Chapter 206

1.2K 108 0
                                    

Chapter-206 မိတ်ဆွေဟောင်းကြီး(၂)

ယနေ့ခေတ်တွင် လူများစားရန် ဆီလုံလောက်စွာ မရှိကြသည်ကို သိသော်လည်း ဧည့်သည်များကို ဧည့်ဝတ်ကျေရန် အစွမ်းကုန် ချက်ပြုတ်ပေးသည်။

ကျန်းဟုန်မိန်တို့ စကားပြောနေစဉ် ကျောင်းရှုလန် သည် ချန်းဟုန်ဝိန်၏ မိသားစုအကြောင်း သိခဲ့ရလေသည်။

ချန်းဟုန်ဝိန်က မြို့ပြအလုပ်သမားတစ်ဦးဖြစ်သော်လည်း သူ့ဘဝသည် မလွယ်ကူလှပေ။

ကလေးတွေက စားပြီးသည်နှင့် ကျောင်းသွားကြပြီး အိမ်ထောင်ရှင်မဖြစ်သည့် ကျန်းဟုန်မိန်၌ အလုပ်မရှိပေ။

မိသားစုတစ်စုလုံး၏ စားနပ်ရိက္ခာနှင့် စရိတ်အားလုံးသည် ချန်းဟုန်ဝိနိ၏ လစာနှင့် အသုံးပြုနေရခြင်းသာ

အဲဒီငွေဟာ မိသားစုအတွက် တစ်လလုံး မလုံလောက်ပေ။

မြို့ထဲမှာ နေရသည်က ကြားကောင်းသော်လည်း ထင်သလောက်မလွယ်နေချေ။

မိသားစုက အရမ်းခက်ခဲပေမယ့် ကျန်းဟုန်မိန်က သူတို့ကို အကောင်းဆုံးဧည့်ခံရန် စီစဉ်ပေးသောကြောင့် ကျောင်းရှုလန် က အရမ်း စိတ်ဝင်စားနေလေသည်။

အမျိုးသမီးနှစ်ဦး ချက်ပြုတ်နေစဉ် အမျိုးသားနှစ်ဦး စကားစမြည်ပြောဆိုခြင်းက မပြတ်သွားသေပေ။

ချန်းဟုန်ဝိန်က သူပြောင်းခဲ့သည့် အကြောင်းပြောခဲ့ပြီး ကျန်းချန်းကလည်း ဒီကိုလာရတဲ့ ရည်ရွယ်ချက်အကြောင်း ပြောပြလိုက်သည်။

နှစ်ယောက်သား အချိန်အကြာကြီး စကားစမြည်ပြောကြသည်။ ခဏအကြာတွင် အစားအသောက်ကို ချက်ပြုတ်ပြီး စားပွဲပေါ်တင်ကာ စားသောက်ရန် အားလုံးဝိုင်းထိုင်ကြသည်။

ငါးနဲ့ အသားတွေ များများစားစား မရှိပေမယ့် ကျန်းဟုန်မိန်က စေတနာအပြည့်ဖြင့် ချက်ထားသည့်အတွက် အလွန်ကောင်းနေလေသည်။

ကျန်းဟုန်မိန်နှင့် ချန်းဟုန်မိန် တို့သည် နွေးထွေးယဉ်ကျေးကြပြီး ကျောင်းရှုလန်က အားနာနေကာ မစားမည်ကို စိုးရိမ်သောကြောင့် သူမအား ထည့်ပေးနေကြလေသည်။

“အစ်ကို အမ မထည့်ပေးပါနဲ့ ကျွန်မသိပ်မစားနိုင်ဘူး” ကျောင်းရှုလန်က ကူကယ်ရာမဲ့ ပြောလိုက်သည်။

ချန်းဟုန်ဝိန်က ပြုံးပြီး “ညီမ များများစားပါ နည်းနည်းပဲမစားရဘူးလေ”

“ဟုတ်တယ် ကိုယ့်အိမ်လို သဘောထားပြီး စားသာစား”

ထိုလင်မယား တယောက်ပြီးတယောက် စကားတစ်ခွန်းပြောပြီး ကျောင်းရှုလန်ကို ဆက်ထည့်ပေးနေကြသည်။
ကျောင်းရှုလန်က အားနာနေခြင်း မဟုတ်ပဲ တကယ်မစားနိုင်တော့ချေ။

