Chapter 235 - သူမအတွက်ရော?(၂)
သို့သော် လီလီကျွမ့်သည် ကျောင်းရှုလန် တိုက်ရိုက်မတွေ့ရသေးခင် ကျန်းချန်းသည် ကျောင်းရှုလန်၏မျက်နှာကို အုပ်လိုက်သဖြင့် လီလီကျွမ့်၏ အပြုအမူကိုရပ်တန့်သွားစေသည်။
မူလက ကျန်းချန်းသည် သူ့မျက်နှာတွင် ပြုံးနေသေးသော်လည်း ယခု လီလီကျွမ့်သည် ကျောင်းရှုလန်ကို အနိုင်ကျင့်ချင်နေသောကြောင့် သူ၏မျက်နှာတစ်ခုလုံး မည်းမှောင်သွားပြီး စိတ်မချမ်းသာတော့ပေ။
ကျောင်းရှုလန်သည် သူ၏ အသည်းသက်ညှာဖြစ်ပြီး ကျန်းချန်းက ထိုသူများကို အတတ်နိုင်ဆုံး နားလည်နိုင်သော်လည်း အခြားသူများက ကျောင်းရှုလန်အား နာကျင်စေမှုကိုမူ လက်မခံနိုင်ပေ။
သူက မိန်းမတွေကို ဘာမှမလုပ်သော်လည်း သူချစ်ရသူကို ထိရင် တစ်ခုခု တကယ်လုပ်မှာမဟုတ်ဘူးလို့ မပြောနိုင်ပေ။
ကျန်းချန်းက လီလီကျွမ့်ကို တွန်းလိုက်သဖြင့် လီလီကျွမ့်သည် မြေပြင်ပေါ်တွင် ဖင်ထိုင်လျက် ပြုတ်ကျကာ နာသဖြင့် အော်ဟစ်လိုက်သည်။
သူမသည် အလွန်မှားယွင်းနေပြီဟု ခံစားခဲ့ရသော်လည်း ယခု သူမကို ကျန်းချန်းမှ မြေကြီးပေါ်သို့ တွန်းချလိုက်သဖြင့် လီလီကျွမ့်သည် ပို၍ပင် မှားယွင်းသွားသည်ဟု ခံစားခဲ့ရသည်။
ကျန်းချန်းက လီလီကျွမ့် အား အေးစက်သောလေသံဖြင့် "အဲ့တာ ငါပေးတဲ့လက်ဆောင်ပဲ။ မင်းတော်တော် အရှက်မရှိတာပဲ ရှုလန်နဲ့ဘာမှမဆိုင်ဘူး သူ့ကိုသွားမဲမနေနဲ့။
ဦးလေးကျောင်း နဲ့ အန်တီ နှစ်ယောက်လုံးက အသက်ကြီးပြီမို့ လက်ဆောင်တွေ ပြင်ထားပေးတာ
ကျောင်းရှုကျူးက ရှုလန်ရဲ့ညီမ ပြီးတော့ သူကသက်သာခါစမလို့ လက်ဆောင်ရတာ ဆန်းလား
မင်းက ရှုလန် နဲ့ သွေးရင်းသားရင်း မဟုတ်ဘူး အဲ့တာမလို့ မင်းအတွက်မပါတာ ဘာတွေလာဖြစ်နေတာလဲ"
ကျန်းချန်းက ရှင်းရှင်းပြောရရင် လီလီကျွမ့် ကျောင်းရှုလန်ကို အနိုင်ကျင့်ချင်တဲ့အတွက် လီလီကျွမ့်အား ရှက်အောင်လုပ်လိုက်သည်။
ကျောင်းဝေကောင်း အလွန်ရှက်သွားသည်။
ဒီ လီလီကျွမ့်ရဲ့ ခေါင်းကို မြင်းတစ်ကောင်က ကန်ခဲ့လေသလား။
လူတွေက သူတို့အတွက် လက်ဆောင်မပါတာနဲ့ သူမလို အရှက်မရှိတောင်းနေကြလို့လား။
ကျန်းချန်းက လက်ဆောင်တွေ အများကြီး ပေးထားတာကို မပြောနဲ့ မပေးရင်တောင် သူမ ဘာမှပြောစရာမလိုချေ။
