောင် ကူညီရုံသာမက အသက်များကိုကယ်တင်ပေးသလိုပင်။
ကျန်းချန်း နှင့် ကျန်းမိသားစုအပေါ် မလိုမုန်းထားသူများသည် သူ၏လုပ်ရပ်ကြောင့် စိတ်ကွက်နေသည်က ပြေလျော့သွားပြီး ကျန်းချန်းနှင့် စကားပြောရန် ကြိုးစားခဲ့ကြသည်။
ထုတ်လုပ်ရေးအဖွဲ့ကလူတွေသည် ကျန်းမိသားစုအပေါ် ပိုကောင်းကောင်းဆက်ဆံလာသည်ကို တွေ့သည့်အခါ ကျန်းချန်းက သူသုံးတဲ့ပိုက်ဆံနဲ့ လက်မှတ်တွေက အရမ်းသုံးရတန်သည်ဟု ရုတ်တရက် ခံစားလိုက်ရတယ်။ သူသည် ထုတ်လုပ်မှုအဖွဲ့၏ အကျပ်အတည်းကိုဖြေရှင်းရန် ကူညီခဲ့ပြီး အနာဂတ်တွင် ထုတ်လုပ်ရေးအဖွဲ့ရှိ ကျန်းမိသားစု၏အခြေအနေကို ပိုအဆင်ပြေစေခဲ့သည်။
လုကျင်းရှန်း၏ဂရုစိုက်မှုဖြင့် ထုတ်လုပ်ရေးအဖွဲ့သည် ကျန်းမိသားစုအပေါ် မလိုမုန်းထားမှုနည်းပါးမည်ဖြစ်ပြီး ကျန်းမိသားစု၏ဘဝသည် ယခင်ကဲ့သို့ခက်ခဲမည်မဟုတ်ပေ။
စိုက်ပျိုးရေးကိရိယာအသစ်ကို သုံးပြီးနောက် စပါးရိတ်သိမ်းသည်မှာ အလွန်တိုးတက်ကောင်းမွန်လာပါသည်။
လူတိုင်းက အပြေးအလွှားကြိုးစားနေကြပြီ တစ်ယောက်မှ မပြင်းကြပေ။
နေဝင်ချိန်မှာတော့ အားလုံးပြန်သွားကြလေသည်။
ကျောင်းရှုလန်သည် ပင်ပန်းနွမ်းနယ်ပြီး ချွေးထွက်များနေပြီမို့ ရေချိုးရန် ပြန်သွားခဲ့သည်။
လုကျင်းရှန်း၏ စကားကြောင့် ဝမ်ရှုယင်က အထူးအရသာရှိသော အစားအစာကို ပြုလုပ်ခဲ့သည်။
ဝမ်ရှုယင်က တရုတ်နှစ်သစ်ကူးအတွက် သူမအိမ်တွင်ထားခဲ့သော ကြက်အိုကိုသတ်ရန် လုံးဝမတွန့်ဆုတ်ခဲ့ပေ။
ကျန်းချန်းသည် ထုတ်လုပ်ရေးအဖွဲ့အား ဤမျှကြီးမားသောအလုပ်ဖြင့် ကူညီပေးခဲ့သည်။ ထိုကြောင့် ဧည့်ခံရန်လိုပြီး သူမလျစ်လျူရှုထား၍မရပေ။
ကြက်ကြီးသည် ဝမ်ရှုယင်ကြောင့်သေသွား၏။ ပစ္စည်းအကန့်အသတ်ကြောင့် ပဲငံပြာရည်အချပ်အချို့နှင့် ငရုတ်သီးစိမ်းအချို့ကို ထည့်ပေးခဲ့သည်။ 21 ရာစုရဲ့ ဟင်းခတ်အမွှေးအကြိုင်လောက်တော့ မကောင်းပေမယ့် မွှေးနေဆဲပါပဲ။
ဒီခေတ်မှာ အသားက အကောင်းဆုံးဖြစ်သရွေ့တော့ စိတ်ပူစရာသိပ်မရှိပေ။
ကြက်ကြီးက အကြီးကြီးဆိုတော့ လူတော်တော်များများစားဖို့ လုံလောက်၏။
ကြက်သားအပြင် ဝမ်ရှုယင်သည် အရံဟင်းလျာအချို့၊ ပူပူနွေးနွေး အာလူးကြော်တစ်ပန်းကန်၊ ကြာဇံကြော် တစ်ပန်းကန်၊ ပဲခြောက်ကြော်တစ်ပန်းကန်၊ ကြက်ဥအရွက်ပြုတ် တစ်ပန်းကန်ကိုလည်း တွဲဖက်ကျွေးမွေးခဲ့သည်။ ဟင်းချိုထဲမှာ ကြက်ဥတစ်လုံးပဲ ထည့်ထားကာ ကန်စွမ်းဥပါ ပြုတ်ထားလေသည်။
ကျန်းချန်းနှင့် ကျောင်းရှုလန် အလုပ်ပြီးသောအခါ လုကျင်ရှန်း၏အိမ်သို့ သွားလိုက်ကြသည်။
Zawgyi