Chapter 212 - သူ့နှလုံးသားထဲမှာ တစ်ယောက်ယောက်ရှိနေပြီ(၁)
ထိုမှသာ ဝမ်ရှုယင်က ကျန်းချန်း နှင့် ကျောင်းရှုလန် ဆီသို့ အာရုံပြောင်းသွားပြီး ကျန်းချန်း နှင့် ကျောင်းရှုလန်ကို ထည့်စားကြရန် ဆော်ဩလိုက်သည်။
" အဒေါ်စိတ်မပူပါနဲ့ ကျွန်တော်တို့က အားမနာတတ်ပါဘူး"
ကျန်းချန်းက ပျော်ရွှင်စွာ ပြုံးပြီး ဝမ်ရှုယင်ကို ပြောလိုက်သည်။
"အားမနာပါဘူး အဒေါ်ရယ် ကျွန်မတို့ဘာသာ ထည့်စားမယ်နော်!" ကျောင်းရှုလန်က ဝမ်ရှုယင်သည် သူမအား အများကြီးထည့်ပေးမည်ကို စိုးရိမ်နေလေသည်။
ညစာစားပွဲတွင် အခြားလူများသည် အဝစားနေကြသော်လည်း လုလန်လန်က ကန်စွန်းဥကိုစားသော တစ်ဦးတည်းသောလူသာဖြစ်သည်။
မွှေးကြိုင်တဲ့ ဟင်းပွဲတွေကို ရင်ဆိုင်ရတာ တကယ့်ကို ရူးလောက်အောင်ပင်ဖြစ်၏။
ဝမ်ရှုယင်က ကျန်းချန်းကို အစားအသောက်ဖြင့် ကျွေးနေစဉ်တွင် သူမသည် ကျန်းချန်းကို အပြုံးဖြင့် စိုက်ကြည့်နေသည်။
"ကျန်းချန်း မင်း ဒီနှစ်အသက်ဘယ်လောက်ရှိပြီလဲ" ဝမ်ရှုယင်က ကျန်းချန်းကို မိသားစုလို မေးသည်။
ကျန်းချန်းက သိပ်စဉ်းစားမနေတော့ဘဲ ဝမ်ရှုယင်ကို "ဒီနှစ် ၂၇နှစ်ပြည့်ပြီ!"
ဝမ်ရှုယင် က ခေါင်းညိတ်ပြီး "၂၇လား သိပ်မငယ်တော့ဘူးပဲ!"
"ဟုတ်!"
ကျန်းချန်းက ကျောင်းရှုလန်ကို စိုက်ကြည့်ရင်း စကားစမြည်ပြောသည် ။ သူ့အရင်က အသက်ကြီးတယ်လို့ မထင်ထားပေမယ့် ကျောင်းရှုလန်နဲ့ တွေ့ပြီးကတည်းက သူနဲ့ ကျောင်းရှုလန်ကြားက အသက်ကွာဟမှုကို တွေးရင်း ကျန်းချန်းဟာ အသက်ကြီးနေပြီလို့ ရုတ်တရက် ခံစားနေခဲ့ရသည်။
သူသာ အသက်နည်းနည်းပြန်ငယ်သွားရင် ကောင်းပေမည်။ မဟုတ်ပါက ကျောင်းရှုလန်ကို ကြိုက်သည့်အတွက် နွားအိုမြက်နုကြိုက်ကြီးလို့ ပြောကြမည်မှာ တွေးနေစရာတောင်မလိုပေ။
" အဒေါ်တို့ရွာမှာဆို ၂၇နှစ်ဆိုရင် အိမ်ထောင်သည်တွေချည်းပဲ မင်းရော အိမ်ထောင်ကျပြီလား"
ကျန်းချန်းက ချက်ချင်း ခေါင်းခါလိုက်ပြီး "မကျသေးပါဘူးဗျ!"
