Chapter 246 - ငါ့လူကို လာမြူစွယ်ရဲတယ်ပေါ့(၂)
"နင့်ကို ရိုက်တာ ဘာမှားသွားလို့လဲ လီလီကျွမ့် နင်ကငါ့သက်ဆိုင်သူကို လာဖျားယောင်းမြူစွယ်နေတာလေ
နောက်တစ်ခါ နင် ကျန်းချန်းကို သွားရောနေရင် ထပ်ရိုက်ဦးမှာပဲ မပူနဲ့သိလား "
လီလီကျွမ့်သည် ကျောင်းရှုလန်၏ နားထဲသို့ ဤမျှ လျင်မြန်စွာ စကားပြန်ရောက်မည်ဟု မမျှော်လင့်ထားဘဲ ယခုအချိန်တွင် ကျောင်းရှုလန်ကို ရင်ဆိုင်သောအခါ အနည်းငယ် အပြစ်ရှိသလို ခံစားရသည်။
"နင့်သက်ဆိုင်သူကို ဘယ်သူက ရောနေလို့လဲ။ ကျောင်းရှုလန် နင်သူများပြောတိုင်း ယုံတာပဲလား။" လီလီကျွမ့်က ပြန်ချေပသည်။
"အမှန်အတိုင်း မပြောသေးဘူးပေါ့လေ။ အေး နင် ကျန်းချန်းကိုလေ ကြက်ဥခေါက်ဆွဲပြုတ်ပြီး အတင်းလိုက်ကျွေးနေတယ်လေ။ လူတိုင်းက မျက်စိပါတယ်ဟဲ့ မမြင်ဘဲ ဘယ်နေမလဲ"
"ကျောင်းရှုလန် နင်ဘာတွေပြောနေတာလဲ? ကျန်းချန်းကို ကြက်ဥခေါက်ဆွဲ ပို့မိတာနဲ့ သူ့ကိုကြိုက်တယ်ဖြစ်ရောလား
သူက ငါတို့ ထုတ်လုပ်ရေးအဖွဲ့ကိုကူညီပေးလို့ ငါကကျေးဇူးတင်ရုံပဲ။ ပြီးတော့ သူဒီရက်ပိုင်း အရမ်း အလုပ်လုပ်နေရတာ အဲ့တာမလို့ ငါက သနားပြီးကျွေးရုံပဲ"လီလီကျွမ့်က နည်းနည်းပိုပြီး ယုံကြည်မှုရှိလာသည်။
ကြက်ဥခေါက်ဆွဲတစ်ပန်းကန်သာ ဖြစ်သည့်အတွက် သူမ၏စကားများက သူမကို မစွပ်စွဲစေရန် လမ်းပြောင်းနေသလိုပင်။
လုလန်လန်နှင့် ငြင်းခုံရန် ကြောက်ရခြင်းမှာ လုလန်လန်က သူမအား ပြသနာပိုရှာမည်ကို စိုးသောကြောင့် ဖြစ်သည်။ ကျောင်းရှုလန်ကိုတော့ ကြောက်နေစရာမလိုပေ။
ကျောင်းရှုလန်က လီလီကျွမ့်သည် ဤမျှအရှက်ကင်းလိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် သူမသည် ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြောလိုက်သည်။
"ထားပါတော့ နင်က အဲ့ဒီကြက်ဥနဲ့ ခေါက်ဆွဲတွေကို နင့်ပိုက်ဆံ ဘယ်နှပြားနဲ့ ဝယ်ခဲ့လို့ အဲ့လို မျက်နှာလိုချင်နေတာလဲ
အိမ်ကနေ တစ်ခုခုယူသွားတဲ့အခါ ပြောသွားရမယ် မဟုတ်ဖူးလား
ဒါတွေကလေ နင်အမေနဲ့ နင်ပဲကြိုက်သလိုလုပ်နေကြတာ။ ငါ့အဖေမှာ ဘာမှ မပြောဖူးဘူး
နင့်အမေ ကိုယ်ဝန်ရှိနေလို့ ငါ့အဖေမှာ ကြိုးကြိုးစားစားရှာကျွေးနေရတာ။ အဲ့တာ နင်က ငါ့အဖေတော့ မသနားပဲ ကျန်းချန်းကိုကျတော့ လောကွတ်ချောတယ်ပေါ့လေ။
ပြီးတော့ ကျန်းချန်းက ငါနဲ့ပဲဆိုင်တာ။ နင်သူ့ကို သနားလို့ဆိုရင်တော့ ငါ့ကိုပေးလေ ငါသွားပေးမှာပေါ့ အခုနင်က ငါ့ကိုကျော်ပြီးလုပ်ချင်နေတာလေ
ပြီးတော့ နင့်မှာ အဲ့လိုအတွေးမရှိပါဘူးလို့ ဗြောင်လိမ်ချင်တယ်ပေါ့ "
မားယုမိန်သည် သတင်းကြားသောအခါ ပထမ သူမသည် လီလီကျွမ့်ကို ကာကွယ်လိုသော်လည်း ကျောင်းရှုလန်၏ ထိုစကားကို ကြားသောအခါ လီလီကျွမ့်ကိုလည်း အနည်းငယ် မကျေမနပ်ဖြစ်ခဲ့သည်။
ဟုတ်တယ်!
