Chapter 222 - တွေ့ဆုံနှုတ်ဆက်ခြင်း(၁)
လီလီကျွမ့်၏စကားကို နားထောင်ပြီးနောက် မားယုမိန်သည် အဓိပ္ပါယ်ရှိသည်ဟု ခံစားမိသောကြောင့် သူမ ဘာမှပြန်မပြောပေ။
ကျန်းချန်းက ရှင်းပြပြီး “ဦးလေးကျောင်း စိတ်မပူပါနဲ့ အဲ့တာကျွန်တော်မဟုတ်ပဲ ဆွေမျိုးတွေဆိုတော့ အဲ့ကိစ္စအတွက် စိတ်ခုနေဖို့ မလိုပါဘူး အဲ့လိုတွေဖြစ်လာမှာစိုးလို့ ကျွန်တော်အဖိုးက ခေါ်လာတာ။”
ကျောင်းဝေကောင်း ခေါင်းညိတ်လိုက်သည်။
တကယ်တော့ ကျန်းချန်းက အရမ်းမဆိုးသည်ကို သူလည်း အသိအမှတ်ပြုသည်။ ကျန်းချန်းက ထုတ်လုပ်ရေးအဖွဲ့အတွက် ကောင်းမွန်သောအရာတစ်ခုကို လုပ်ဆောင်ခဲ့ပြီး ယခုအခါ ထုတ်လုပ်ရေးအဖွဲ့ရှိလူများသည် ကျန်း မိသားစုအပေါ် မကောင်းမြင်စိတ်မရှိပေ။
ဒါပေမယ့် ကျန်းချန်းရဲ့ မိသားစုပါ ကောင်းမွန်နေပါက ပိုအဆင်ပြေနိုင်သည်။
ပြောရရင် ကျောင်းဝေကောင်းက သိပ်မသိသေးသည်များ ရှိနေသေးသည်။ ကျန်းချန်း၏ သာမန် မိသားစုကိစ္စများကိုသာ သူသိပြီး အတွက်းကျကျမသိသေးပေ။
ထို့ကြောင့် ကျောင်းဝေကောင်းက “ကျန်းချန်း မင်းဘယ်ကလာတာလဲ မင်းမိသားစုကရော ဘာလုပ်ကြလဲ ဘယ်မှာနေကြလဲ။ မိသားစုဝင်ရော ဘယ်နှယောက်လဲ”
ကျောင်းဝေကောင်း သိထားသောအရာသည် ရိုးရိုးအကြောင်းများသာဖြစ်သဖြင့် ကျန်းချန်းက ကျောင်းဝေကောင်းကို အလေးအနက်ထားကာ “ကျွန်တော့်မိသားစုက လုမြို့တော်က ကျွန်တော်က မီးရထားအင်ဂျင်နီယာအလုပ်လုပ်တယ် ကျွန်တော့်မိဘတွေက ရုံးဝန်ထမ်းတွေပါ။ အဘိုးအဘွားတွေ ဦးလေးတွေကလွဲရင် မိသားစုဝင် အဖေရယ် အမေရယ် အစ်မရယ် ကျွန်တော်ရယ် ညီလေးရယ်ပါ”
ကျောင်းဝေကောင်းက ကျန်းချန်း၏ စကားကိုကြားသောအခါ သူ အံ့အားသင့်သွားပြန်သည်။
မားယုမိန်တို့ သားအမိတောင်ပါးစပ်ပြန်မစိ နိုင်ချေ။
ကျောင်းရှုလန်သည် ကျန်းချန်း၏ အတွင်းရေးကို စောစောစီးစီးသိသောကြောင့် မအံ့သြပေ။
ဒါပေမယ့် ကျန်တဲ့ ကျောင်းမိသားစုက မသိသေးသည့်အပြင် ကျန်းချန်းက ဒီလိုရာထူးကြီးမည်ဟု ထင်တောင်မထားချေ။
ထို့ကြောင့် ကျန်းချန်းက အလုပ်ကောင်းကောင်းရပြီး ဆန်ကောင်းကောင်း စားရသည်အား ရှင်းသွားသည်။
မူလက ကျောင်းဝေကောင်းသည် ကျန်းချန်း သာမန်လူကောင်းဟုသာ ထင်ခဲ့သော်လည်း ယခုကျန်းချန်းမှာ ပြစ်မျိုးမှဲ့မထင် ဖြစ်နေလေသည်။
