Chapter 216 - ကျန်းချန်၏ဖွင့်ပြောမှု(၁)
ကျန်းချန်းက ကျောင်းရှုလန် တစ်ယောက်တည်း ရှေ့သို့ အမြန်လျှောက်သွားသည်ကို မြင်သောအခါ အနည်းငယ် စိတ်ပျက်သွားမိသည်။ ကျောင်းရှုလန်သည် သူ့အား ရည်ရွယ်ချက်ရှိရှိ ရှောင်နေပြီး သူနှင့် သိပ်အဆက်အဆံ မလုပ်ချင်သည့်ပုံပေါ်နေသည်။
သူမကို စိတ်ဆိုးအောင် တစ်ခုခုလုပ်ခဲ့မိတာလား။
ကျန်းချန်းက သူဘာအမှားလုပ်မိသည်ကို ပြန်စဉ်းတော့သည်။
ခဏလောက်စဉ်းစားပြီးနောက် ကျန်းချန်းက ဝမ်ရှုယင်အား သူ့မှာ ချစ်သူရှိနေပြီဆိုတာ ပြောလိုက်မိသည့်အတွက် ကျောင်းရှုလန်က သူတခြားကောင်မလေးကို ကြိုက်နေတာလို့ နားလည်မှုလွဲသွားတာ ဖြစ်နိုင်သည်။
ထို့ကြောင့်သူမက သူ့ကို ရည်ရွယ်ချက်ရှိရှိ ရှောင်ပြီး သူနဲ့ မပတ်သက်ချင်သိပုံ ပြနေခြင်းသည်။
ဘာပဲဖြစ်ဖြစ် သူသာရှင်းပြလိုက်ပါက ကျောင်းရှုလန်က နားလည်မှုလွဲမှာ မဟုတ်ချေ။
သူ့နှလုံးသားထဲမှာ ကျောင်းရှုလန်ကလွဲပြီး တခြားမိန်း မမရှိချေ။
ကျန်းချန်းက ကျောင်းရှုလန်ဆီသို့ မြန်မြန်လိုက်ကာ ကျောင်းရှုလန်၏လက်ကို ဆုပ်ကိုင်လိုက်သည်။
“ရဲဘော် ကျန်းချန်း ဘာဖြစ်လို့လဲ” ကျောင်းရှုလန်က ကျန်းချန်းကို စိတ်ရှုပ်ထွေးစွာကြည့်ကာ မေးလိုက်သည်။
“ရဲဘော် ရှုလန် င
ကိုယ်မင်းကိုပြောစရာရှိတယ်”
“အင်း ပြောလေ?”
ကျန်းချန်း၏ လေးနက်သော မျက်နှာကို ကြည့်ပြီး ကျောင်းရှုလန်မှာ တစ်ခုခုမှားနေပြီဟု တွေးလိုက်မိသည်။
“ခုနက အန်တီရှုယင်ကို ချစ်ရတဲ့သူ ရှိတယ်လို့ပြောခဲ့တယ်လေ
တကယ်တော့ ကိုယ့်ရဲ့ချစ်ရသူက မင်းပဲ! “
ကျန်းချန်းက စကားပြီးတဲ့အခါ ကျောင်းရှုလန်ကို စိုးရိမ်စွာကြည့်လိုက်သည်။
ကျောင်းရှုလန် အံ့သြသွားသည် ။
ကျန်းချန်းရဲ့ ချစ်ရသူက သူမလား။
သူမ အိပ်မက် မက်နေတာလား။
ကျောင်းရှုလန်က စကားမပြောတာကိုမြင်တော့ ကျန်းချန်းက တုန်ယင်ကာ “ရဲဘော် ရှုလန် ဒါက နည်းနည်းတော့ ရုတ်တရတ်ဖြစ်နိုင်တယ်ဆိုတာ ကိုယ်သိပါတယ် ဒါပေမယ့် ဘာမှပြန်မပြောရင် ကိုယ်အစိုးရိမ်လွန်ပြီး သေသွားနိုင်တယ်။
မင်းကိုကြိုက်တယ်။ မင်းကိုပထမဆုံးစတွေ့တဲ့အချိန်က မင်းကအရမ်းထူးခြားတယ်လို့ထင်ခဲ့တာ။ ကိုယ် မင်းမဟုတ်တဲ့ တခြားဘယ်သူ့ကိုမှလည်း စိတ်မဝင်စားဖူးဘူး။
