Chapter 250 - ထရပ်ကားငှားလာခြင်း(၂)
လုကျင်ရှန်းက ဖုံးကွယ်မထားဘဲ ကျန်းချန်းအား အကြောင်းအရင်းကို ပြောပြသည်။
ဤအချိန်အတောအတွင်း လုကျင်ရှန်းသည် ကျန်းချန်းကို အလွန်ယုံကြည်ခဲ့ပြီး အခြေခံအားဖြင့် သူသည် ကျန်းချန်း နှင့် မည်သည့်အကြောင်းအရာကိုမဆို ပြောဆိုလိုစိတ်ရှိသည်။
ကျန်းချန်းမှာ အရည်အချင်းရှိတယ်ဆိုတာ သူသိပြီး ကျန်းချန်းက သူကိုင်တွယ်လို့မရတဲ့အရာတစ်ချို့ကို ဖြေရှင်းပေးနိုင်လေသည်။
လုကျင်ရှန်း၏ အခက်အခဲများကိုနားထောင်ပြီးနောက် ကျန်းချန်းသည်ခဏစဉ်းစားပြီး "ခေါင်းဆောင် ကျွန်တော့်မှာခရိုင်သယ်ယူပို့ဆောင်ရေးအဖွဲ့မှာအလုပ်လုပ်တဲ့သူငယ်ချင်းတစ်ယောက်ရှိတယ်။ သယ်ယူပို့ဆောင်ရေး အဖွဲ့မှာက ထရပ်ကား နည်းနည်းရှိတယ်။ အဲ့တာကို ငှားပြီး ပို့လို့ရမလား စုံစမ်းကြည့်ပေးမယ်လေ "
ကျန်းချန်းက သူသည် ၎င်းကို ငှားပေးမည်ဟု ပြောသော်လည်း အဖွဲ့မှာက ငှားလောက်နိုင်သည့် ငွေကြေးမျိူရှိမနေပေ။
ကျန်းချန်းမှ ထုတ်လုပ်ရေးအဖွဲ့အတွက် ကူညီပေးရန် ဆန္ဒရှိနေသည်။
ထုတ်လုပ်ရေးအဖွဲ့အတွက် ကူညီပေးချင်သည့် အကြောင်းရင်းကတော့ ပထမဦးစွာ ထုတ်လုပ်ရေးအဖွဲ့ဖြစ်နေ၍ပင်။ ဒုတိယအနေနဲ့ ထုတ်လုပ်ရေးအဖွဲ့က အစားအသောက်တွေ ပို့ပေးနိုက်ကာ ပထမရကာ ဆုရလာနိုင်ပါက ကျန်းမိသားစုအပေါ် အမြင်ပိုကြည်လာပေမည်။
အဖွဲ့သားများသည် သူ၏စေတနာကို တွေးကာ နောင်တွင် ကျန်းမိသားစုကို ပြသနာရှာနေတော့မည် မဟုတ်ပေ။ လုကျင်ရှန်း၏ ချစ်ခင်မှုရပါက အနာဂတ်တွင် ကျန်းမိသားစုသည် ပိုမိုဂရုစိုက်ခံရမည်ဖြစ်သည်။
"ကျန်းချန်း တကယ်လား" လုကျင်ရှန်းက စိတ်လှုပ်ရှားစွာ မေးသည်။
ကျန်းချန်း နဲ့ လုချင်ကောင်းတို့ဟာ ထုတ်လုပ်ရေးအဖွဲ့ကို အတူတူလာခဲ့ကြပြီး လုချင်ကောင်းက ခရိုင်သယ်ယူပို့ဆောင်ရေးအဖွဲ့၌ ထရပ်ကား မောင်းနှင်ခဲ့တာကို သတိရမိသွားသည်။
ကျန်းချန်းပြောသည့်သူငယ်ချင်းမှာ လုချင်ကောင်း ဖြစ်ပေသည်။
ဒီလိုဆိုရင် တကယ်ကို ဝမ်းသာစရာတစ်ခုပင်။
ကုန်တင်ကားများသည် လှည်းများ၊ နွားလှည်းများနှင့် လူအင်အားတို့နှင့် လုံးဝ မတူချေ။
လှည်းများ၊ နွားလှည်းများနှင့် လူအင်အားများသည် နှေးကွေးရုံသာမက စားနပ်ရိက္ခာ များများစားစား မပို့ဆောင်နိုင်ပေ။
ခရိုင်ရုံးကို ရောက်ရန် အနည်းဆုံး သုံးနာရီ လေးနာရီလောက် ကြာအောင်သွားရလေသည်။
