Chapter 240 - ခဲအိုကောင်းကြီး(၂)
သူ့ညီမငယ်လေးက တကယ့်ကို နတ်ဆိုးလေးပေ။
ကျောင်းရှုလန်က "တော်တော် အထာနပ်တဲ့ကလေးမလေးပဲ ငါ့ညီမလေးက"
"ဒါပေါ့ ညီမက ငယ်သေးပေမဲ့ ဘယ်သူကောင်းတယ် ဘယ်သူဆိုးတယ်ဆိုတာ သိပါတယ်။ ခဲအိုက လက်ဆောင်တွေ ပေးပြီး အရမ်းရက်ရောတယ်။ အဲ့တော့သူကလူကောင်းပဲပေါ့။ ဒီလို ခဲအိုကြီးရလို့ ပျော်မဆုံးဘူး!"
"ရှုကျူး ခဲအိုနဲ့တွေ့ချင်လား" ကျောင်းရှုလန်က ပြုံးပြီး မေးလိုက်သည်။
"မမ ထမင်းစားပြီးရင် တွေ့ရအောင် ကူညီပေးလေ"
"ရပါတယ် ညီမလေးရယ် ထမင်းစားပြီးရင် လာခိုင်းမှာပေါ့ ညီမလေးက ဒီမှာပဲနေ" ကျောင်းရှုကျူးက အိပ်ရာကထဖို့ အဆင်မပြေတဲ့အတွက် ကျန်းချန်းကို ခေါ်လာသည်က ပိုကောင်းလေသည်။
"ဟုတ်!"
အစားအသောက်က အရသာရှိပြီး ကျန်းချန်းထံမှ ဤလက်ဆောင်များပါ ရသည့်အတွက် ကျောင်းရှုကျူးသည် သူမ၏ မျက်နှာငယ်လေးတွင် တောက်ပသော အပြုံးတစ်ခု ရှိနေသည်။
စားသောက်ခန်းတွင် အချိန်အကြာကြီး သောက်ကြပြီး ထိုသို့သော ပျော်ရွှင်မှုမျိုးကို ကြုံတွေ့ရရန် ရှားပါးသဖြင့် ပျော်ပျော်ပါးပါးဝဝလင်လင် သောက်နေကြသည်။
စားကြသောက်ကြရင်း ည ရှစ်နာရီထိုးကာ အပြင်မှာ မှောင်နေလေပြီ။
ကျောင်းဝေကောင်းက အများကြီးသောက်လိုက်သဖြင့် မူးနေကာ ကိုယ်လက်ပင်မဆေးနိုင်ပဲ အခန်းထဲသို့ သွားကာ
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။
တခြားလူတွေကလည်း အသီးသီးပြန်သွားကြသည်။
ကျန်းချန်းလည်း အရမ်းမူးနေပေမယ့် သူသတိရှိနေတုန်းပင်။
"ကျန်းချန်း ရှင်အဆင်ပြေရဲ့လား"
ကျောင်းရှုလန်သည် ကျန်းချန်းဆီသို့ လျှောက်သွားပြီး ကျန်းချန်း၏ နောက်ကျောကို ပုတ်ကာ စိုးရိမ်စိတ်ဖြင့် မေးသည်။
ကျန်းချန်းက ခေါင်းခါပြီး "ရှုလန် ကိုယ်အဆင်ပြေပါတယ်"
သူအဆင်ပြေသည်ဟုပြောသော်လည်း ကျန်းချန်းသည် တံတွေးများစွာကို အန်ထုတ်လေသည်။
ကျောင်းရှုလန်က ကူကယ်ရာမဲ့ သက်ပြင်းချရင်း "အဆင်ပြေလို့လား မသောက်နိုင်တာကို ဘာလို့အများကြီးသောက်တာလဲ"
အရက်မသောက်နိုင်ပဲ ကြိတ်မှိတ်ကာ သောက်နေခဲ့သည်။
ကျန်းချန်းစ နီမြန်းနေသော မျက်နှာနှင့် အဆင်မပြေသောပုံစံကို မြင်လိုက်ရတော့ ကျောင်းရှုလန်သည် စိတ်ပူလာကာ မခံစားနိုင်တော့ချေ။
ကျန်းချန်းက ရယ်မောပြီး ကျောင်းရှုလန်အား "ရှုလန် ကိုယ်ဒီန့်ေ အရမ်းပျော်တာပဲ အန်ရုံမက ဘာပဲဖြစ်နေနေ ထပ်သောက်နိုင်သေးတယ်"
ကျောင်းရှုလန်သည် ကျန်းချန်း၏ မူးနေသော်လည်းရယ်လိုက်သဖြင့် ထိုလူ တကယ်ပျော်နေမှန်း သိလိုက်သည်။
နောက်ဆုံးတော့ သူမနဲ့အတူရှိခွင့်ရတာ ဝမ်းသာမိလေသည်။
ကျောင်းရှုလန်က ဘာမှပြန်မပြောဘဲ လက်ကိုင်ပုဝါကိုထုတ်ပြီး ကျန်းချန်း ရဲ့ပါးစပ်ကို သုတ်လိုက်ကာ "ညီမလေးနဲ့ တွေ့ဖို့ခေါ်သွားပေးမယ်"
"အင်း!"
