Chapter 231

2.2K 139 11
                                    

Chapter 231 - ကျန်းချန်း၏ လက်ဆောင်များ(၁) နှစ်ယောက်လုံး ဈေးဝယ်ပြီးတော့ ဆယ့်တစ်နာရီထိုးခါနီးနေလေပြီ။ မနက်စာအတွက် မစ္စကျန်းလုပ်ပေးတဲ့ ကိတ်မုန့်ကို စားခဲ့ပြီး ယခု၌ ဗိုက်ဆာနေလေ၏။ ခရိုင်ကိုပြန်မယ့်ကားက နေ့လည်နှစ်နာရီအထိ စောင့်ရမှာဖြစ်ပြီး ကျန်းချန်းက ကျောင်းရှုလန် စားဖို့တွေဝေနေသောကြောင့် ကျောင်းရှုလန်အား ခရိုင်မှာရှိတဲ့ အစိုးရပိုင် စားသောက်ဆိုင်ကို ခေါ်သွားပြီး စားစရာ တချို့ကို မှာလိုက်သည်။ နှစ်ယောက်သား ထမင်းစားပြီးသည်နှင့် ကားလာချိန်မှာ နီးနေပြီဖြစ်သည်။ ကားဂိတ်မှာ ခဏလောက်စောင့်ပြီးမှ ခရိုင်ရုံးကို ကားနဲ့ပြန်လာကာ ထုတ်လုပ်မှုအဖွဲ့သို့ နောက်တစ်ဆင့်သွားရသည်။ ကျန်းချန်းသည် အိတ်ကြီးကြီးတစ်လုံး၊ အိတ်သေးလေးတစ်လုံးနှင့် ပြန်လာသည်ကိုတွေ့လိုက်ရသဖြင့် ကျန်းမိသားစု၏ အဖိုးသည် အလွန်ကျေနပ်သွားသည်။ မူလက ကျောင်းမိသားစုအတွက် လက်ဆောင် နည်းမည်ကို စိုးရိမ်ခဲ့သော်လည်း ယခု ကျန်းချန်းသည် များစွာသော အရာကို ယူသယ်လာသည်အား တွေ့ရသောအခါ ကျောင်းမိသားစုသို့ သွားရောက် တွေ့ဆုံသောအခါတွင် မျက်နှာငယ်ရမည် မဟုတ်ပေ။ ပစ္စည်းများပြင်ဆင်ပြီးသောအခါ ထုတ်လုပ်ရေးအဖွဲ့သည် သူတို့၏လုပ်ငန်းကို ပြီးမြောက်ရန် နီးနေပြီဖြစ်သည်။ ကျန်းမိသားစု နှင့် ကျန်းချန်းတို့ အတူတကွ ကျောင်းမိသားစုဆီသို့ သွားကြသည်။ ထိုအချိန်တွင် ကျောင်းဝေကောင်း သည် ချွေးတလိမ်းလိမ်းနှင့် ပြန်ရောက်လာသည်။ သူ အနားယူပြီး သိပ်မကြာခင်မှာပဲ ကျန်းချန်း နဲ့ ကျန်းမိသားစုက ပစ္စည်းတွေအများကြီးသယ်လာကာ ရောက်လာသည်ကို သူတွေ့လိုက်ရ၏။ ကျောင်းဝေကောင်းက ကြည့်ပြီး "ကျန်းချန်း မင်းဘာလုပ်နေတာလဲ" ကျန်းချန်းက ပြုံးပြီးပြောတယ် "ဦးလေးကျောင်း ရှုလန် နဲ့ ကျွန်တော် ဆက်ဆံရေးကို အများသဘောတူအောင် လူကြီးစုံရာနဲ့ လာတင်တောင်းတာပါ ပစ္စည်းက သိပ်မများတာမလို့ မငြင်းပါနဲ့ " "သားလေး မင်းဘာလို့ အားနာနေတာတုန်းကွယ်" ကျောင်းဝေကောင်း သက်ပြင်းချလိုက်သည်။ တကယ်တော့ ကျန်းချန်းနဲ့ ကျောင်းရှုလန်တို့ဟာ အတူတွဲကြမည်ဖြစ်ပြီး ကျောင်းဝေကောင်းက သူတို့နှစ်ယောက် အတူတူနေကောင်းနေလိမ့်မယ်လို့ တွေးမိပေမဲ့ ထိုတင်တောင်း ထိန်းမြားခြင်းကိုတော့ မေ့နေမိခဲ့သည်။ ကျောင်းဝေကောင်းသည် ယနေ့ခေတ်တွင် လူတိုင်း၏အခြေအနေသည် အလွန်မကောင်းချေ။ တခြားအရာများကိုလည်း