ကောင်မလေးက သူ့ကို အဲ့လိုလုပ်ရတာလဲ။
သူမမှာ ကိုယ်ဝန်ရှိသဖြင့် အတတ်နိုင်ဆုံး အဆင်ပြေပြေနေချင်သည်။
အိမ်တွင် ကြက်ဥနှင့် သန့်ထားသည့် အစေ့အဆန် နည်းနည်းပဲရှိပြီး ကျန်းချန်းအတွက် အကုန်လုံးသုံးပစ်လိုက်လေသည်။
သူ့သမီး ပညာမတတ်သည်မှာ သိသာလွန်းလေသည်။
ထိုအချိန်၌ပင် နှလုံးသားက ရေစုန်မြောသွ။းတော့သည်။ သူမသာ အိမ်ထောင်ကျသွားပါက ကျိန်းသေ မားယုမိန်အား စိတ်ထဲရှိနေတော့မည် မဟုတ်ပေ။
ဒါပေမယ့် မားယုမိန်က ဘာမှမပြောချေ။ အားလုံးကို ပြန်သုံးသပ်ရန် လီလီကျွမ့်အ သင်ပေးချင်၏။ ကျောင်းရှုလန်သည် ယခုအချိန်တွင် ထိုနေရာ၌ ရှိနေသေးသည်။
လီလီကျွမ့်သည် ကျောင်းရှုလန်၏ ဆူပူကြိမ်းမောင်းခြင်းကို ခံခဲ့ရပြီး စကားမပြောနိုင်ပေ။
"ငါ"
"လီလီကျွမ့် ငါပြောမယ်နော် နင့်ဟာနင် အရှက်ရှိသေးရင်ထိန်း ဒီထက်ပိုတရားလွန်လာရင်တော့ ငါ့အဆိုးမဆိုနဲ့!"
ကျောင်းရှုလန်၏ ပါးရိုက်မှုကြောင့် လီလီကျွမ့်၏ မျက်နှာသည် ရောင်ရမ်းနေပြီး ကျောင်းရှုလန်အား ပြန်မပြောနိုင်သော်လည်း သူမ မကျေနပ်ချေ။
ကျောင်းဝေကောင်း ပြန်လာတာကိုမြင်တော့ ကျောင်းဝေကောင်း ရှေ့မှာ ချက်ချင်းငိုပြီး "ဦးလေး ကျောင်း ကျောင်းရှုလန် သမီးကိုရိုက်တယ်။ ကျန်းချန်းအတွက် ခေါက်ဆွဲလေး လုပ်ပြီးသွားပေးတဲ့ဟာကို စွပ်စွဲပြီး ပြောဆိုနေလိုက်တာ ရစရာကိုမရှိဘူး
သမီး မျက်နှာကို ကြည့်ပါဦး။သူရိုက်လို့ ရောင်ကိုင်းနေပြီ အဲ့တာဦးလေး သူ့ကိုဆုံးမပေး"
ထိုအချိန်တွင် ကျောင်းဝေကောင်း၏ မျက်နှာမှာလည်း ညိုမှိုင်းနေသည်။ အခုလေးတင်ပဲ လုကျင်ရှန်းက လီလီကျွမ့်သည် အလုပ်ကိုစိတ်မဝင်စားဘဲ ကျန်းချန်းအတွက် ကြက်ဥခေါက်ဆွဲပြုတ်ဖို့ တတ်ကြွနေကြောင်း တိုင်လေသည်။
လုကျင်ရှန်းက သူ့ကို ပြင်းပြင်းထန်ထန် အပြစ်တင်နေပြီး လီလီကျွမ့်ကို ဆုံးမပေးရန် ပြောထားလေသည်။
ကျောင်းဝေကောင်းသည် သူ့မျက်နှာတစ်ခုလုံး ဘယ်နားထားရမည်မှန်မသိတော့ချေ။ မယားပါသမီးက ဤမျှဒုက္ခပေးမည်ဟုလည်း မတွေးမိခဲ့ချေ။