မင်းနဲ့အတူတူ တစ်ဘဝလုံး ရှိနေချင်တယ်။
ကိုယ်က မင်းထက်ဆယ်နှစ်ပိုကြီးနိုင်တယ်
ဒါပေမယ့် မင်းကိုယ့်နားရှိပေးရင် မင်းကို ကာကွယ်ပေးပြီး စိတ်ဒုက္ခမရောက်စေရဘူးလို့ ကိုယ်ကတိပေးတယ်”
ကျန်းချန်းက သူ့လက်ကို ပွတ်လိုက်ပြီး စိတ်လှုပ်ရှားနေသဖြင့် ချွေးများပင် ထွက်လာလေသည်။
သူနှစ်ပေါင်းများစွာ အတွေ့အကြုံ အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အခါ မတုန်လှုပ်သော်လည်း ကျောင်းရှုလန်ကို ဝန်ခံလိုက်သောအခါတွင် သူ့နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်သွားသလိုပင်။
“ဒါဆို ရဲဘော် ရှုလန် ကိုယ်တို့ လက်တွဲလို့ရမလား ကိုယ်တို့အတူတူနေခွင့်ရကြမလား”
ကျန်းချန်း ပြောပြီးသည်နှင့် သူ ကျောင်းရှုလန်ကို မျှော်လင့်တကြီးကြည့်ကာ ကျောင်းရှုလန်၏ အဖြေကို စောင့်မျှော်နေသော်လည်း ငြင်းဆိုမည်ကို သူကြောက်နေခဲ့သည်။
ကျောင်းရှုလန် အံ့ဩသွားပြီး အတွေးလွင့်သွားလေသည်။
ကျန်းချန်း၏ ချစ်ရသူသည် အခြားသူဖြစ်မည်ဟု သူမထင်ခဲ့သော်လည်း သူမကိုယ်တိုင် ဖြစ်နေမည်ဟု မတွေးထားခဲ့ပေ။
ဒါ့အပြင် ကျန်းချန်းက ဝန်ခံလေသည်။
ကျောင်းရှုလန်က မျက်ကန်းမဟုတ်ပါ။ ကျန်းချန်းကဲ့သို့ ယောက်ျားကောင်းတစ်ယောက်အား အနာဂတ်တွင် ထပ်မတွေ့နိုင်တော့ကြောင်း သူမသိသည်။
ကျန်းချန်းကိုသာ ငြင်းလိုက်ပါက သူမ အနာဂတ်တွင် တွေ့သမျှလူတိုင်းက ရွာသားတွေချည်းဖြစ်နေတော့မည်။
21 ရာစုမှာ မွေးခဲ့သည့်လူတစ်ဦးအနေဖြင့် ကျောင်းရှုလန်က ပေါ့ပေါ့တန်တန် အိမ်ထောင်ဖက်အား ရှာရန် ဆန္ဒမရှိသလို တစ်သက်လုံး လယ်ယာလုပ်ငန်းကိုသာ လုပ်ကိုင်နိုင်ပြီး အိမ်ထောင်ပြုရန် စိတ်မဝင်စားချေ။
သူမသည် ကျန်းချန်းကို သဘောကျသော်လည်း ယခု ကျန်းချန်း၏ ဝန်ခံမှုကို ရင်ဆိုင်ရသောအခါ ကျောင်းရှုလန်မှာ လဲကျလုနီးပါးဖြစ်ခဲ့သည်။
တည်ငြိမ်အောင်ကြိုးစားပြီးနောက် ကျောင်းရှုလန်က သူတို့နှစ်ဦးကြားရှိ ပြဿနာများစွာကို ကျန်းချန်းအား ဆင်ခြင်တုံတရားဖြင့် ရှင်းပြခဲ့သည်။
လူနှစ်ယောက်လက်ထပ်ပြီး အတူနေလိုက်တဲ့အခါ အမြဲတမ်း စိတ်အလိုကျသည်မှာ မဖြစ်နိုင်ချေ။ ထိုအခါ၌ မိသားစု အခြေအနေကွာခြားမှုတို့ကလည်း ပြသနာ ဖြစ်လာနိုင်လေသည်။