မီးရထားအင်ဂျင်နီယာများသည် အရည်အချင်းရှိသူများဖြစ်၏။
ကျန်းချန်းမှာ ဒီလို အခြေအနေကောင်းများစွာ ရှိနေမည်ဟု မတွေးမိ။
မိဘများသည် အစိုးရဌာနများတွင် အလုပ်လုပ်ကြသည်ဖြစ်၍ ပို၍ပင် အံ့သြစရာကောင်းသည်။
ကျောင်းဝေကောင်းက ထိုအကြောင်းကို ပိုတွေးလေလေ သူပို၍ စိတ်လှုပ်ရှားလေလေဖြစ်သည်။ ကျန်းချန်း ကဲ့သို့သော သားမက်တစ်ယောက်ရလိုက်ပါက ပျော်မဆုံးတော့ပေ။ ထုတ်လုပ်ရေးအဖွဲ့တွင် လူတိုင်းက မနာလိုဖြစ်ကြတော့မည်။
လီလီကျွမ့် အံ့အားသင့်သွားသည်။
မူလက ကျောင်းရှုလန်သည် လူဆိုးနှင့် အတူရှိနေသောအခါ ဒုက္ခရောက်မည်ဟု တွေးကာ သူမ၏ ကံဆိုးမှုကို တွေးပြီး ရင်ခုန်နေသေးသည်။ ယခုမူ ကျန်းချန်း၏ အခြေအနေကောင်းများကို ကြားလိုက်ရတော့ ကျောင်းရှုလန် ကို ချက်ချင်းပင် မနာလိုဖြစ်မိသည်။
ကျောင်းရှုလန်သည် ကျန်းချန်းနှင့် ဆက်ဆံရေးရှိနေပါက သူမသည် အနာဂတ်တွင် ကျန်းချန်း ကိုလက်ထပ်နိုင်မည်မဟုတ်ပေ။
ထိုအခါ သူမသည် ရွာသူမဟုတ်တော့အဲ နဂါးတံခါးကို ခုန်ကျော်ကာ မြို့သူမြို့သားတစ်ဦးဖြစ်လာနိုင်မည်ဖြစ်သည်။
စီးပွားဖြစ် အစားအသောက်တွေ စားတတ်တဲ့ မြို့က လူတွေ ဘယ်လောက် အားကျဖို့ကောင်းသလဲ။
ကျန်းချန်း၏အလုပ်သည် အလွန်ကောင်းမွန်နေကာ သူ၏မိဘများကြောင့်ပင် ကျောင်းရှုလန် ၏ဘဝသည် နောင်တွင် မစုတ်ပြတ်သွားနိုင်သလို သူမသည် ရွာသူရွာသားများ၏ ဆင်းရဲကြပ်တည်းသောဘဝမျိုးတွင် နေထိုင်ရတော့မည်မဟုတ်ပေ။ နေ့တိုင်း ဝဝလင်လင်လည်း စားနိုင်တော့မည်။
ကျောင်းရှုလန်က ဘာကြောင့် သူ့ထက် ကံပိုကောင်းရတာလဲ။
ရွှံ့ခြေထောက်နဲ့ ကျောင်းရှုလန်က ကျန်းချန်းအား ဆွဲဆောင်ခဲ့တာလား။
လီလီကျွမ့်သည် တစ်ချိန်တည်းတွင် မနာလို ဝမ်းနည်းမိသည်။ ကျန်းချန်း ၏ အခြေအနေများ အလွန်ကောင်းမွန်ကြောင်း သိလိုက်ရပြီး သူတားရင်တောင် မမှီတော့ချေ။
ကျောင်းရှုလန် နှင့် ကျန်းချန်းတို့ လက်ထပ်သွားပါက သူမအဆင်မပြေနိုင်တော့ပေ။
အချိန်တစ်ခုကြာအောင် လီလီကျွမ့်၏အမူအရာသည် ငိုသည်ထက်ပင် ရုပ်ဆိုးခဲ့သည်။
ကျောင်းဝေကောင်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး “ကောင်းပြီ ကျန်းချန်း ရှုလန်နဲ့ သဘောတူဖို့ စိတ်ချသွားပါပြီကွာ!”