Chapter 249

648 53 0
                                    

Chapter 249 - ထရပ်ကားငှားလာခြင်း(၁)

ထုတ်လုပ်ရေးအဖွဲ့တစ်ခုစီသည် အများသူငှာ ရိက္ခာများဝေပေးရာတွင်လည်း အလွန်တက်ကြွပါသည်။ အားလုံးက တက်ကြွသည့်အပြင် ဆုလာဘ်များလည်း ရရှိကြလေသည်။

ဆုလာဘ်တွေက အများကြီးမဟုတ်ပေမယ့် ဂုဏ်ယူစရာပင်။



တစ်ခါတစ်ရံတွင် ငွေအချို့နှင့် အစားအသောက်တချို့ကို ဆုပေးပြီး  ဝက်နှစ်ကီလိုလောက်ကိုလည်း ဆုပေးလေသည်။



အိမ်ထောင်စုတစ်ခုစီအတွက် ကောက်နှံအနည်းငယ်နှင့် ဝက်သား တစ်ကီလို နှစ်ကီလိုမျှသာ ဝေပေးနိုင်သည်။



ဒါပေမယ့် ဒီခေတ်လူတွေအတွက်တော့ ဒီအချက်လေးတွေက အရမ်းကောင်းပေသည်။



အထူးသဖြင့် အသားကိုလည်း ရနိုင်သောကြောင့် မိသားစုများတစ်နှစ်တစ်ခါ နှစ်ခါလောက် ဝက်သားစားနိုင်ကြသည်။



ထို့ကြောင့် ထုတ်လုပ်မှုအဖွဲ့တစ်ခုစီသည် အစားအသောက်ပေးပို့မှုတွင် အလွန်အရေးကြီးပါသည်။



သို့သော် ဤခေတ်တွင် လမ်းပန်းဆက်သွယ်ရေးသည် အတော်ပင် ခက်ခဲလွန်းသည်။၏ ကုန်တင်ကားများနှင့် ထရပ်ကားများကဲ့သို့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း မရှိပေ။ စပါးများကို တွန်းလှည်းများ သို့မဟုတ် မြည်းလှည်းများ၊ နွားလှည်းများဖြင့် သယ်ကြပြီး အားများသော အမျိုးသားများက ကိုယ်တိုင်သယ်ကြလေသည်။ သို့သော် ပင်ပန်းလွန်းလေသည်။



ခရိုင်ရုံးအနီးရှိ ထုတ်လုပ်ရေးအဖွဲ့မှာ အဆင်ပြေကြလေသည်။ လမ်းတွေ အများကြီး သွားစရာမလိုသောကြောင့် အစားအသောက်ပို့ရတာ ပိုအဆင်ပြေ၏။



သူတို့လို ဝေးကွာနေတဲ့ သူတွေအတွက်တော့ အများသူငှာ စားနပ်ရိက္ခာ ဝေပေးရသည်က တော်တော် ဒုက္ခရောက်ပါတယ်။



အကွာအဝေးက အရမ်းဝေးပြီး လမ်းပန်းဆက်သွယ်ရေး အဆင်မပြေတာကြောင့် ထုတ်လုပ်ရေးအဖွဲ့က တခြားထုတ်လုပ်ရေးအဖွဲ့တွေထက် ရိက္ခာပို့ဆောင်ဖို့ နှစ်စဉ်ခက်ခဲနေကြသည်။



ပုံမှန်မှာ စပါးကိုဝေရန် ထုတ်လုပ်ရေးအဖွဲ့မှ လူအများအပြားကို စေလွှတ်သည်။ လူတိုင်းက ဝန်ကိုထမ်း၍ ခရိုင်ရုံးသို့ သွားဝေပေးကြရသည်။



နှစ်တိုင်းနောက်ကျနေသောကြောင့် ကျောင်းရှုလန်ရဲ့ ထုတ်လုပ်ရေးအဖွဲ့က အစားအစာတွေကို စောစောပို့ပေးချင်နေလေသည်။



အားသာချက်မရှိပေမယ့် ဘယ်သူက ပထမနေရာကို မလိုချင်ပဲ နေမည်မဟုတ်ပေ။ ထို့အပြင် ဆုငွေလည်းရှိသေးသည်။

ပထမနေရာကို မရဘူးဆိုရင်တောင် နောက်ကျမကျန်အောင် ထိန်းထားနိုင်သလို အပေါ်စီးက အပြစ်ပြောကြသည်ကိုလည်း ခံရမှာ မဟုတ်ချေ။



ဆန်တင်ပို့မှုသည် ထုတ်လုပ်ရေးအဖွဲ့အပေါ် မူတည်နေသည်။ ကျောင်းရှုလန်ရှိနေသည့် လုကျွမ်း ထုတ်လုပ်ရေးအဖွဲ့သည် ဖင်းဟူ ထုတ်လုပ်ရေးအဖွဲ့၏ အဖွဲ့ခွဲတစ်ခုဖြစ်သည်။



