Chapter 225

1.1K 100 2
                                    


Chapter 225 - မြို့သို့သွားခြင်း(၁)

ကျန်းမိသားစုမှ ဇနီးမောင်နှံ ယူလာသော ဤအရာများကို မြင်လျှင် ကျန်းချန်းသည် အလွန်စိတ်လှုပ်ရှားသွားပြီး တစ်ချိန်တည်းမှာပင် အလွန်ပျော်ရွှင်နေလေသည်။

အနည်းဆုံးတော့ သူတို့က ကျောင်းရှုလန်နဲ့ သဘောတူပြီး ကျောင်းရှုလန်ကို ချစ်ပေးကြကြောင်း ပြသနေလေသည်။

ကျောင်းရှုလန်ကဲ့သို့ ချစ်စရာကောင်းသော မိန်းကလေးသည် နောင်တွင် အဖိုးအဖွားများနှင့် သူ၏ မိဘ၊ မိသားစုများက ပိုအသိအမှတ်ပြုကြပေမည်။

ကျန်းချန်း နဲ့ ကျန်းမိသားစုက ဒီအကြောင်းကို ပြောပြီးသည့်နောက် သူတို့ဟာ ထုတ်လုပ်ရေးအဖွဲ့မှာ အလုပ်သွားလုပ်ကြသည်။

ထို့နောက် ကျန်းချန်း နဲ့ ကျောင်းရှုလန်တို့ဟာ မနက်ဖြန်မှာ ပစ္စည်းဝယ်ဖို့ မြို့ကိုသွားရန် ဆွေးနွေးကြလေသည်။

ခမ်းခမ်းနားနားလုပ်ရန်လိုပြီး သို့မှသာ အစဉ်လာမပြတ်ချေ။

ကျောင်းရှုလန်သည် ပထမ၌ ငြင်းဆိုလိုသော်လည်း ကျန်းချန်း၏ တင်းတင်းမာမာသောအကြည့်ကို ကြည့်ကာ သူမ ခေါင်းညိတ် သဘောတူလိုက်သည်။

မြို့ကိုသွားဖို့ တစ်ရက် အနားယူမယ်လို့ ခန့်မှန်းထားတာကြောင့် ကျောင်းရှုလန်က လုကျင်ရှန်း ထံသွားပြီး ပြောပြခဲ့လေသည်။

ယခုအချိန်သည် လယ်ယာလုပ်ရန် အလုပ်များနေသောကြောင့် ကျောင်းရှုလန်သည် ခွင့်တောင်းရန် အနည်းငယ်အားနာကာ လုကျင်ရှန်းအား အကြောင်းပြချက်ကို ရှင်းပြခဲ့သည်။

လယ်သမားဇနီးမှာ နေရာလွတ်ရှိတယ် Book 2Where stories live. Discover now