Chapter 217 - ကျန်းချန်း၏ဖွင့်ပြောမှု(၂)
“ကျန်းချန်း ရှင်တကယ် ကျွန်မနဲ့ရှိနေချင်တာလား”
“အင်း တကယ်!” ကျန်းချန်းက လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
“ဒါပေမယ့် ကျွန်မက သာမန်ရွာသူနော်။ ကောလိပ်လည်း မတတ်ဖူးသလို မိဘကလည်း အိမ်ထောင်ကွဲ ပြီးတော့ရွာမှာလည်း ချမ်းချမ်းသာသာနေနိုင်တာမဟုတ်ဘူး အဲ့တာရှင့်မိဘတွေက သဘောတူပါ့မလား”
ကျောင်းရှုလန်က သူမစိတ်ထဲရောက်လာတဲ့ မေးခွန်းတွေကို ကျန်းချန်းအား မေးလိုက်တော့သည်။
ကျန်းချန်း ခဏလောက်စဉ်းစားပြီး မျက်နှာထားတင်းတင်းဖြင့် “ရဲဘော် ရှုလန် မင်းက ဘာပဲဖြစ်နေနေ ကိုယ်စိတ်မဝင်စားဘူး ကောလိပ်တတ်ဖူးလို့လည်း ကိုယ်စိတ်ဝင်စားတဲ့လူက မင်းမဟုတ်ရင် ကိုယ်လက်မခံဘူး။ ဘာပဲဖြစ်နေနေ မင်းရဲ့ အရှိအတိုင်းလေးကိုပဲ ကိုယ်သဘောကျတယ်။
ကိုယ့်မိသားစုက သဘောတူမှာလား ဆိုတာကို မင်း စိတ်ပူနေစရာ မလိုပါဘူး။ ကိုယ့်မိသားစုက ပွင့်လင်းတယ်။
ပြီးတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ပြီးပြီဆိုတော့ ကိုယ်တို့လက်တွဲဖော်ကို စိတ်ကြိုက်ရွေးခွင့်ရှိတဲ့ လွတ်လပ်ခွင့်ရှိတယ်။
ရှုလန် စိတ်မပူပါနဲ့ မင်းနဲ့အတူရှိနေသ၍ အခက်အခဲအားလုံးကို ကိုယ်ကျော်ဖြတ်နိုင်တယ်။ “
ကျန်းချန်း၏စကားကြောင့် ကျောင်းရှုလန် စိတ်သက်သာရာရသွားသည်။
လူနှစ်ယောက် အတူတူရှိနေသရွေ့ သူတို့ရှေ့မှာ ဘာပဲဖြစ်နေနေ အတူတူဖြတ်ကျော်သွားနိုင်၏။
ကျန်းချန်းတောင် အဆင်သင့်ဖြစ်နေသည်ကို သူမဘာတွေစိုးရိမ်စရာရှိသေးလဲ။
ဒီလူကို ယုံကြည်ဖို့ သူမ ရွေးချယ်သင့်သည်။
အနာဂတ်မှာ အခက်အခဲတွေ ကြုံလာရရင်တောင် ကျော်လွှားနိုင်ဖို့ သူနဲ့အတူ ရှိနေချင်သည်။
မဟုတ်ပါက ကျန်းချန်းကို လွမ်းဆွတ်ရင်း တစ်သက်လုံး နောင်တရနေနိုင်သည် ။
ချစ်ရသူနဲ့ ချစ်ခွင့်ပန်သူ တစ်ယောက်ထဲ ထပ်တူကျရန် ခဲယဉ်းလွန်းလှပေသည်။
“ကျန်းချန်း ကျွန်မလည်း ရှင်နဲ့အတူတူရှိနေချင်ပါတယ်!”
