Chapter 218 - ကျောင်းဝေကျောင်း လက်ခံလိုက်ခြင်း(၁)
ကျန်းမိသားစုမှ လူကြီးများကလည်း ကျောင်းရှုလန်ကို အလွန်နှစ်သက်ကြပြီး ကျောင်းရှုလန် ကျန်းချန်း နှင့် အတူနေလိုကြောင်း ကြားသိရသောအခါ နှလုံးသားထဲမှ ဝမ်းသာသွားကြသည်။
ကျန်းချန်းက ယောက်ျားကောင်းတစ်ယောက်ဖြစ်ပြီး ကျောင်းရှုလန်သည် အလွန်သဘောထားဖြူကာ သူတို့နှစ်ဦး ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သည်။
ကျန်းချန်းက နောင်တွင် ကျောင်းရှုလန်ကို လက်ထပ်နိုင်လျှင် ထိုအရာက ကျန်းချန်း၏ကောင်းချီးနှင့် ကျန်း မိသားစု၏ကောင်းချီးများဖြစ်လာလိမ့်မည်။
အဖေကျန်းက ပြုံးပြီး “အရမ်းကောင်းတာပေါ့ သားနဲ့သူ့မှာ ရေစက်ရှိနေတာကိုး
ကျန်းချန်း မင်း ဒီအိမ်ထောင်ရေးကို မြန်မြန်လုပ်ရမယ် မနက်ဖန် ကျောင်းမိသားစုဆီသွားပြီး သဘောတူအောင် ကြိုးစားလာခဲ့ ဟုတ်ပြီလား “
ကျန်းချန်းက လေးလေးနက်နက် ခေါင်းညိတ်ပြီး “ဟုတ် ကျွန်တော်သိပါပြီ”
“သူတို့သာ သဘောတူခဲ့ရင် တင်တောင်းပစ္စည်းပေးရမယ် ကျန်း မိသားစုက မိသားစုကြီးဖြစ်ခဲ့ဖူးတာမို့ ကျင့်ဝတ်တွေက အများကြီးပဲ”
“ဟုတ် မှတ်မိပါတယ်”
“အေး ဒါဆို မနက်ဖန် လှုပ်ရှားတော့နော်”
“ကောင်းပြီ!”
ကျန်းမိသားစု ဇနီးမောင်နှံနှစ်ဦးသည် ကျန်းချန်းကို စောစောအိပ်ရာဝင်ရန် နှုတ်ဆက်ခဲ့သော်လည်း ကျန်းချန်းမှာ အိပ်မပျော်နိုင်ဘဲ ကျောင်းရှုလန်၏ ပုံရိပ်က စိတ်ထဲ၌ ပျံ့နေလေသည်။
ကျောင်းရှုလန်က သူနဲ့ ပေါင်းသင်းရနါ သဘောတူလိုက်တယ်လို့ စိတ်ကူးလိုက်တာနဲ့ ကျောင်းဝေကျောင်းဆီသို့ စိတ်ရောက်သွားလေသည်။
မနက်ဖြန် ကျောင်းဝေကျောင်းအား လိုက်တွေ့ရမည်ဖြစ်သဖြင့် ကျန်းချန်းစိတ်လှုပ်ရှားနေလေသည်။
ကျန်းချန်းသည် ကျောင်းဝေကျောင်း ငြင်းဆန်ပြီး ကျောင်းရှုလန်ကို လက်လွှတ်လိုက်ရပါက သူသေသွားနိုင်သည်။
ကုတင်ပေါ်တွင် လဲလျောင်းနေသော ကျန်းချန်းသည် တစ်ညလုံး အိပ်မပျော်ဘဲ နောက်တစ်နေ့မနက် အိပ်ရာက နိုးလာသောအခါ ကမန်းကတန်း ပြင်ဆင်နေသည်။
ထုတ်လုပ်ရေးအဖွဲ့မှာ အလုပ်လုပ်တုန်းက ဟောင်းနွမ်းတဲ့အဝတ်အစားတွေကို ဝတ်ခဲ့သော်လည်း မိဘတွေနဲ့တွေ့ရမည်ဖြစ်သဖြင့် သပ်သပ်ရပ်ရပ် ၀တ်စားထားရမည်။
