Chapter 239 - ခဲအိုကောင်းကြီး(၁)
သူမ၏အဒေါ်မိသားစုသည် အလွန်ရိုးသားပြီး ကျောင်းရှုလီသည်လည်း သူမ၏မှတ်ဉာဏ်တွင် မူလပိုင်ရှင်အပေါ် အလွန်စိတ်သဘောထားကောင်းလေသည်။
ယခု ကျောင်းရှုလန်၏ဘဝသည် ခက်ခဲလွန်းသဖြင့် ကျောင်းရှုလန်က သူမ၏ နှလုံးသားထဲတွင် အနည်းငယ် မပျော်မရွှင် ဖြစ်နေသည်။
ကျောင်းရှုလန်က လုမိန်ဖန်ကို "အဒေါ် ရှုလီဆီသွားပြီးတော့ သူ့ကိုအနိုင့်ကျင့်တဲ့လူတွေကို ပညာပေးရအောင်"
သူ့ညီမသာဆိုရင် ကျောင်းရှုလန်က ကူညီပေးရန် ဝမ်မိသားစုဆီ သွားလိမ့်မည်။
ဒါပေမယ့် ဒါက သူ့ဦးလေးရဲ့ ကိစ္စဖြစ်သောကြောင့် သူမ အရမ်းဝင်စွက်ဖက်လို့ မရပါပေ။
လုမိန်ဖန် သက်ပြင်းတစ်ချက်ချလိုက်ပြီး ဘာမှပြန်မပြော။
ကျောင်းရှုလန်သည် လုမိန်ဖန်၏ ပြဿနာမဖြစ်စေလိုသော သဘောထားကို သိလိုက်ပြီး စကားများစွာ မပြောခဲ့ပေ။
အချို့အရာများသည် အပြင်လူများအတွက် ပြောဆိုရန်လွယ်နေသော်လည်း သက်ဆိုင်ရာလူများအတွက် ထိုသို့လုပ်ပေးခြင်းက အကူအညီမဖြစ်နိုင်စေပေ။
သူ့ဦးလေးရဲ့မိသားစုဆီသို့ ထွက်မလာဘဲ ကျောင်းရှုလီက သူ့ယောက္ခမမိသားစုရဲ့ အနိုင်ကျင့်မှုကိုသာ ဆက်ခံစားနေလေသည်။
"ထမင်းအရင်စားကြတာပေါ့ စားရင်းပြောကြမယ်လေ!"
စကားလမ်းကြောင်းလွှဲကာ စိတ်မချမ်းသာစရာတွေ မပြောရန် ကျောင်းဝေကောင်းက သူ့ကို မျက်ရိပ်ပြလိုက်သည်။
ထိုမှပင် လူတိုင်းက စားပွဲဝိုင်းတွင် နေရာယူကာ စားသောက်ကြသည်။
အမျိုးသားများသည် အသီးအရွက်များကို စားကြပြီး အသားကို အမျိုးသမီးများ စားသုံးရန်သာ လုပ်ထားကြသည်။
ဝိုင်နှင့် အစားအစာ နှစ်မျိုးလုံးမှာ အလွန်ကောင်းမွန်သည်။
ကျေးလက်ကလူအနည်းစုကသာ Moutaiအရက်ကို သောက်နိုင်ကြပြီး ပုံမှန်သောက်နေသည်က ရိုးရိုးဝိုင်ဖြူတွေပင်။
ကျောင်းရှုလန် ချက်ပြုတ်ထားသော ဟင်းလျာများမှာ သာမန်ဟင်းများထက်ပိုအရသာရှိလေသည်။ ဆွေမျိုးများက ကျောင်းရှုလန်၏ လက်ရာကောင်းကို ချီးမွမ်းကြသည်။
ကျန်းချန်းဟာ သူ့အသက်ကြီးသူတွေကို ညစာစားပွဲမှာ ဧည့်ခံပေးပြီး လူငယ်တစ်ယောက်မှ ကြီးသူများအား သူ့ရဲ့လေးစားမှုနဲ့ ကြင်နာမှုကို ပြသခဲ့သည်။
ကျောင်းရှုလန်က ကျန်းချန်းသည် အရက်အလွန်အကျွံမသောက်နိုင်ကြောင်း မြင်လိုက်ရပြီး သူနည်းငယ်သောက်ပြီးနောက် သူ့မျက်နှာမှာ နီမြန်းလာသည်။
