Chapter 204 - အပြန်အလှန် ဝယ်ပေးကြခြင်း(၂)
ကျောင်းရှုလန် ၏ကြင်နာမှုကို မငြင်းနိုင်သောကြောင့် ကျန်းချန်းက လက်ခံလိုက်သည်။
ကျောင်းရှုလန် ပေးခဲ့သောအရာကိုတွေးရင်း ကျန်းချန်း၏ နှလုံးသားထဲတွင် ပီတိပန်းများ ပွင့်နေလေသည် ။
ကျောင်းရှုလန် ပေးခဲ့တဲ့ သားရေဖိနပ်ကို ကြည့်ရင်း ကျောင်းရှုလန် အကြောင်းကို မကြာခဏ တွေးန်ုင်လေသည်။
ထုံးစံအတိုင်း ကျောင်းရှုလန်သည် ကျန်းချန်း၏ အတွေးကို မသိသောကြောင့် သူမသည် ပြုံးပြီး ကျန်းချန်း ဆီသို့သွားကာ “သင့်တော်မယ်ထင်ရင် ဒါလေးဝယ်လိုက်မယ်နော်”
ကျန်းချန်းက ခေါင်းညိတ်ပြသော်လည်း သူသည် အခြားအရာများကို ဂရုမစိုက်ဘဲ ရွေးချယ်ခြင်းမရှိပေ။
ဘာပဲဖြစ်ဖြစ် ကျောင်းရှုလန် ရွေးချယ်ခဲ့တာက အကောင်းဆုံးဖြစ်ပြီး သူမရွေးချယ်သမျှကို သူ နှစ်သက်လေသည်။
“ရဲဘော် ဒီဖိနပ်က ဘယ်လောက်လဲ။” ကျောင်းရှုလန် က အရောင်းဝန်ထမ်းကို မေးလိုက်၏။
“ဆယ့်ခြောက်ယွမ် လက်မှတ်မလိုဘူး”
ဆယ့်ခြောက်ယွမ်က တကယ်စျေးကြီးသည်။
သာမန် မြို့ပြအလုပ်သမားများ၏ လစာထက်ဝက်နီးနီးပင်။
ပိုက်ဆံတွေအများကြီးကြားတော့ ကျန်းချန်း မျက်မှောင်ကြုတ်ပြီး တစ်ခုခုပြောဖို့ စဉ်းစားနေပေမဲ့ ကျောင်းရှုလန်က ပိုက်ဆံကို အမြန်ထုတ်ပြီး အရောင်းသမားကို ပေးလိုက်တယ်။
“အဲ့တာလေး ဝယ်မယ်နော် ထုတ်ပေးပါ”
“ကောင်းပြီ ရဲဘော်!”
မူလက အရောင်းသမား၏ သဘောထားသည် အေးစက်ပြီး အထင်မကြီးသည့်ဟန်ပင်။ ကျောင်းရှုလန် အဝတ်စုတ်ဝတ်ထားသည်ကို မြင်လိုက်ရသဖြင့် ကျောင်းရှုလန် သည် ဤမျှစျေးကြီးသော သားရေဖိနပ်ကို မတတ်နိုင်ဟု သူမထင်ခဲ့သော်ငြား ကျောင်းရှုလန်က ပိုက်ဆံကို လွယ်လွယ်ကူကူ ထုတ်ပေးနိုင်မည်ဟု မမျှော်လင့်ခဲ့ပေ။
ငွေလက်ခံရရှိပြီးနောက် အရောင်းသမားက ချက်ချင်းပင် စိတ်အားထက်သန်လာပြီး ဖိနပ်များကို ထုပ်ပိုးရန် ကူညီပေးခဲ့သည်။
ဝယ်ယူမှုအချို့ပြုလုပ်ပြီးနောက် ကျောင်းရှုလန် နှင့် ကျန်းချန်းတို့၏လက်ထဲတွင် နောက်ထပ်ပစ္စည်းအချို့ရှိခဲ့သည်။
မနက်ဆယ်နာရီကျော်လောက်ရှိကာ သူတို့ဈေးဝယ်ထွက်ပြီးသည့်အတွက် ကျန်းချန်းက သူ့လုပ်ဖော်ကိုင်ဖက်ဟောင်းဆီ သွားရန်ပြင်လိုက်သည်။
မြို့က သိပ်မကြီးသည့်အတွက် အချိန်ပိုလေးတွင် သူ၏မိတ်ဆွေဟောင်း အိမ်သို့ သွားလေသည်။
