Chapter 243 - ကျန်းချန်းအား ဖျားယောင်းခြင်း(၂)
လီလီကျွမ့်၏ ဟင်းချက်အရသာမှာ မကောင်းသော်လည်း ခေါက်ဆွဲတစ်ပန်းကန် ချက်ပြုတ်ရန်မှာ မခက်နေလေပေ။
ဆားအနည်းငယ်ထည့်ရုံဖြင့် အခြားဟင်းခတ်အမွှေးအကြိုင်များ မလိုအပ်တော့ပေ။
ကြက်ဥနှစ်လုံးကို ထည့်ပြီး ခေါက်ဆွဲကို အရသာရှိရှိ အလွယ်တကူချက်နိုင်လေသည်။
လီလီကျွမ့်သည် ခေါက်ဆွဲ၏ရနံ့ကို ရှူရှိုက်ရင်း တံတွေးမမျိုချပဲ မနေနိုင်ပေ။
ကျန်းချန်း စားဖို့ ချက်ထားတဲ့ ခေါက်ဆွဲသာ မဟုတ်ရင် သူမ အားလုံးစားပစ်လိုက်လေမည်။
ခေါက်ဆွဲများပြုလုပ်ပြီးနောက် လီလီကျွမ့်က ကျန်းချန်းဆီသို့ သယ်သွားလေသည်။
ထိုအချိန်တွင် အမျိုးသားအများအပြားသည် ဆန်စပါးများကို အတူတကွ သယ်ယူရန် အလုပ်များနေပါသည်။
"ကျန်းချန်း ကျန်းချန်း!" လီလီကျွမ့် က ကျန်းချန်းကို အော်လိုက်သည်။
ကျန်းချန်းက မျက်မှောင်ကြုတ်ပြီး လီလီကျွမ့်ကို စိုက်ကြည့်ရင်း လီလီကျွမ့် သူ့ကို ဘာလုပ်ဖို့ခေါ်သည်မှန်းသိချင်လာလေသည်။
ကျန်းချန်းသည် အာရုံစိုက်ရန် စိတ်မဝင်စားသော်လည်း လီလီကျွမ့်အား မည်သို့ရှောင်ရမည်ကို မသိသည့်အပြင် လူများစွာရှေ့တွင် ကျန်းချန်းကို ခေါ်နေဆဲဖြစ်သည်။
ကျန်းချန်း သည်းမခံနိုင်တော့သဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် လီလီကျွမ်ဆီသို့ ဒေါသတကြီးဖြင့်သွားကာ လီလီကျွမ်အား "လီလီကျွမ် မင်း ငါ့ကိုဘာလုပ်ဖို့ခေါ်နေတာလဲ။ ပြောစရာရှိရင်မြန်မြန်ပြော ငါမအားနေသလို လူတွေကို တစ်မျိုးမတွေးစေချင်ဘူး"
လီလီကျွမ့်သည် သူမ၏မျက်နှာကို ပြုံးကာ ကျန်းချန်းအား "ကျန်းချန်း ကျွန်မရှင်စားဖို့ ခေါက်ဆွဲတစ်ပန်းကန်လုပ်လာတယ်။နေ့လည်တောင်ရောက်နေပြီဆိုတော့ ပေါင်မုန့်ပေါင်းလေးနဲ့ ဗိုက်မဝလောက်ဘူး"
ကျန်းချန်းက မျက်မှောင်ကြုတ်ကာ တုံ့ဆိုင်းမနေဘဲ ငြင်းလိုက်ပြီး "ငါ့ဟာငါ ပင်ပန်းတာဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် မင်းနဲ့မဆိုင်ဘူး။ ပြီးတော့ ငါမစားချင်ဘူး
စားချင်ရင် မင်းဟာမင်းစား"
လီလီကျွမ့် ပေးသည့် ကြက်ဥခေါက်ဆွဲပန်းကန်ကို တွေ့လိုက်သောအခါ ဘေးပတ်ဝန်းကျင်ရှိ အခြားအလုပ်လုပ်ကိုင်သူများက ကြေကွဲမိကြလေသည်။
ကြက်ဥနှစ်လုံးတောင် ထည့်ထား၏။