လူတိုင်းက သူတို့ပေးချင်တဲ့လူကိုပေးတာ သဘာဝပင်ကျန်းချန်းလည်း သူပေးချင်တဲ့လူကိုပေးတာ ဒါသူ့လွတ်လပ်ခွင့်ပဲ မဟုတ်လား။
ပြီးတော့ ကျန်းချန်းကိုပြောတဲ့စကားက ယုတ္တိမရှိပေ။လီလီကျွမ့်က သူ့ကိုမပေးတာနဲ့ ကျန်းချန်းကို အပြစ်တင်ချင်ပြီးတော့ သူ့သမီးကို ပတ်ရမ်းသေးသည်။
ကံကောင်းတာက လီလီကျွမ့်က သူ့သမီးအရင်းမဟုတ်လို့သာ။ သူ့သမီးအရင်းသာဆို အခုထက်ပို မျက်နှာပျက်ရတော့မည်။
ယခု ကျောင်းဝေကောင်းသည် လီလီကျွမ့်ကို ပိုပိုပြီး စိတ်ကုန်လာလေသည်။ သူမသည် ပျင်းနေပြီး တစ်နေ့တစ်နေ့ ပြသနာရှာခြင်းမှလွဲရော တခြားဘာမှမလုပ်တတ်ချေ။
သူသည် လီလီကျွမ့်ကို အလွန်အသုံးမကျလာအောင် ပျိုးထောင်မိခြင်းဖြစ်နေသလိုပင်။
ကျောင်းဝေကောင်း ဒေါသထွက်ပြီး လီလီကျွမ့်အား "မင်း မိန်းမယုတ်လေး အရှက်မရှိပဲ ပြောရဲသေးတယ်ဟုတ်လား သွား အခုကိုယ့်အခန်းကိုယ်ပြန်သွား ညစာစားဖို့လည်းမတွေးနဲ့
နောက်ဒီလိုထပ်ဖြစ်ရင် မင်းတို့လီအိမ်ကို ပြန်သွားတော့ ငါတို့ ကျောင်းအိမ်မှာ နေမနေနဲ့ "
သူတို့၏ ကျောင်းမိသားစုသည် လီလီကျွမ့်အား လက်ခံနိုင်သော်လည်း လီလီကျွမ့်က ပိုဆိုးလာကာ သူတို့အိမ်၌ ပတ်မွှေနေသော နတ်ဆိုးမတစ်ကောင် ဖြစ်လာသည်။
ကျောင်းဝေကောင်းက လီလီကျွမ့်သာ ထိုသို့ဆက်လုပ်နေမယ်ဆိုရင် ဒါဟာ သူ၏အမှားလုံးလုံး ဖြစ်နေတော့မည်။
ကျောင်းဝေကောင်း၏ ပြစ်တင်ရှုတ်ချမှုကြောင့် လီလီကျွမ့်သည် ထိတ်လန့်သွားသည်။
လီအိမ်ကို မပြန်ချင်ဘူး။
လီမိသားစုသည် သားများကိုသာ တန်ဖိုးထားကြပြီး သူမ၏ အဖွားသည် ဩဇာရှိသောလူသာဖြစ်လေသည်။ လီမိသားစုတွင်ရှိစဉ်က သူမအား အစာသိပ်မကျွေးပဲ အလုပ်ချည်းသာလုပ်ခိုင်းခဲ့သည်။
ကျောင်းအိမ်သို့ သူမရောက်လာပြီးနောက်တွင် လီလီကျွမ့်သည် နှစ်အနည်းငယ်ကြာ ကောင်းမွန်သောဘဝတစ်ခုကို ပိုင်ဆိုင်ခဲ့သည်။
အခု သူမကို ပြန်လွှတ်လိုက်ပါက သူမထိုဘဝသို့ ပြန်ရောက်သွားပေမည်။
ကျောင်းဝေကောင်း ခြိမ်းခြောက်ပြီးနောက် လီလီကျွမ့်က ပို၍ရိုးသားပြီး တည်ငြိမ်သွားသည်။
သူမက ဆက်ပြီး ပြဿနာရှာချင်ပေမယ့် ကျောင်းဝေကောင်းကို စိတ်အနှောင့်အယှက်မပေးရဲတာကြောင့် သူမအခန်းထဲကို ပြန်သွားခဲ့ရသည်။
ကျောင်းဝေကောင်းသည် သူမကိုညစာမစားရဟု အမိန့်ပေးသည့်အတွက် လီလီကျွမ့်စိတ်ညစ်သွားရလေသည်။