ကျောင်းရှုလန်၏အဖြေကိုကြားတော့ ကျန်းချန်းလည်း အံ့ဩသွားသည်။
သူအရမ်းပျော်နေပြီး ကျောင်းရှုလန်က သူနဲ့အတူတူရှိဖို့ သဘောတူတယ်လို့ ပြောတဲ့အခါ ရုတ်တရက် အံ့အားသင့်ကာ ဝမ်းသာမိသွားသည်။
ဤကြီးမားသော အံ့အားသင့်မှုက ကျန်းချန်းအား အတွေးများထဲသို့ တခဏတာ ခေါ်ဆောင်သွားလေသည်။
ကျန်းချန်း ဤသို့ဖြစ်နေသည်ကိုမြင်တော့ ကျောင်းရှုလန်က “ကျန်းချန်း ရှင်ဘာလို့တိတ်သွားတာလဲ နောင်တရသွားတာလား”
ကျန်းချန်းက သတိပြန်ဝင်လာပြီး ခေါင်းကို ဆတ်ဆတ်ခါကာ “မဟုတ်ဘူး မဟုတ်ဘူး ကိုယ်ဘာလို့နောင်တရ ရမှာလဲ။ ပျော်လွန်းလို့ဖြစ်သွားတာ”
ကျန်းချန်းက သူ့မျက်နှာမှာ ရီစရာကောင်းတဲ့ အပြုံးနဲ့ ပြောပြီး အဖြူရောင် သွားတန်းကြီးများက ပေါ်လာတော့သည်။
“ရှုလန် မင်းသဘောတူဖို့ ကိုယ်မမျှော်လင့်ထားဘူး ကိုယ်ပျော်လွန်းလို့ ဘာပြောရမလဲတောင် မသိဆော့ဘူး
ကိုယ်က တအားချစ်မပြတတ်ပေမဲ့ မင်းအတွက်ဆိုရင်တော့ အမြဲရှိနေမှာ “
ကျန်းချန်းက ကျောင်းရှုလန်ကို ကတိပေးနေသလိုပင်။
ကျောင်းရှုလန်က ပြုံးပြီး “အင်း ကျွန်မယုံပါတယ်
ဒါပေမယ့် ရှင်ရယ် ကျွန်မတို့ဆန္ဒနဲ့ မပြီးသေးဘူး ရှင်က ရှင့်မိသားစုကိုမေး ကျွန်မက ကျွန်မအိမ်ကို ခွင့်ပြုချက်တောင်းရဦးမယ် “
ကျန်းချန်းက “ရှုလန် မနက်ဖြန်ကျရင် ကိုယ်ဦးလေးနဲ့ စကားပြောဖို့ အခွင့်အရေးရှာပြီး ကိုယ်တို့ကို သဘောတူဖို့ သူ့ကို စည်းရုံးမယ်”
ကျောင်းရှုလန်သည် ကျန်းချန်း၏ အခြေအနေများကိုသိပြီး အခြေအနေအားလုံးမှာ ကောင်းမွန်သည်။ ကျောင်းဝေကျောင်းက ကိုယ်တိုင်မတွေ့ရပါက သဘောမတူပဲ ငြင်းနေလေမည်။
“အင်း!” ကျောင်းရှုလန် ခေါင်းညိတ်လိုက်သည်။
ကျောင်းရှုလန်ကို ပြန်ပို့ပြီးနောက် ကျန်းချန်းသည် ကျန်း ၏အိမ်သို့ ပြန်သွားခဲ့သည်။
ကျန်းချန်းရဲ့ ပျော်ရွှင်နေတဲ့ မျက်နှာကို မြင်လိုက်ရတော့ မစ္စကျန်း နဲ့ ဦးလေးကျန်းက “ကျန်းချန်း ဘာဖြစ်လာလို့လဲ ထူးထူးခြားခြားပျော်နေပါလား ခါတိုင်းတော့ အရယ်အမောမရှိပဲနဲ့!”
ဒီကလေးက ထူးခြားစွာရယ်နေလေသည်။
ဦးလေးကျန်း နှင့် မစ္စ ကျန်းက ကျန်းချန်းကို ဤကဲ့သို့မြင်သောအခါ အနည်းငယ် စိတ်ဖြောင့်မိလေသည်။
ကျန်းချန်းက သူ့ပါးစပ်ကို ထိလိုက်ပြီး အဲ့လောက်တောင်သိသာနေလားဟု တွေးနေမိသည်။
သူကိုယ်တိုင် သတိမထားမိပုံပဲ!
ပျော်ရွှင်စရာတွေအကြောင်းပြောရင်း ကျန်းချန်းက အဲဒါကို ဖုံးကွယ်မထားဘဲ ကျောင်းရှုလန်နှင့် ကတိအတိုင်း ပြောပြခဲ့လေသည်။