ကျန်းချန်းသည် အဝတ်အစားကို သပ်ရပ်အောင်ပြန်ပြင်လိုက်ကာ အနာဂတ်ခယ်မလေးအား အထင်ကြီးစေချင်လေသည်။
နှစ်ယောက်သား ကျောင်းရှုကျူး၏အိမ်သို့သွားကြသည်။ ကျောင်းရှုကျူးသည် ကျန်းချန်း၏ အရပ်နှင့် ထိုချောမောသောမျက်နှာရှိသည့် ကျန်းချန်းအား ပို၍သဘောကျနှစ်ခြိုက်စေသည်။
"မမ ခဲအိုကြီးကအရမ်းကြည့်ကောင်းတာပဲ"
ထိုသို့သော ခဲအိုသာလျှင် သူ့အမနှင့် ထိုက်တန်သည်။ သူ့အမသည် အကောင်းဆုံးနှင့်သာ ထိုက်တန်သည်။
ကျောင်းရှုကျူး၏စကားကြောင့် ကျန်းချန်းသည် အလွန်ပျော်ရွှင်ပြီး "အမြင်ကောင်းလိုက်တာ!"
ကျောင်းရှုလန်ဘက်မှလည်း အနည်းငယ် ရယ်မောလိုက်သည်။
ကျောင်းရှုကျူးက သူ့ခဲအိုလောင်းအတွက် အလွန်ကျေနပ်သည်။
နောက်ကျနေပြီမို့ ကျောင်းရှုလန်က ကျန်းချန်းကို ပြန်ပို့ဖို့ ပြောလိုက်သည်။
ကျန်းမိသားစုမှ ဇနီးမောင်နှံက အရင် ပြန်သွားကြပြီ။ ကျန်းချန်းက ကျောင်းရှုလန်နှင့် ရှိနေဆဲဖြစ်ပြီး ကျန်းချန်း မူးနေပြီ ဖြစ်သဖြင့် ကျောင်းရှုလန်က တစ်ယောက်တည်း ပြန်လွှတ်ရမည်ကို စိုးရိမ်လေသည်။
"ရှုလန် ကိုယ်တစ်ယောက်ထဲ ပြန်မယ် စိတ်မပူနဲ့ ကိုယ့်မိန်းကလေးရေ!"
ကျန်းချန်းက ငြင်းသည်။
ကျောင်းရှုလန်က တင်းမာသောမျက်နှာဖြင့် "မရဘူး ရှင်မူးနေပြီး လမ်းတောင်ဖြောင့်အောင် မလျှောက်တိုင်တာ ဟိုတိုက်ဒီတိုက် တိုက်မရင် ဘယ်လိုလုပ်မလဲ ပြီးတော့ ထုတ်လုပ်ရေးအဖွဲ့မှာ လူတိုင်းက စိတ်ထားပြည့်နေတာမဟုတ်ဘူး ရှင့်ကို တစ်ခုခု အန္တရာယ်ဖြစ်အောင် လုပ်လိုက်မှာစိုးတယ်"