Chapter 226 - မြို့သို့သွားကြခြင်း(၂)
ကျောင်းရှုကျူးရဲ့ အသားအရေက ပိုကောင်းလာပြီး အာဟာရချို့တဲ့မှုကြောင့် ဖြစ်တဲ့ ဆံပင်တွေ ခြောက်သွေ့ပြီး နီကြောင်ကြောင်တွေလည်း ဖြစ်မနေတော့ပေ။
ဆက်လက် ထိန်းသိမ်းထားပါက သာမန်မိန်းကလေးများကဲ့သို့ အသားအရည်ကောင်းလာမည်ဖြစ်သည်။
အခုအချိန် အိမ်မှာ အခြေအနေတွေက အရမ်းဆိုးနေကာ ကျောင်းရှုလန်က ကျောင်းရှုကျူးကို စားစရာတိတ်တဆိတ် ကျွေးရင်တောင် ပုံမှန်မဖြစ်လာနိုင်ချေ။
ကျောင်းရှုလန်က မနက်ဖြန် ကျန်းချန်းနဲ့ မြို့ကိုသွားဖို့ စိတ်ကူးထားပြီး ကျန်းချန်းက ပစ္စည်းတွေအများကြီးဝယ်ရမှာ သေချာနေသည်။
ထိုအချိန်တွင် သူမသည် ကျန်းချန်း ပေးခဲ့သည့် အရာများကို နို့မှုန့်ဗူးတစ်ခုနှင့် ရောမွှေကာ ကျောင်းရှုကျူး အား တိတ်တဆိတ် ပေးပြီး သောက်စေ၏။
နေ့တိုင်း နွားနို့နည်းနည်းသောက်နိုင်ရင် ကျောင်းရှုကျူးရဲ့ ကိုယ်လုံးကိုယ်ပေါက်ဟာ တဖြည်းဖြည်း ဖွံ့ဖြိုးလာနိုင်လေမည်။
ယနေ့ခေတ်တွင် နို့သည် အရမ်းကောင်းသော အရာဖြစ်ပြီး သာမန်လူများ လုံးဝမတတ်နိုင်ပါ။
ကံကောင်းသည်က ကျန်းချန်း၏ပေးမှုကြောင့်သာဖြစ်သည်။ မဟုတ်ရင် နွားနို့ဆိုသည်ကို မြင်ဖူးမည်တောင် မဟုတ်ပေ။
ကျောင်းရှုလန်က ကျောင်း ရှုကျူးကို နွားနို့သောက်ခိုင်းရန် ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေမယ့် သူမမှာ တခြားအတွေးများစွာတော့ရှိနေလေသည်။
ဤအရာများကို စေတနာရှိသူများက ပေးသည်ဟု ဆင်ခြေပေးလို့ရသော်လည်း နို့မှုန့်သည် ကွဲပြားသည်။
ကျောင်းရှုလန်က စဉ်းစားလိုက်ပြီး ကျန်းချန်း ယူလာပေးသည်ဟု ပြောရန်သာ တွေးလိုက်သည်။
စားပြီးတာနဲ့ ကျောင်းရှုကျူးက ပါးစပ်ကို သုတ်ပြီး ဗိုက်ကို ထိကာ ကျေနပ်တဲ့မျက်နှာနဲ့ ကျောင်းရှုလန်အား "မမ အရမ်းစားလို့ကောင်းတယ်။ အသားစားရတာကလေ သတ်သတ်လွတ်ထက်ပိုစားလို့ ကောင်းတာ"