ဝမ်ရှုယင်က ကျန်းချန်း၏အသက်အရွယ်သည် အနည်းငယ် "စိတ်မကောင်းစရာ" ဖြစ်သည်ကို သိလိုက်ရသော်လည်း ကျန်းချန်း အိမ်ထောင်မပြုကြောင်းပြောသည်ကို ကြားလိုက်သောအခါတွင် သူမ၏မျက်လုံးများသည် ရုတ်တရက် တောက်ပလာသည်။
"အိမ်ထောင်မပြုသေးဘူးလား"
ကျန်းချန်းက အနည်းငယ် ရှက်ရွံ့စွာ တုံ့ပြန်ခဲ့သည် "ဟုတ် အရင်ကတော့ စာတွေလေ့လာဖို့မပြုသေးတာ အခုကကျတော့ အလုပ်များနေလို့ မပြုဖြစ်သေးတာဗျ"
အရေးကြီးဆုံးအချက်ကတော့ ကျန်းချန်းဟာ သူကြိုက်တဲ့မိန်းကလေးနဲ့ တစ်ခါမှမဆုံဖူးတဲ့အတွက်ကြောင့် သူတစ်ကိုယ်တည်းဖြစ်ခဲ့ပြီး အိမ်ထောင်မပြုခဲ့ချေ။
အိမ်ထောင်ရေးဆိုတာ တစ်သက်လုံးအတွက်ဖြစ်သည်။ ကျန်းချန်းသည် ယခင်က နိုင်ငံရပ်ခြားတွင် ပညာသင်ကြားခဲ့ဖူးသောကြောင့် အနည်းငယ် ပိုပွင့်လင်းသည်။
ယခင်မြေရှင်ပဒေသရာဇ် လူ့အဖွဲ့အစည်းတွင်ကဲ့သို့ မိဘများ ညွှန်ကြားသည့်အတိုက်း အောင်သွယ်လုပ်သူ ရွေးပေးသည့် ဇနီးကို မလိုချင်ပေ။
သူသည် အနာဂတ်တွင် ထာဝရ အတူရှိတော့မည်ဖြစ်သောကြောင့် ကျန်းချန်းက ဤလူသည် သူနှစ်သက်ပြီး ချစ်ရသူဖြစ်ရမည်ဟု တွေးထားသည်။
ပေါ့ပေါ့ပါးပါးဆုံးဖြတ်ခဲ့ပါကာ ထိုသူနှင့်တစ်သက်လုံးရှိနေသည့်အပြင် စိတ်ဆင်းရဲရပေမည်။
အိမ်ထောင်မပြုသေးသော်လည်း အသက်ကြီးနေသော ကျန်းချန်းက သူ၏ဆုံးဖြတ်ချက်အတွက် ကျေးဇူးတင်နေဆဲဖြစ်သည်။
တကယ်လို့သူသာ အောင်သွယ်နဲ့တွေ့မိခဲ့ရင် ကျောင်းရှုလန်နဲ့ နောက်မှတွေ့ရင်တောင် သူမနှင့် မပေါင်းနိုင်တော့ချေ။
ကျောင်းရှုလန်နဲ့ တွေ့ပြီးကတည်းက ကျန်းချန်းသည် ကျောင်းရှုလန်ဟာ သူလက်ထပ်ချင်တဲ့ အမျိုးသမီးဖြစ်ပြီး သူ့တစ်သက်လုံး ပြုစုစောင့်ရှောက်ချင်တဲ့သူဆိုတာ သဘောပေါက်သွားသည်။
"ဒါပေါ့ မင်းလည်းမငယ်တော့ဘူးလေ မြန်မြန်လုပ်ရမှာပေါ့ နောက်နှစ်နှစ် သုံးနှစ်လောက်ဆို မင်းလဲ ၃၀ပြည့်တော့မှာ အဲ့လိုဆို မိန်းကလေးရှာရမလွယ်တော့ဘူး" ဝမ်ရှုယင်က စိတ်ထက်သန်စွာ ပြောသည် ။
"ဟုတ်ကဲ့ ဒေါ်လေး"
တွေ့ပြီဟု ပြောလိုက်ချင်သည်။ ကျောင်းရှုလန်သာ သဘောတူပါက ကျောင်းရှုလန်ကို ချက်ချက်းပင် လက်ထပ်လိုက်ချင်သည်။
ကျောင်းရှုလန်သည် ကျန်းချန်းနှင့် ဝမ်ရှုယင်တို့၏ ပြောဆိုမှုကို နားထောင်ခဲ့ပြီး ကျန်းချန်းကို မကြည့်နိုင်ပေ။
နှစ်ယောက်သား မျက်လုံးချင်းဆုံပြီး လျှပ်စစ်မီးတောက်နေတာကို ဘယ်သူမှမမြင်နိုင်။
ကျောင်းရှုလန်က အလျင်အမြန် လှမ်းကြည့်ကာ ဆက်၍စားသည်။
ဝမ်ရှုယင်သည် မျက်လုံးများကို မှိတ်ထားပြီး ကျန်းချန်းအား ပြုံးလျက် "ကျန်းချန်း ငါ့ လန်လန်က အိမ်ထောင်ပြုသင့်ပြီ မင်းလန်လန့်ကို ဘယ်လိုမြင်လဲ"
zawgyi