သူစားနိုင်ရင် ပိုစားမည်ဖြစ်သော်လည်း ဘာလို့ များများမစားနိုင်သည်ကို သူကိုယ်တိုင်မသိပေ။

ကျောင်းရှုလန်က ကျန်းချန်းကို အကူအညီတောင်းပြီး ကျန်းချန်းက သူမအတွက် ဝင်ပြောပေးလိမ့်မည်ဟု မျှော်လင့်ထားသည်။

ကျန်းချန်းက သူမ၏ စားနိုင်သည့် ပမာဏနှင့် အားနာနေခြင်း မဟုတ်ကြောင်းကိုသိလေသည်။

ကျန်းချန်း ပြုံး၍သာနေပြီး ကျန်းဟုန်မိန်တို့ကတော့ ကျောင်းရှုလန် ပန်းကန်ထဲသို့ ဆက်ထည့်နေကာ “ရဲဘော် ရှုလန် များများစား လျော့မစားပါနဲ့ကွယ်!”

ကျောင်းရှုလန်က ကျန်းချန်းကို တူနဲ့ထုပြီး အံကြိတ်ရင်း စားခဲ့လိုက်ရသည်။

ပြောစေချက်သည်ကို မပြောပေးပဲ တွန့်တိုနေလေသည်။

ကျောင်းရှုလန်က သူမကို ဝက်တစ်ကောင်လို ကျွေးနေတယ်လို့ ခံစားမိပြီး အခြားသူများစားရန် မရှိတော့မည်ကို စိုးရိမ်နေသေးသည်။

ဟင်းရွက်တွေ ပြည့်နေတဲ့ ပန်းကန်ကို ကြည့်လိုက်တော့ ကျောင်းရှုလန် က သက်ပြင်းချလိုက်ပြီး စိတ်လျော့ကာ အောင့်အီးစားလိုက်ရသည်။ 

ချန်းဟုန်ဝိန်၏အိမ်တွင် နေ့လည်စာစားပြီးနောက် ဆယ့်နှစ်နာရီကျော်နေပြီဖြစ်ပြီး ခဏတာစကားပြောပြီးနောက် ကျောင်းရှုလန် နှင့် ကျန်းချန်းက ထပြန်တော့လေသည်။

နေ့လယ် ၂ နာရီမှာ ကားက ခရိုင်ရုံးကို ရောက်ပြီး အိမ်‌ပြန်ရောက်ချိန်၌ ၃ နာရီ ၃၀ လောက်ရှိနေပြီ။

ကျန်းချန်းက ချက်ချင်းပြန်မလာခဲ့ဘဲ ကျောင်းရှုလန်အား “ရဲဘော် ရှုလန် အပ်ချုပ်ဆိုင်သွားရအောင် တစ်ခါထဲ အပ်သွားပြီး နောက်တစ်ခါကျမှ လာရွေးကြမယ်လေ။ အဲ့တာမှပုံကျမှာ ဝတ်စုံက

အချိန်ကလည်း သိပ်မကြာလောက်ပါဘူး သွားမလားကိုယ်တို့ “

ကျောင်းရှုလန် လည်း စဉ်းစားပြီး ခေါင်းညိတ်ပြသည်။

နှစ်ယောက်သား အပ်ချုပ်ဆိုင်သို့ ဦးစွာသွားကာ ကိုယ်တိုင်းယူနေသည်က ဆယ်မိနစ်ခန့်ကြာသည်။

ကျောင်းရှုလန်သည် အထည်ကို သူမကိုယ်တိုင်ဝယ်ထားသောကြောင့် အထည်လက်မှတ်ထပ်ပေးရန် မလိုအပ်ပေ။

အဝတ်အစားချုပ်ရန် ပိုက်ဆံပေးဖို့သာလိုသည်။

အဝတ်တစ်ထည်ကို ယွမ်တစ်ယွမ်ကျသင့်ပြီး ကျောင်းရှုလန်က အဝတ်လေးစုံချုပ်တာဖြစ်၍ အဝတ်လေးထည်က လေးယွမ်ကျ၏။

ပိုက်ဆံက အထည်ရမှသာပေးရမည် ဖြစ်၍ အရွယ်အစားကို တိုင်းတာပြီးနောက် သူတို့နှစ်ဦးသည် ထုတ်လုပ်ရေးအဖွဲ့သို့ ပြန်သွားကြသည်။

Zawgyi

လယ်သမားဇနီးမှာ နေရာလွတ်ရှိတယ် Book 2Where stories live. Discover now