Chapter 238 - စားကြပါ(၃)
ဝိုင်က အရသာရှိပေမယ့် တစ်ယောက်တည်းသောက်ရသည်ထက် အများနဲ့သောက်ခြင်းက ပိုအရသာရှိသည်။
ယနေ့ အဖြစ်အပျက်များကြောင့် ကျောင်းဝေကောင်းက မျက်နှာကောင်းပြီး ကျန်းချန်း ပေးသောဝိုင်ကို အားလုံးနဲ့သောက်ရန် မတွန့်တိုနေပေ။
ဝိုင်နဲ့ အသားတွေပေါပေါများများရှိနေသဖြင့် ကျောင်းဝေကောင်းက ပီတိဖြာနေလေသည်။
ခြုံကြည့်ပါက ကျန်းချန်းက လူရည်မွန်ဖြစ်သောကြောင့်သာ ဖြစ်သည်။ ကျန်းချန်းမရှိရင် ဒီလိုမျိုး လူတွေကို ဧည့်ခံနိုင်မည်မဟုတ်ပေ။
"ကောင်းပြီ ဒါဆို ဒီနေ့ ကောင်းကောင်း စားသောက်ကြတာပေါ့!"
ယောင်္ကျားများသည် သူတို့၏မျက်နှာပေါ်တွင် တောက်ပသောအပြုံးများ ရှိနေပြီး ဝိုင်သောက်ရခြင်းကို ဘာမဆိုလုပ်ရတာထက် ပိုပျော်ကြသည်။
ကျောင်းရှုလန် ရဲ့အကြီးဆုံးအဒေါ် လုမိန်ဖန်က ကျောင်းရှုလန်ဆီကို လှမ်းလာပြီး "သမီး ရှုလန် အဒေါ်မသိလို့ကွယ် လက်ဆောင်တောင်မပါလာဘူး အိမ်မှာ အနီရောင် ခေါင်းစည်း နှစ်ခုရှိလို့ယူလာတယ် သမီးဆံပင်လေးက ကောင်းတော့ အဲ့တာလေးနဲ့ဆိုလှမှာ!"
လုမိန်ဖန်က ကျောင်းရှုလန်၏လက်ထဲသို့ ထည့်လိုက်သည်။
အခုခေတ်မှာ အထူးသဖြင့် ရွာသူတွေက အလှပြင်ခြင်းမရှိသည့်အတွက် အနီရောင် ခေါင်းစည်းကြိုးက အရမ်းကြည့်ကောင်းနေပြီလို့ ထင်နေကြသည်။
လက်ဆောင်က အဖိုးတန်သည့် လုမိန်ဖန်၏ နှလုံးသားပင်ဖြစ်သည်။ထို့ကြောင့် ကျောင်းရှုလန်က မငြင်းဘဲ လုမိန်ဖန် ကို ကျေးဇူးတင်လိုက်သည်။
ကျောင်းရှုလန်၏ ဒုတိယအဒေါ် လောင်ယုကျွမ့်ကလည်း "သမီး ရှုလန် ဒေါ်လေးလဲ ဘာလက်ဆောင်မှမပါလာဘူးကွယ် အိမ်ပြန်ပြီး ဖိနပ်လေးပြန်ယူလိုက်ဦးမယ်"
ကျောင်းရှုလန်ဟာ ကလေးဘဝကတည်းက သူ့အမေကို ဆုံးရှုံးခဲ့ရသည်။ မားယုမိန်မှာ သူမ၏ အမေအရင်းမဟုတ်သောကြောင့် ဖိနပ်မပေးရပါ။ သူဝတ်တဲ့ ဖိနပ်အားလုံးက ပတ်ဝန်းကျင်က ပေးထားခြင်းသာဖြစ်သည်။
လောင်ယုကျွမ့်သည် သူမမှာရှိသော ဖိနပ်အသစ်လေးအား ရှုလန်ကိုပေးလိုက်သည်။
ကျောင်းရှုလန်ကလည်း ကျေးဇူးတင်စကား ပြောလိုက်၏။
လုမိန်ဖန်က မနာလိုစွာ သက်ပြင်းချလိုက်ပြီး "သမီးရယ် ကျန်းချန်းနဲ့တွေ့ခွင့်ရတာ တကယ်ကံကောင်းတယ်။ အဒေါ့်သမီးလိုမဟုတ်ဘူး"