ဖင်းဟူ ထုတ်လုပ်ရေးအဖွဲ့တွင် စုစုပေါင်းထုတ်လုပ်မှုအဖွဲ့ ဆယ်ခုရှိပြီး ထုတ်လုပ်ရေးအဖွဲ့များစွာသည် အခြေခံအားဖြင့် စုဆောင်းမှုကို ပြီးမြောက်ခဲ့သည်။



လုကျင်ရှန်း ပြင်ဆင်နိုင်စေရန်အတွက် ထုတ်လုပ်ရေးအဖွဲ့ချုပ်က လုကျင်ရှန်း အား ပြည်သူ့ရိက္ခာများ စောစောစီးစီး ပေးရန် အကြောင်းကြားခဲ့သည်။



"အခုက လူတိုင်းကို စပါးဝေရမဲ့ အချိန်ဆိုတော့ ငါတို့ဖင်းဟူ ထုတ်လုပ်ရေးအဖွဲ့က နောက်ကျ ကျန်နေလို့မရဘူး တတ်နိုက်သမျှစောပြီး ဆုယူရမယ်။ အဲ့လိုမှမဟုတ်ရင် ပြစ်တင်ကြဦးမယ်"

"ပို့ဆောင်ရေး ကြိုပြင်ထားကြပေါ့။ ပြည်သူတွေကိုပေးမဲ့ စပါးတွေက အရည်အသွေးကောင်းရမယ်။



ဒါက ငါတို့ ဖင်းဟူ ထုတ်လုပ်ရေးအဖွဲ့ရဲ့ စံနမူနာထားစရာဖြစ်နေလို့ ထုတ်လုပ်ရေးအဖွဲ့တိုင်းက တသွေမသိမ်း လုပ်ရမယ်။"



"..."



ထုတ်လုပ်ရေး အဖွဲ့ချုပ်က ပါတီအတွင်းရေးမှူးအား ဖုန်းဆက်ပြီး လူတိုင်း၏ စိတ်ဓာတ်ကို တတ်ကြွရန်ပြောပေးခဲ့သည်။



ထုတ်လုပ်ရေးအဖွဲ့ အသီးသီးကလည်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ နေလှန်းထားသော ဆန်များကို အိတ်ခွံတစ်ခုစီ၏ နံပါတ်စဉ်အလိုက် ထည့်ကြ၏။



ထုတ်လုပ်ရေးအဖွဲ့သည် အားလုံးလုပ်ပြီးသော်လည်း အလုပ်များနေသေးသည်။



အများသူငှာ စားနပ်ရိက္ခာ ဝေပေးမှုတွက် ကူပေးသ၍ အလုပ်အမှတ်များရနိုင်လေသည်။



နည်းနည်းလေး ပင်ပန်းနေရင်တောင် လူတိုင်းပျော်ကြသည်။



ပထမအချက်မှာ အလုပ်ရမှတ်များ ရနိုင်ပြီး၊ ဒုတိယအချက်မှာ အများသူငှာ အစားအသောက်ကို ဝေပေးပြီးနောက် ကျန်သည်ကို ခွဲယူနိုင်သည်။

ကျောင်းရှုလန် နှင့် ကျန်းချန်းတို့သည်လည်း အလုပ်များလွန်းသည်။



လုကျင်ရှန်းသည် နှစ်ပေါင်းများစွာကြာအောင် ဖင်းဟူ ထုတ်လုပ်ရေးအဖွဲ့၏ အများသူငှာ စပါးဝေငှမှုတွင် ပထမနေရာကို မရရှိခဲ့သည့်အတွက် နောင်တရခဲ့သည်။ နည်းလမ်းဘယ်လိုမှ မရှိခဲ့ချေ။ ထုတ်လုပ်ရေးအဖွဲ့သည် ခရိုင်ရုံးနှင့် ဝေးကွာလွန်းသဖြင့် အခြားအဖွဲ့များနှင့် ယှဉ်လို့မရနိုင်ချေ။



ဒီတစ်ခါလည်း ပထမနေရာကို မရမှာ သေချာသည်။



လုကျင်ရှန်းသည် အများသူငှာ ရိက္ခာများ ဝေပေးခြင်းအတွက် စိတ်မချမ်းသာရုံသာမက အနည်းငယ် စိတ်ဓာတ်ကျနေသည်ကို တွေ့ရသဖြင့် ကျန်းချန်းက အကြောင်းပြချက်ကို မေးသည်။ 

လယ်သမားဇနီးမှာ နေရာလွတ်ရှိတယ် Book 2Wo Geschichten leben. Entdecke jetzt