သူမသည် ကျန်းချန်း၏ အခြေအနေကို စိုးရိမ်သဖြင့် ဘေးမှကြည့်နေသည်။
ဒီလူက အရက်လည်းမသောက်နိုင်တာကို မငြင်းပဲ သီးခံနေတာပဲ။
ကျောင်းရှုလန်သည် ကျန်းချန်းကို နှောင့်ယှက်ရန် နည်းလမ်းမရှိသည့်အတွက် သူလျှော့သောက်မည်ဟုသာ မျှော်လင့်နိုင်သည်။
ညစာစားပွဲမှ လူများက ပျော်နေကြပြီး ကျောင်းရှုလန်သည် ကျောင်းရှုကျူး၏ဝေစုကို မမေ့ခဲ့ပေ။
ကျောင်းရှုကျူးအတွက် ထမင်းပန်းကန်လုံးကြီးတစ်လုံး အပြည့်ဖြည့်ကာ ကျောင်းရှုလန်ရဲ့အခန်းကို ပို့ပေးလိုက်သည်။
"ရှုကျူး ဗိုက်ဆာနေပြီလား"
ကျောင်းရှုလန်က ပြုံးပြီး မေးလိုက်သည်။
ကျောင်းရှုကျူးက ခေါင်းညိတ်လိုက်ပြီး "နည်းနည်းဆာတယ်"
"ဒါဆို မြန်မြန်စား!"
ကျောင်းရှုလန်ကပြောပြီး အစားအစာကို ကျောင်းရှုကျူးအား ပေးလိုက်သည်။
အစားအသောက်ကိုမြင်တော့ ကျောင်းရှုကျူးက ဝမ်းသာအားရနဲ့ "မမ စားကောင်းမဲ့ပုံပဲ ဟင်းတွေကအစ ကြည့်ပါဦး!"
"ဟုတ်တယ် ကျန်းချန်းဝယ်လာပေးတာ ဒီနေ့လူကြီးတွေနဲ့ တရားဝင်မိတ်ဆက်ပေးတယ် အဲ့တာမလို့ များပြီးကောင်းနေတာ"
"အဲ့တာကြောင့်ကို!"
"စား စား!"
ကျောင်းရှုလန်က ကျောင်းရှုကျူးကို ထမင်းစားဖို့ ဆော်ဩလိုက်ပြီး ကျန်းချန်းက ကျောင်းရှုကျူးအတွက် ဝယ်လာတဲ့ လက်ဆောင်တွေအားလုံးကို ယူလိုက်လေသည်။
ဤအရာများကို ကျောင်းရှုကျူး၏အိမ်တွင် သိမ်းဆည်းထားရမည်ဖြစ်ပြီး မဟုတ်ပါက မားယုမိန်တို့သားအမိ အပိုင်စီးကြဦးမည်ပင်။
အရှက်မရှိသော သားအမိမှာ ရသမျှအကုန်လိုချင်ကာ ကျောင်းရှုကျူးဆီကပင် လက်ဝါးကြီးအုပ်ချင်ကြလေသည်။
"ဒါက ငါ့ညီမလေး ဝယ်ထားတဲ့ လက်ဆောင်တွေပဲ!"
"မမ လက်ဆောင်ပါသေးတာလား"
"အေး ညီမလေးဖို့!"
ကျောင်းရှုကျူး တစ်ချက်ကြည့်လိုက်သည်။ သစ်သီးဗူးနှင့် သကြားလုံးများ နို့မှုန့်များပါရှိသည်။
နို့မှုန့်တောင် ပါတယ်!
ကျောင်းရှုလန်က နို့မှုန့်ကို ညွှန်ပြပြီး "ဒါက ခန္ဓာကိုယ်ကို အားဖြည့်ဖို့ ဝယ်လာတာ နောက်လည်းများများသောက် ဒါပေမဲ့ ဟိုသားအမိမမြင်စေနဲ့ မြင်လည်းပေးစရာမလိုဘူး!"
ကျောင်းရှုကျူးက ပြင်းပြင်းထန်ထန် တုန့်ပြန်လိုက်ကာ "မမ ခဲအိုကြီးက သဘောကောင်းလိုက်တာ ညီမလေးအပေါ်တောင် တွေးပေးတာ မမကိုသာဆို ခေါင်းထဲကထုတ်တော့မှာ မဟုတ်လောက်ဘူး"