Chapter 237 - စားကြပါ(၂)
"အဖေ စိတ်မပူပါနဲ့ သမီးလုပ်နေကြပါ!"
ကျောင်းရှုလန်၏စကားကြောင့် ကျောင်းဝေကောင်း စိတ်သက်သာရာရသွားသည်။
"ကောင်းပြီ ရှုလန် ဒါဆို အကူအညီတောင်းပါတယ်!"
"အင်းအဖေ!"
ကျောင်းရှုလန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း ကျောင်းဝေကောင်းက အဲဒါကိုကြားတော့ နည်းနည်းလေး စိတ်မကောင်းဖြစ်လာလေသည်။
သူ့သမီးက အိမ်မှာ တော်တော်ဒုက္ခရောက်နေရပြီ။ မားယုမိန် နဲ့ လီလီကျွမ့်က အိမ်မှုကိစ္စတွေကို လုံးဝဂရုမစိုက်သလို လုပ်လည်းမလုပ်ပေးချေ။
နောက်တွင် သူက လီလီကျွမ့်ကို အလုပ်ပိုလုပ်ရခိုင်းကာ သူ့သမီးကို တာဝန်လျော့စေရန် စီစဉ်ပေးရမည်။
ကျောင်းဝေကောင်းသည် သူ့သမီးအတွက် သူ့ကိုယ်သူ ပြုပြင်ရန် စိတ်ပိုင်းဖြတ်ထားသောကြောင့် ကျောင်းရှုလန်အတွက် ကောင်းကောင်းမွန်မွန်နေရပေမည်။
ကျောင်းရှုလန်သည် ညစာပြင်ဆင်ရန် မီးဖိုချောင်သို့သွားခဲ့သည်။ ကျန်းချန်း ယူလာပေးသော ဝက်သားနှင့် ကြက်ဥများအပြင် ကျောင်းရှုလန်သည် အသီးအရွက်များယူရန် သွားကာပြန်လာခဲ့သည်။
ဝက်သားပြုတ်အပြင် အသားအနည်းငယ်ထည့်ကာ အခြားဟင်းလျာများနှင့်အတူ ကြော်လိုက်သည်။
ကျောင်းရှုလန် ချက်ထားသည်က ကြာဇံတစ်ပန်းကန်၊ ပူပူနွေးနွေး အာလူးတစ်ပန်းကန်၊ ပါးပါးလှီးထားသော အသားတစ်ပန်းကန်၊ ငရုတ်စိမ်းနှင့် ကြက်ဥမွှေကြော်၊ အရွက်စုံ ကြက်ဥစွပ်ပြုတ် နှင့် မုန်လာဥနီကြော်တစ်ပန်းကန်တို့ကို စီစဉ်ထားပေးလေသည်။
အဓိကမှာ ထမင်းအဖြစ်ပြီး အချို့သော ကန်စွန်းဥများကို ထမင်းထဲထည့်ကာ ပေါင်းထားသည်။ ထမင်းချည်းပဲစားလို့ မဝနိုင်ဘူးဆိုတော့ ကန်စွမ်းဥပါပြုတ်ထားလေသည်။
တကယ်တော့ ထမင်းလည်း စားရတာ အရမ်းကောင်း၏။ ကန်စွန်းဥတွေနဲ့ ရောပေါင်းထားသော်လည်း ပိတ်ရက်မှသာ စားရတဲ့ အစေ့ကြမ်းတွေထက် ပိုကောင်းလေသည်။
အိမ်တွင်းအခြေအနေများသည် အကန့်အသတ်ရှိသောကြောင့် ကျောင်းရှုလန်က တတ်နိုင်သမျှ ချွေတာရလေသည်။
သူ့နေရာလွတ်မှာ ထမင်းတွေ အများကြီး ရှိသော်လည်း ထုတ်ယူရန်မကောင်းချေ။
ကျောင်းရှုလန် ချက်ပြုတ်နေစဉ် မီးဖိုချောင်တွင် အနံ့မွှေးများထွက်နေပြီး အိမ်ရှေ့က လူများ သရေယိုနေကြသည်။
အစားအသောက် အဆင်သင့်ဖြစ်လုနီးပါးဖြစ်တာကို သိလိုက်ရတော့ ကျောင်းဝေကောင်းက သူ့အစ်ကိုကြီးနဲ့ သူ့မိန်းမကို ခေါ်လာလေသည်။