မျှော်လင့်နေလို့ မရလောက်အောင် အခြေအနေမှာ မကောင်းကြကြောင်း ကျောင်းဝေကောင်းက ရှင်းရှင်းလင်းလင်းသိသည်။ . အထူးသဖြင့် ကျန်းချန်း နှင့် ကျောင်းရှုလန်သည် ယခု၌သာမန် ဆက်ဆံရေးတစ်ခုသာဖြစ်သည်။ စေ့စပ်ပြီး အိမ်ထောင်ပြုရင် တစ်ချို့အရာတွေကို ပေးဖို့အတွက် စီစဉ်ပေးရပေမည်။ ကျန်းမိသားစုမှ ဇနီးမောင်နှံက "ဒါက ဖြစ်သင့်တဲ့ ကိစ္စပဲ ကျွန်တော်တို့ ကျန်းမိသားစုရဲ့ အစဉ်အလာဆိုတော့ လုပ်ပေးရမှာပေါ့ဗျာ" "ဟုတ်ကဲ့ ဦးလေးကျန်း" ကျောင်းရှုလန်က ပြုံးပြီး "အဖေ ဒါတွေကို ယူထားလိုက်ပါ။ သမီးနဲ့ ကျန်းချန်းရဲ့ ဆက်ဆံရေးကို တရားဝင်ဖြစ်သွားအောင် ဒီည လူကြီးစုံရာနဲ့ ညစာစားပွဲလေးလုပ်ချင်တယ် စကားမစပ် အဖွဲ့ခေါင်းဆောင်ကိုလည်း ဖိတ်ထားသေးတယ် သူလည်း လာစားလိမ့်မယ် " ယခုရက်ပိုင်းအတွင်း သူမနှင့် ကျန်းချန်း အကြား မဟုတ်သော ဆက်ဆံရေးရှိသည်ဟူသော ကောလာဟလများကို ရှောင်ရှားနိုင်စေရန် လူကြီးများအား သက်သေဖြစ်စေချင်သည်။ ရွာ၌ အရမ်းကောလဟာလဖြန့်ပြီး ပြဿနာရှာတတ်တဲ့ လီလီကျွမ့်လိုမျိုး လူတချို့ ရှိနေလေသည်။ ဒါကြောင့် သက်သေရှိရန် အကောင်းဆုံးပေ။ ကျောင်းရှုလန် ပြောတာကိုကြား‌တော့ ကျောင်းဝေကောင်း ခေါင်းညိတ် သဘောတူလိုက်သည်။ "ကောင်းတာပေါ့ ကျန်းချန်းက လူလိမ္မာလေးပဲ!" မူလက ကျောင်းဝေကောင်းသည် ကျန်းချန်းကို သဘောကျရုံသာဖြစ်ပြ ယခု၌ ကျန်းချန်းသည် အလွန်တက်ကြွပြီး ဂရုစိုက်တတ်သောကြောင့် ကျန်းချန်းအပေါ် သူ၏ အထင်ကြီးမှုက ပိုများလာသည်။ "ဦးလေးကျောင်း ဒါလက်ဆောင်ပေးတာပါဗျ" ကျန်းချန်းကပြောပြီး သူဝယ်တဲ့ ဆေးလိပ်နဲ့ အရက်တွေအားလုံးကို ထုတ်ပေးလိုက်သည်။ ကျောင်းဝေကောင်းက တစ်ချက်ကြည့်လိုက်ပြီး ဘာမှပြန်မပြော။ သူသည် Moutaiအ လေးပုလင်းဝယ်လာပေးသည်။ ကျောင်းဝေကောင်းသည် ယနေ့ခေတ် ဈေးကြီးသည့်ဝိုင်များနှင့် ပတ်သက်၍ Maotai မဆိုထားနှင့် သာမန်အရက်တစ်ပုလင်းဝယ်ရန်ပင် ခက်ခဲသည်။ အကြောင်းမှာ ပိုက်ဆံအပြင် သောက်ဖို့လက်မှတ်လည်းလိုအပ်လေသည်။ ကျေးလက်နေလူတွေက အရက်လက်မှတ်ရဖို့ ဘယ်ကိုသွားကြရမလဲ မသိပေ။ ကျောင်းဝေကောင်းသည် သူဘယ်တုန်းက အရက်နောက်ဆုံးသောက်လိုက်ရသည်ကိုပင် မမှတ်မိတော့ပေ။ ဝိုင်ကို မတွေ့ရင် ဘာမှဖြစ်မယ်မထင်သော်လည်း အခု ကျန်းချန်း ပေးလိုက်တဲ့ ဒီဝိုင်တွေကို မြင်လိုက်ရတော့ တံတွေးမျိုချမိလေသည်။ 

လယ်သမားဇနီးမှာ နေရာလွတ်ရှိတယ် Book 2Tahanan ng mga kuwento. Tumuklas ngayon