ကျေးလက်အခြေအနေကြောင့် ဘယ်သူကမှ ကြက်ဥကို မစားနိုင်ပေ။
ကြက်ဥစားရတာ ဘယ်လောက်ကြာခဲ့ပြီလဲဆိုတာ လူတိုင်းနီးပါး မေ့နေကြလေပြီ။
သန့်စင်ပြီးသော အစေ့အဆန်များကို မပြောလိုပေ။ ခေါက်ဆွဲဖြူ တစ်ခုတည်းက လူကို မနာလိုဖြစ်စေရန် လုံလောက်နေလေပြီ။
ယခုအချိန်တွင် အိမ်ထောင်စုတိုင်းသည် စပါးရိတ်ခါနီးတွင် စပါးစိုက်ပျိုးထုတ်လုပ်ရေးအဖွဲ့က အလျင်အမြန် ရိတ်သိမ်းပြီးနောက် စပါးဝေပေးခြင်းကို စောင့်နေလေသည်။
အစေ့အဆန်တွေ မပြောနဲ့ အစေ့ကြမ်းတွေကို စားရနိုင်ရုံဖြင့် ထိုလူများမှာ ပျော်နေကြလေပြီ။
လီလီကျွမ် ယူလာပေးသော ကြက်ဥကြော်နှစ်လုံးပါသည့် ခေါက်ဆွဲကို အတူတူအလုပ်လုပ်သော အမျိုးသားများက တွေ့သောအခါ အားလုံး မျက်ရည်ကျကြသည်။
ကျန်းချန်းက အဲဒါကို လှည့်တောင်မကြည့်ပဲ မစားလေချေ။
တခြားသူဆိုရင် နည်းနည်းဖြစ်ဖြစ် စားကြလေမည်။
ဒါပေမယ့် တစ်ချိန်တည်းမှာပဲ လီလီကျွမ့်က ကျန်းချန်းကို အစားအစာ ဘာကြောင့် လာပို့လဲဆိုတာ အားလုံးက သိချင်နေကြသည်။
ကျောင်းရှုလန်က အဲဒါကို ပို့ပေးလိုက်သည်လား။ ကျန်းချန်းနှင့် တရားဝင်ဆက်နွယ်နေသူမှာ ကျောင်းရှုလန် ဖြစ်ပြီး လီလီကျွမ့် မဟုတ်ပါ။
လီလီကျွမ့်က "ဘာလို့ မစားတာလဲ ကျန်းချန်း
ရှင်ါအတွက် ကျွန်မက ကြိုးစားချက်လာတာကို နည်းနည်းတောင် မစားဘူးလား "
လီလီကျွမ့်က ဝမ်းနည်းတဲ့အမူအရာနဲ့ ပြောလိုက်သည်။
ကျန်းချန်း မျက်မှောင်ကြုတ်ကာ "လီလီကျွမ့် ငါလုပ်ခိုင်းမိလား နင့်ဟာနင် လျှာရှည်ပြီး လုပ်လာတာလေ
အဲ့တော့ နင်ရဲ့ကြင်နာမှုကို ငါက လက်ခံပေးဖို့လိုလား "
ကျန်းချန်းက လူတွေကို နာကျင်အောင် လုပ်ရတာ မကြိုက်သော်လည်း လီလီကျွမ့်ကိုတော့ စာရင်းထဲမထည့်ထားချေ။
အရင်က သူနဲ့ စကားပြောလို့ အဆင်ပြေပေမယ့် အခု သူက အစားအသောက်တွေ ယူလာကာ ရင်းနှီးချင် ယောင်ဆောင်လွန်းနေလေသည်။
ကျောင်းရှုလန်သာသိရင် ကျန်းချန်းကို စိတ်ဆိုးမှာလား မပြောနိုင်ချေ။
"ကျန်းချန်း ကျောင်းရှုလန်က ရှင့်ကို ကျွန်မမကောင်းကြောင်းတွေပြောပြီး အထင်လွဲအောင် လုပ်ထားတာလား
အဲ့ခွေးမရဲ့ မကောင်းတဲ့စကားတွေကို မယုံပါနဲ့ သူက ရှင့်ရှေ့မှာမလို့ ရိုးသားချင်ယောင်ဆောင်လွန်းနေတာ သူက လူယုတ်မာမ အစစ်"