Chapter 226 - မြို့သို့သွားကြခြင်း(၂)ကျောင်းရှုကျူးရဲ့ အသားအရေက ပိုကောင်းလာပြီး အာဟာရချို့တဲ့မှုကြောင့် ဖြစ်တဲ့ ဆံပင်တွေ ခြောက်သွေ့ပြီး နီကြောင်ကြောင်တွေလည်း ဖြစ်မနေတော့ပေ။ဆက်လက် ထိန်းသိမ်းထားပါက သာမန်မိန်းကလေးများကဲ့သို့ အသားအရည်ကောင်းလာမည်ဖြစ်သည်။အခုအချိန် အိမ်မှာ အခြေအနေတွေက အရမ်းဆိုးနေကာ ကျောင်းရှုလန်က ကျောင်းရှုကျူးကို စားစရာတိတ်တဆိတ် ကျွေးရင်တောင် ပုံမှန်မဖြစ်လာနိုင်ချေ။ကျောင်းရှုလန်က မနက်ဖြန် ကျန်းချန်းနဲ့ မြို့ကိုသွားဖို့ စိတ်ကူးထားပြီး ကျန်းချန်းက ပစ္စည်းတွေအများကြီးဝယ်ရမှာ သေချာနေသည်။ထိုအချိန်တွင် သူမသည် ကျန်းချန်း ပေးခဲ့သည့် အရာများကို နို့မှုန့်ဗူးတစ်ခုနှင့် ရောမွှေကာ ကျောင်းရှုကျူး အား တိတ်တဆိတ် ပေးပြီး သောက်စေ၏။နေ့တိုင်း နွားနို့နည်းနည်းသောက်နိုင်ရင် ကျောင်းရှုကျူးရဲ့ ကိုယ်လုံးကိုယ်ပေါက်ဟာ တဖြည်းဖြည်း ဖွံ့ဖြိုးလာနိုင်လေမည်။ယနေ့ခေတ်တွင် နို့သည် အရမ်းကောင်းသော အရာဖြစ်ပြီး သာမန်လူများ လုံးဝမတတ်နိုင်ပါ။ကံကောင်းသည်က ကျန်းချန်း၏ပေးမှုကြောင့်သာဖြစ်သည်။ မဟုတ်ရင် နွားနို့ဆိုသည်ကို မြင်ဖူးမည်တောင် မဟုတ်ပေ။ကျောင်းရှုလန်က ကျောင်း ရှုကျူးကို နွားနို့သောက်ခိုင်းရန် ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေမယ့် သူမမှာ တခြားအတွေးများစွာတော့ရှိနေလေသည်။ဤအရာများကို စေတနာရှိသူများက ပေးသည်ဟု ဆင်ခြေပေးလို့ရသော်လည်း နို့မှုန့်သည် ကွဲပြားသည်။ကျောင်းရှုလန်က စဉ်းစားလိုက်ပြီး ကျန်းချန်း ယူလာပေးသည်ဟု ပြောရန်သာ တွေးလိုက်သည်။စားပြီးတာနဲ့ ကျောင်းရှုကျူးက ပါးစပ်ကို သုတ်ပြီး ဗိုက်ကို ထိကာ ကျေနပ်တဲ့မျက်နှာနဲ့ ကျောင်းရှုလန်အား "မမ အရမ်းစားလို့ကောင်းတယ်။ အသားစားရတာကလေ သတ်သတ်လွတ်ထက်ပိုစားလို့ ကောင်းတာ"ကျောင်းရှုလန်က ပြုံးပြီးပြောတယ် "အင်းပေါ့ သက်သတ်လွတ်ဟင်းလျာဆိုမှတော့ အရသာရှိတဲ့ အသားဟင်းတွေကို ဘယ်လို အရသာတွေ့မှာတုန်းရှုကျူး ဗိုက်ဝပြီလား "ကျောင်းရှုကျူးက လေးလေးနက်နက် ခေါင်းညိတ်ပြီး "အင်း မမ ဗိုက်ပြည့်သွားပြီ ကြည့်ပါလား ဗိုက်ကြီးကဖောင်းကားနေတာကို!"