ဒီနေ့က သူ့လုပ်ဖော်ကိုင်ဖက်ရဲ့ ပိတ်ရက်ဖြစ်သည့်အတွက် အိမ်မှာရှိနေနိုင်သည်။
ကျန်းချန်း၏ လုပ်ဖော်ကိုင်ဖက်မှာ ချန်ဟုန်ဝိန် ဖြစ်သည်။ မီးရထားဌာနတွင် အလုပ်လုပ်ဖူးပြီး အလုပ်ကြောင့် ဒဏ်ရာရရှိခဲ့သည်။ မီးရထားဌာနတွင် အလုပ်မလုပ်နိုင်သဖြင့် မြို့၏လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုဖူလုံရေးဌာနသို့ ပြောင်းရွှေ့ခဲ့သည်။
လုချင်၏နိုင်ငံကဲ့သို့ပင် ချန်ဟုန်ဝိန် ၏အိမ်ကိုလည်း အခန်းပိုင်းထားသည်။
လေးဆယ် သို့မဟုတ် ငါးဆယ်စတုရန်းမီတာခန့် ကျယ်ဝန်းသော အခန်းတစ်ခုတွင် မိသားစုတစ်စု စည်ကားသိုက်မြိုက်စွာနေလေသည်။
ကျန်းချန်း လာတာကိုမြင်တော့ ချန်ဟုန်ဝိန်က အရမ်းပျော်သွားပြီး “ကျန်းချန်း မင်းက ဘာလို့ဒီကိုရောက်နေတာလဲ”
ကျန်းချန်းက ပြုံးပြီး “မင်းအိမ်မှာရှိနေမယ်ထင်လို့ လာတာပေါ့ကွ
တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတာကြာပြီဆိုတော့ တွေ့ချင်လို့။ “
ချန်ဟုန်ဝိန်က ကျန်းချန်း ပုခုံးကို ပုတ်လိုက်ပြီး ရယ်ကာ “ဟုတ်ပြီ စကားတွေပြောကြတာပေါ့ကွာ လောလောဆယ်တော့ အိမ်ထဲဝင်ဦး”
ကျန်းချန်း နှင့် ကျောင်းရှုလန် အတူတူ အိမ်ထဲသို့ ဝင်လိုက်သည် ။
ကျန်းချန်းက ချန်ဟုန်ဝိန် အတွက် သူဝယ်ထားတဲ့ ပစ္စည်းတွေကို သူ့ဆီ ပေးလိုက်ပြီး “ဟုန်ဝိန် ငါဒါတွေမင်းအတွက်ဝယ်လာတာ”
“အားနာစရာကြီးကွာ မင်းကလည်း ဘာလို့ဝယ်လာတာတုန်း”
ကျန်းချန်း ဝယ်တဲ့ပစ္စည်းတွေကိုကြည့်ရင် ဈေးသိပ်မကြီးချေ။
ချန်ဟုန်ဝိန်က ထိုပစ္စည်းများကို လက်ခံရန် အားနာလေသည်။
ကျန်းချန်းက ဘာမှဂရုမစိုက်ဘဲ “အများကြီး မဟုတ်ပါဘူးကွာ ငါ့ကိုလာအားမနာနေပါနဲ့ လက်ဗလာနဲ့ မလာချင်လို့။”
“အဲ့တာဆို ငါလည်း အားမနာဘဲ ဧည့်ခံတော့မယ်” ချန်ဟုန်ဝိန်သည် ကြောင်သူတော် မဟုတ်ပါ။ ကျန်းချန်းက သူ့ကို စိတ်ရင်းမှန်ဖြင့် ပေးသည်ကို သိသဖြင့် သူမငြင်းခဲ့ပေ။
ကျန်းချန်းကို ထိုင်ပြီး စကားစမြည်ပြောရင်း ကျောင်းရှုလန်ကို မတွေ့ဘူးသဖြင့် ကျန်းချန်း၏ဇနီးလား ဟူ၍ စပ်စုလိုက်လေသည်။
ကျန်းချန်း နှင့် ကျောင်းရှုလန် နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
Zawgyi