ကျန်းချန်းက လုကျင်းရှန်းရဲ့ အိမ်သို့သွားကာ ညစာစားရန်ဖိတ်လေသည်။
အားလုံးကို စောင့်ပြီးနောက် ကျောင်းရှုလန်၏ အလုပ်များမှုများ ပြီးသွားလေသည်။
အစားအသောက်ကို စားပွဲပေါ်တင်ထားတော့ မြင်ရသည်ပ စိတ်ချမ်းသာစရာပင်။
တရုတ်နှစ်သစ်ကူးကာလမှာ ဒီလိုအစားအစာတွေ မစားနိုင်တော့မှာကို စိုးရိမ်ကာ အိမ်ရှိဧည့်သည်များက သက်ပြင်းကိုယ်စီချနေလေသည်။
ထိုအသားပြားကြီးသည် တကယ်ကို များလွန်းနေကာ အသားကို ဝယ်စားရန်အဆင်မပြေလှသည့် ထိုဧည့်သည်များအတွက် ကျေနပ်ဖွယ်ကောင်းလွန်းသည်။
ကျောင်းဝေကောင်း၏ အကြီးဆုံးအစ်ကို ကျောင်းဝေဟွားက "ဒီစားပွဲကြီးပေါ်က အစားအသောက်တွေက အရသာရှိမှာတွေချည်းပါပဲလား
ဒီလို အစားအသောက်ကောင်းတွေကို ဘယ်သူကစားနိုင်မှာလဲ
ရှုလန် ကြောင့် ငါတို့တော့ ဗိုက်ကားတော့မယ်ဟေ့"
ကျောင်းဝေကောင်းသည် သူ့အစ်ကိုအကြီးဆုံးနှင့် ဒုတိယညီဖြစ်သူအား ကျောင်းရှုလန် နှင့် ကျန်းချန်း တို့အကြောင်း ပြောပြသည်။
ကျန်းချန်းရဲ့ ကောင်းမွန်တဲ့ အကျင့်စရိုက်ကို ထုတ်လုပ်ရေးအဖွဲ့ရှိ လူတွေက သိထားကြလေသည်။
ထို့အပြင် ကျောင်းဝေကောင်းက ကျန်းချန်းအကြောင်းကို တမင်တကာ ဝါကြွားခဲ့ပြီး ကျောင်းဝေကောင်း၏ ညီအကိုနှစ်ယောက်စလုံးအား မနာလိုဖြစ်စေလေသည်။
" အားလုံးပဲ စားကြပါ ဒါတွေအားလုံးက ရှုလန်ချက်ထားတာတွေပဲ!"
"အရမ်း မွှေးတာပဲ! မိန်းကလေး ရှုလန်ရဲ့ လက်ရာက အံ့ဩစရာပဲကွယ်!" ကျောင်းရှုလန်၏ ဒုတိယဦးလေး ကျောင်းဝေသုန်လည်း ပျော်ရွှင်စွာပြောလိုက်သည်။
ကျောင်းဝေကောင်းက "ဟုတ်တယ် သမီးလက်ရာက နေ့တိုင်းပိုကောင်းလာတာ စားကြည့်လိုက်ကြိုက်သွားစေရမယ်"
"ဒါဆို ငါတို့ စားပြီနော်"
"အေးအေး စားကြ စားကြ!"
ကျောင်းဝေကောင်းက နှုတ်ဆက်ပြီး ချီးကျူးစကားကို စောင့်နေလေသည်။ သူက ဒီနေ့မတွန့်တိုနေချေ။ကျန်းချန်း ယူလာတဲ့ ဝိုင်နှစ်ပုလင်းကိုယူပြီး စားပွဲပေါ်တင်လိုက်ကာ "ဒီနေ့ ကောင်းကောင်းစားရအောင်"
ညစာစားပွဲရှိလူများက စပျစ်ဝိုင်ကိုမြင်သောအခါ သူတို့၏မျက်လုံးများ တောက်ပလာပြီး "ဝိုင်? ဝိုင်လား?"
အသားစားရတာ အရမ်းပျော်သော်လည်း စပျစ်ဝိုင်ကို ထပ်သောက်ရလို့ အပျော်ဆင့်ကဲသွားလေသည်။
ကျောင်းဝေကောင်းက ပြုံးပြုံးရွှင်ရွှင်နဲ့ "ကျန်းချန်းက ဝိုင်ကို ပေးတာ အဲ့တော့ ပိုအရသာကောင်းသွားအောင် သောက်လိုက်ကြတာပေါ့"