Chapter 228 - မြို့သို့သွားကြခြင်း(၄)
Moutai ကို အရေအတွက် အကန့်အသတ်နဲ့ ရနိုင်ပြီး လေးပုလင်းပဲ ဝယ်နိုင်ခဲ့သော်လည်း အခြားဝိုင်များကို ကောင်တာတွင် ရောင်းထားသေးသည်။
ဤခေတ်ဝိုင်များတွင် Wuliangye နှင့် Luzhou Laojiao (အရက်အမည်များ) ပါဝင်သည်။ 1960 ခုနှစ်များတွင် Luzhou Laojiaoသည် "Bai Pagoda"ဆိုသည့် မှတ်ပုံတင်ထားသော ကုန်အမှတ်တံဆိပ်ကို ဖြန့်ချီခဲ့ကြသည်။ 1960 ခုနှစ်တွင် "Phoenix Brand" အဖြစ်မှတ်ပုံတင်ခဲ့သော Xifeng Wine လည်းရှိသည်။ ထို့အပြင် Gujing နှင့်အခြား ထုတ်ကုန်များလည်း ရှိသေးသည်။
နှစ်ဆယ့်တစ်ရာစု ဝိုင်တွေလောက် မကောင်းသော်လည်း ဂန္ထဝင် အမှတ်တံဆိပ်အချို့ ရှိနေသည်။
ဤဝိုင်များကို အကန့်အသတ်ဖြင့် ဝယ်ယူရန်မလိုအပ်သောကြောင့် ကျန်းချန်းသည် Wuliangye ဆယ်ပုလင်းကို ဝယ်ယူခဲ့သည်။
Moutai တစ်ပုလင်းလျှင် ၈ ယွမ် ရှိပြီး Wuliangye က တစ်ပုလင်းလျှင် ၂ ယွမ် ကျသင့်သည်။
အဲဒီနောက်မှာတော့ ငွေရှင်းသည့်အခါ ယွမ်မနည်းမနော ကုန်ကျလေသည်။
ကျန်းချန်း၏ ရက်ရောမှုကိုမြင်တော့ ကျောင်းရှုလန် အနည်းငယ် လန့်သွားသည်။
ဒီလူ ပိုက်ဆံတွေပေါနေလို့ အများကြီးဝယ်လိုက်တာလား။
"ဝိုင်အရမ်းများနေတယ်လေ အများကြီးဝယ်စရာမလိုဘူး၊ ပုလင်းနည်းနည်းပဲ ဝယ်ရအောင်နော်!"
ကျန်းချန်းသည် ဤကဲ့သို့သောပစ္စည်းများကိုဝယ်သည်ကိုမြင်လျှင် ကျောင်းရှုလန် အားနာလေသည်။ ငွေကုန်ကျသည်မှာ မနည်းချေ။
သို့သော် ကျန်းချန်းသည် ၎င်းကို လုံးဝဂရုမစိုက်သလို သူသည် ငွေသုံးခြင်းအတွက် လုံးဝ မနှမျောပေ။
ကျန်းချန်းက ပြုံးပြီး ကျောင်းရှုလန်ကို "ရှုလန် ရပါတယ်ကွာ ဦးလေးက သောက်ရတာ ကြိုက်တာမလို့ များများဝယ်ပြီး အိမ်ပြန်ကြစို့။ မြို့ကိုက သိပ်မလာဖြစ်ဘူးလေ အဲ့တာမလို့ များများဝယ်ထားတာ
ပြီးတော့ လူတွေကို ကျွေးရင် ဝိုင်လေးပါမှ ပိုကောင်းတာပေါ့ "