တစ်ခါတစ်လေ တစ်ခုခုဖြစ်တဲ့အခါ လမ်းလျှောက်ပြီး အနားယူဖို့ လိုနေပြန်သေးသည်။ အစားအသောက်များကို သုံးလေးနာရီအတွင်း ခရိုင်ရုံးသို့ ပို့ဆောင်မည်မဟုတ်ဟု ခန့်မှန်းရသည်။
ဒါပေမယ့် ထရပ်ကားသုံးတာက မတူချေ။ ထရပ်ကားသည် အလွန်ကြီးမားပြီး ထရပ်ကားတစ်စီးသည် စပါးအိတ်များစွာကို သယ်သွားပေးနိုင်သည်။ ကုန်တင်ကားတစ်စင်းသည် ကုန်ထုတ်လုပ်ရေးတပ်ဖွဲ့မှ ပေးပို့သော အများသူငှာ စပါးများကို အကုန်သယ်သွားနိုင်သည်ဟု ခန့်မှန်းရပြီး မဆန့်ရင်တောင် အလွန်ဆုံး ထရပ်ကား နှစ်စီးသာ လိုအပ်သည်။
ကုန်တင်ကားပေါ်သို့ စပါးများတင်နေချိန်နှင့် ထုတ်လုပ်မှုအဖွဲ့မှ ခရိုင်ရုံးသို့ သွားချိန်မှာ မိနစ်20ခန့်သာ ကြာသည်။
ဒါက တခြား သယ်ယူပို့ဆောင်ရေးနည်းလမ်းတွေနဲ့ ယှဉ်ရင် အချိန်အများကြီး သက်သာစေသည်။ အခြားထုတ်လုပ်ရေးအဖွဲ့များသည် ခရိုင်ရုံးနှင့် နီးကပ်နေသော်လည်း စပါးအမြောက်အမြား သယ်လာရန် အချိန်အနည်းငယ်ကြာမည်ဖြစ်သည်။
ကျန်းချန်းသည် ထရပ်ကားတစ်စီး ငှားလာနိုင်ပါက ယခုတစ်ကြိမ်တွင် ဖင်းဟူ ထုတ်လုပ်ရေးအဖွဲ့သည် ပထမနေရာအတွက် အလွန်မြင့်မားသောအခွင့်အရေးကို ရရှိမည်ဖြစ်သည်။
ကျန်းချန်းက ခေါင်းညိတ်ပြီး "ဒါပေမယ့် ကျွန်တော့် သူငယ်ချင်းကို မေးလိုက်ဦးမယ် သိပ်တော့မသေချာသေးဘူး!"
"ရပါတယ်ကွာ ရတော့လည်း ကောင်းတာပေါ့ မရလည်း ဘာမှတော့မဖြစ်ပါဘူးကွာ
ကျန်းချန်း ဒီတခေါက် ကိုယ်တို့သာ ကားငှားလို့ရရင် သေချာပေါက်ပထမနေရာရမှာ "
လုကျင်ရှန်း အနည်းငယ် စိတ်လှုပ်ရှားစွာ ပြောနေသည်။သူက ပထမနေရာကို တခါမှ မရဖူးသဖြက့် ရလိုက်ပါက ပြောမတတ်အောင် ပျော်လေမည်။
ဒီခေတ်က လူတွေဟာ ဆုများကို တန်ဖိုးထားဆဲဖြစ်ပြီး ဒါဟာ တုနှိုင်းမရတဲ့ ဂုဏ်တစ်ခုလို့ ယူဆကြသည်။
"ကောင်းပြီ ခေါင်းဆောင် ဒါဆို ကျွန်တော် ခရိုင်ရုံးကို သွားပြီး ရမလားဆိုတာ သူငယ်ချင်းကို မေးကြည့်မယ်!" ကျန်းချန်းက ပြန်ပြောလိုက်လေသည်။
လုကျင်ရှန်းက ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီ ရဲဘော် ကျန်းချန်း အကူအညီတောင်းပါတယ်ကွာ။ ငါတို့ လုကျွမ်း ထုတ်လုပ်ရေးအဖွဲ့နဲ့ ဖင်းဟူ ထုတ်လုပ်ရေးအဖွဲ့ကိုယ်စား ငါမင်းကို အရမ်းကျေးဇူးတင်တယ်ကွာ"
ကျန်းချန်းက ပြုံးပြီး "ရပါတယ် ခေါင်းဆောင် ကျွန်တော် တတ်နိုင်တာလေး ကူညီတာပါ"