ကျောင်းရှုကျူးကပြောပြီး ကျောင်းရှုလန်အား သူမ၏ဗိုက်ကို တမင်တကာ ထုတ်ဖော်ပြသလိုက်သည်။ကျောင်းရှုကျူးသည် သူမ၏ဗိုက်ကို လှန်ပြသည်အားမြင်သောအခါ ကျောင်းရှုလန်က မရယ်နိုင်ပဲ မနေနိုင်ပေ။"အင်း ရှုကျူးရဲ့ဗိုက်က အရမ်းကြီးတာပဲ""မမရယ် ဗိုက်ဆာတာကို သီးခံနိုင်ပေမဲ့လေ ဗိုက်ပြည့်နေတော့ ပိုကောင်းတာပေါ့အခုဆို ဗိုက်လည်းဝတယ် အသားလည်းစားရတယ်ဒီနေ့တော့ အကြာကြီး အားရှိနေတော့မှာပဲ "နေ့တိုင်းအလုပ်မလုပ်ရရင်တောင် ကောင်းကောင်းစားလို့ရနိုင်သည်။ ကျောင်းရှုကျူးက သူမ အရှင်လတ်လတ်ကြီး နတ်ပြည်ရောက်နေသလိုပင်။ဘဝက အရမ်းကောင်းတာကြောင့် ကျောင်းရှုကျူးက ထိုအခိုက်အတန့်များကို ဆုံးရှုံးရမှာကြောက်မိူည်။"စိတ်မပူပါနဲ့ ငါ့ညီမလေး ဒီလိုဆက်နေနိုင်ရုံတင်မကဘူး အနာဂတ်ကြီးက ပိုတောင်ကောင်းလာဦးမှာ"ကျောင်းရှုကျူးသည် ကျောင်းရှုလန်၏ စကားများနှင့်ပတ်သက်၍ သံသယမရှိပါ။ သူ့အမပြောသော စကားများသည် သူ့ကို ဘယ်သောအခါမှ လိမ်မည် မဟုတ်ပေ။ဒီရက်တွေအတွင်းမှာ သူ့အစ်မက သူ့အား တကယ်ကို သာယာတဲ့ဘဝ ပိုင်ဆိုင်စေခဲ့သည်။"မမ လက်ထပ်တော့မယ်ကြားတယ် ဟုတ်လား?" ကျောင်းရှုကျူးက စိတ်ဝင်တစား မေးသည်။ကျောင်းရှုကျူးက ကျောင်းရှုလန်အတွက် ပျော်သော်လည်း ကျောင်းရှုလန် လက်ထပ်ပြီးရင် သူမကို အိမ်မှာတစ်ယောက်တည်းထားခဲ့မှာလားလို့ တွေးနေလေသည်။သူမသည် ကျောင်းရှုလန်နှင့် မခွဲခွာချင်ပေ။ဒါပေမယ့် သူ့အစ်မက လူကောင်းတစ်ယောက်နှင့် လက်ထပ်ပါက သူကန့်ကွက်မှာမဟုတ်ပေ။နောက်ဆုံးတော့၊ သူ့ညီမမှာလည်း သူ့ကိုယ်ပိုင်ဘဝရှိတယ်၊ ပြီးတော့ သူက ပုလင်းဆွဲလို့ မရဘူး။"ဟုတ်တယ် သူ့နာမည်က ကျန်းချန်း သူက အရမ်းတော်တယ်သိလားမနက်ဖြန် ရှုကျူး သူ့ကိုတွေ့ဖို့ မမခေါ်လာမယ်နော်သူက အရမ်းတော်တာ ညီမလေးလည်း သူ့မြင်ရင် သဘောကျမှာပါ"ကျောင်းရှုလန်သည် ကျန်းချန်းကို ကျောင်း ရှုကျူးအား မိတ်ဆက်ပေးမည်ဟုပြောခဲ့သည်။ ကျောင်းရှုလန် ထိုကဲ့သို့ပြောသောအခါ ကျောင်းရှုကျူးက ကျန်းချန်းကို မြန်မြန်တွေ့နိုင်ပြီး သူ့ခဲအို၏ပုံပန်းသဏ္ဌာန်ကို တွေ့ရန်စောင့်နေမိသည်။