ထိုသို့ပြောရင်း လုမိန်ဖန်၏ မျက်လုံးများ နီရဲလာသည်။
လုမိန်ဖန်၏သမီး ကျောင်းရှုလန်၏ဝမ်းကွဲသည် ထုတ်လုပ်ရေးအဖွဲ့မှ ဝမ်ဟုခေါ်သော မိသားစုနှင့် လက်ထပ်ခဲ့သည်။
ယောက္ခမ မိသားစုက သူ့သမီးကို ဆိုးဆိုးရွားရွား ဆက်ဆံသည်။ သူမမှာ ကိုယ်ဝန် ရှစ်လကျော်ရှိနေပြီဖြစ်ပြီး မီးဖွားတော့မည်ဖြစ်သော်လည်း ကျောင်းရှုလီကို လယ်ကွင်းမှာ အလုပ်လုပ်ခိုင်းတုန်းပင်။
ဒါက မဆိုးရွားသေးချေ။ ကျောင်းရှုလီ၏ယောက္ခမ မစ္စဝမ်သည် ဩဇာညောင်းလေသည်။ သူ့ချွေးမ ဗိုက်ကြီးတယ် ဆိုတာ သူသိသော်လည်း သူမအား တစ်အိမ်လုံး၏ အဝတ်ကိုလျော်ခိုင်းသည့်အပြင် ဘုရင်မကြီးကဲ့သို့ ဘာမှလုပ်ပဲ မိန့်မိန့်ကြီးနေလေသည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် အားပြည့်အောင် လုပ်ပေးရမည်ဖြစ်သော်လည်း ကျောင်းရှုလီ၏ယောက္ခမမိသားစုမှာ ကျောင်းရှုလီအား နေ့တိုင်းလျော့ကျွေးလေသည်။ သူမသည် ကိုယ်ဝန်ရှိပြီး ဘာမှ မစားရကာ ငတ်သေလုနီးပါးဖြစ်ရသည်။
အခုခေတ်မှာ လူတိုင်းအတွက်လည်း ခက်ခဲနေလေသည်။ လုမိန်ဖန်သည် သူ့သမီးကို ချစ်သော်လည်း မိသားစုက သူမကို စားစရာအလွန်မထောက်ပံ့နိုင်ချေ။
ကျောင်းရှုလီ၏ဘဝသည် အလွန်ခက်ခဲခဲ့ပြီး ယောက္ခမဖြစ်သူက ထိုသို့နှိပ်စက်နေရသည်မှာ သားအကြီးဆုံးကြောင့်ဖြစ်သည်။
သားအကြီးဆုံးက အလုပ်ရှာဖို့ မြို့ကိုသွားပြီးနောက် သူသည် မြို့ပြအလုပ်သမားတစ်ဦးဖြစ်နေပြီဖြစ်သဖြင့် မစ္စဝမ်သည် အလွန်ဂုဏ်ယူမိသည်။ တစ်ချိန်တည်းမှာပင် သားအကြီးဆုံးက ခရိုင်မြို့ရှိလူအား လက်ထပ်ပြီး ခရိုင်မြို့လေးတွင် ပျော်ရွှင်စွာနေထိုင်ရန် သူမကို ခေါ်ဆောင်မည်ဟု စိတ်ကူးခဲ့သည်။
ကျောင်းရှုလီသည် သမီးလေးကိုသာမွေးခဲ့သဖြင့် ယောက္ခမ၏ မျက်နှာသာပေးခြင်းမခံရပဲ ပိုပိုဆိုးလာခဲ့သည်။
ကျောင်းရှုလီရဲ့ ယောက်ျားကတော့ အားကိုးချင်စရာ မကောင်းပေ။ မစ္စဝမ်နှိပ်စက်နေသည်ကိုသိသော်လည်း မလှန်နိုင်ပဲ ကြည့်နေရုံသာ တတ်နိုင်နေသည်။
ထို့အပြင် ကျောင်းရှုလန်၏မိသားစုသည် ပျော့ညံ့သောစိတ်ထားရှိပြီး ပြဿနာရှာရန် ဝမ်၏အိမ်သို့ မသွားဝံ့ကြပေ။