ကျန်းချန်းက သူ၏ ရိုးရာဝတ်စုံကို ထုတ်လိုက်ပြီး သူ့ကိုယ်ပေါ်တွင် ဝတ်လိုက်သည်။ ကျောင်းရှုလန် သူ့အတွက် ဝယ်ပေးသော အနက်ရောင် သားရေဖိနပ်ဝတ်လိုက်ကာ ဆံပင်ကို အနည်းငယ် သပ်လိုက်သည်။ သူက အရပ်ရှည်ပြီး ချောသဖြင့် တစ်ချက်လောက်ကြည့်မိရင်တောင် စွဲလန်းသွားနိုင်သည်။
အဝတ်အစားလဲပြီးတာနဲ့ ကျန်းချန်းက မစ္စ ကျန်း နဲ့ အဘိုးကျန်းကို စိတ်လှုပ်ရှားစွာ မေး၏ “အဘိုးလေး အဘွားလေး ကျွန်တော်ဝတ်ထားတာ အဆင်ပြေရဲ့လား”
မစ္စကျန်းက ကျန်းချန်းအား ပြုံးပြီး “သေချာတာပေါ့ မင်းကဒီလောက်ချောတာကို ရှုလန် ရဲ့အဖေက သဘောကျမှာပါ “
မစ္စကျန်းက ချီးမွမ်းပြီးနောက် ကျန်းချန်း၏ စိုးရိမ်မှု အနည်းငယ် လျော့ပါးသွားသည်။
“ဟုတ် အဲ့တာဆို သွားလိုက်ပါဦးမယ်!”
ကျန်းချန်း စကားပြီးသောအခါတွင် သူ အသက်ပြင်းပြင်းရှူလိုက်ပြီး စိတ်လှုပ်ရှားနေသည်ကို ခံစားမိသည်။
မစ္စကျန်းက ပြုံးပြီး ခေါင်းညိတ်ကာ “အေးကွယ် မကြောက်နဲ့နော်ကျန်းချန်း!”
“ဟုတ်”
ကျန်းချန်းက ယုံကြည်မှုကင်းမဲ့စွာဖြင့် ကျောင်းရှုလန်၏အိမ်သို့ လျှောက်လာခဲ့သည်။
ထိုအချိန်တွင် ကျောင်းရှုလန်၏ မိသားစုသည် နံနက်စာစားနေပါသည်။
နံနက်စာမှာ အတော်လေးရိုးရှင်းသည်။ ချဉ်စပ်အရသာ ဟင်းတစ်ချို့နှင့် ပြောင်းဖူးချဉ်မျှသာဖြစ်သည်။
ပြောင်းဖူးက ပျော့အိနေတော့ ဗိုက်ကို လုံးဝ မပြည့်စေပေ။
သို့သော် ငြင်းနေ၍မရပေ။ ဒီရက်ပိုင်း စားနပ်ရိက္ခာ မလုံလောက်သောကြောင့် နေ့တိုင်းမစားနေနိုင်ပေ။
ကျောင်းရှုလန ၏ မိသားစုအခြေအနေများသည် အထူးဆိုးရွားခြင်းမရှိပေ။ လူဦးရေများပြားပြီး အစားအသောက်အနည်းငယ်ရှိသော ထုတ်လုပ်ရေးအဖွဲ့ရှိ မိသားစုအချို့သည် နံနက်စာကို မစားကြပေ။
ချဉ်သောဟင်းသီးဟင်းရွက်များကို ပြီးခဲ့သောဆောင်းရာသီတွင် အချဉ်စိမ်လိုက်ပြီးနောက် မြေကွက်လပ်တွင် ထပ်မံစိုက်ထားသည်။
မုန်လာဥနီနှင့် မုန်လာဥဖြူနှစ်မျိုးလုံးကို အချဉ်ဖောက်ခြင်းအတွက် အသုံးပြုနိုင်ပြီး မုန်လာဥပေါ်ရှိ အရွက်များကိုလည်း ရောနယ်နိုင်သည်။
ဆောင်းရာသီမှာ များများ ရေဆေးပြီး အိုးတစ်လုံးထဲမှာ ထည့်ကာနှပ်ထားပြီး အချိန်အကြာကြီး အရသာရှိရှိ စားသုံးနိုင်သည်။
များသောအားဖြင့် သူတို့မှာ အချဉ်ဖောက်ထားသည်ကိုသာ စားကြလေ့ရှိသည်။