Chapter 220 - ကျောင်းဝေကျောင်း လက်ခံလိုက်ခြင်း(၃)
စိတ်မပူပါနဲ့လို့ ပြောမယ်ဆိုရင် လိမ်နေသည်သာ ဖြစ်လိမ့်မည်။
ကျောင်းဝေကောင်းသည် မားယုမိန်တို့ သားအမိ၏ စကားကိုနားထောင်ပြီး ကျန်းချန်းနှင့် သဘောမတူဘူးဆိုပါက ဘယ်လိုလုပ်ရမလဲ။
ကျောင်းရှုလန်သည် ကျောင်းဝေကောင်း၏ ဆန္ဒကို မလွန်ဆန်ဘဲ ဒုက္ခမပေးချေ။
သူ့ဘဝတစ်လျှောက်လုံး အဖြစ်အပျက်များအတွက် အစားပြန်ပေးသည့်အနေနှင့် သဘောတူပါက အကောင်းဆုံးပင်ဖြစ်သည်။
ကျောင်းရှုလန်အတွက် ကျောင်းဝေကောင်းသည် သူမအား အပြစ်မတင်သလို ကျန်းချန်းအား ဘာမှမပြောဘဲ မားယုမိတို့ သားအမိကိုသာ အပြစ်တင်လေသည်။
“မင်းဘာတွေပြောနေတာလဲ ကျေးဇူးကန်းလိုက်တာကွာ
အကယ်၍ ရဲဘော် ကျန်းချန်းကသာ ထုတ်လုပ်ရေးအဖွဲ့အတွက် လယ်ယာသုံးကိရိယာကို မဝယ်လာပေးရင် ရိတ်သိမ်းတာ မပြီးတဲ့အပြင် အစားအစာလည်း ရမှာမဟုတ်ဘူး အကုန်ငတ်သေကုန်မယ်ကွ
ငါတို့လည်းပါတယ် အဲ့ဒီငတ်သေမဲ့ထဲမှာ
ကူပေးတဲ့လူကိုတောင် မင်းက မရိုသေဘူး နောက်ဆိုရှိတာနဲ့ပဲစားတော့“
ကျောင်းဝေကောင်းသည် ကျိုးကြောင်းဆီလျော်သူတစ်ဦးဖြစ်ပြီး ထုတ်လုပ်ရေးအဖွဲ့အတွက် ကျန်းချန်း၏ ပါဝင်ကူညီမှုကို သူသိသည်။
ကျောင်းဝေကောင်းသည် ကျန်းချန်း၏ ပုံစံကို သဘောကျသည်။
သူသည် အလုပ်တွင် အလွန်တက်ကြွပြီး အလုပ်ကြိုးစားသည်သာမက အခြားသူများကိုလည်း ကူညီလိုစိတ်ရှိသည်။
လုလန်လန် ရေထဲသို့ကျသွားသည်ကို ကယ်တင်ရန် မဆိုင်းမတွပင် ရေထဲသို့ခုန်ဆင်းခဲ့သည်။
ထိုသို့သော အရည်အချင်းများသည် လူငယ်များကြားတွင် ရှားပါးပါသည်။
ထို့ကြောင့် ကျန်းချန်းသည် ကျန်းမိသားစု၏ ဆွေမျိုးတစ်ဦးဖြစ်သည်ကို သိထားသော်လည်း ထိုကောင်လေးနှင့် မသက်ဆိုင်သဖြင့် ကျောင်းဝေကျောင်းက ဘာမှမပြောခဲ့ပေ။
ကျောင်းဝေကောင်း၏ ဆူပူကြိမ်းမောင်းခြင်းကို ခံရသည့် မားယုမိန်တို့ သားအမိမှာ မကျေနပ်သဖြင့် ဒေါသပုန်ထနေသည်။
လီလီကျွမ့်သည် ယခုတစ်ကြိမ် ကျောင်းရှုလန်ကို နှိပ်ကွက်နိုင်မည်ဟု ထင်ခဲ့သော်လည်း ကျောင်းဝေကျောင်းသည် သူ့သမီးကို မျက်နှာသာပေးမည်ဟု သူမမျှော်လင့်ခဲ့ပေ။
ကျောင်းဝေကောင်း၏ စကားကိုကြားပြီးနောက် ကျောင်းရှုလန် နှင့် ကျန်းချန်း သည် မပြုံးနိုင်ဘဲ မနေနိုင်တော့ပေ။
ကျောင်းဝေကောင်း၏ သဘောထားက ကျန်းချန်းကို ငြင်းပယ်ခြင်း မပြုကြောင်း ပြသနေသောကြောင့် သူတို့နှစ်ဦးသည် သူတို့၏ ဆက်ဆံရေးအတွက် အနည်းငယ် ပိုမိုယုံကြည်မှု ရှိနေကြပေမည်။
လီလီကျွမ့်ကို ပြစ်တင်ရှုတ်ချပြီးနောက် ကျောင်းဝေကောင်း ကျန်းချန်းကိုကြည့်ကာ ကျန်းချန်းအား ပြုံးပြုံးလေးဖြင့် “ရဲဘော် ကျန်းချန်း လာထိုင်ပါဦး မနက်စာစားပြီးပြီလား?”
ကျန်းချန်းက ရိုးရိုးသားသား ခေါင်းခါလိုက်ပြီး “မစားရသေးဘူးဗျ!”
အရေးကြီးကိစ္စအတွက် ကျောင်းဝေကောင်း နဲ့စကားပြောဖို့ ဒီမနက်စောစောရောက်လာတာမို့ ကျန်းချန်းက စားချင်စိတ်မရှိခဲ့ချေ။
အဝတ်အစားလဲပြီးတာနဲ့ အချိန်ကြည့်ကာ ကျောင်းရဲ့အိမ်ကို အမြန်သွားလိုက်သည်။
ကျန်းချန်း မစားရသေးကြောင်း ကျောင်းဝေကောင်း ကြားသောအခါ ကျန်းချန်းအား ပြောင်းဖူးတစ်ပန်းကန် ယူလာရန် ကျောင်းရှုလန်ကို ပြောလိုက်သည်။
ကျောင်းရှုလန်သည် ပြောင်းဖူးကြမ်းပန်းကန်လုံးကြီးတစ်လုံးနှင့် ရောက်လာပြီး လီလီကျွမ့်က အသံတိုးတိုးဖြင့် အတင်းတုပ်နေလေသည်။ “လူဆိုးတစ်ယောက်အတွက် ဘာလို့ အများကြီးကျွေးရတာလဲ ငါဗိုက်မဝသေးတာကျဆော့ နည်းနည်းပဲကျွေးတယ်”
ကျောင်းရှုလန်သည် လီလီကျွမ့်၏ စကားကို မကြားလိုက်ဟန်ဆောင်သည်။
သူကိုကျွေးရန် စိတ်ကူးမရှိခဲ့ချေ။
လီလီကျွမ့် အိပ်မက်မက်နေခြင်းသာဖြစ်သည်။
ကံကောင်းထောက်မစွာ ကျောင်းဝေေကာင်းသည် ယခု အနည်းငယ် ပို၍ ဥာဏ်ကောင်းလာကာ လီလီကျွမ့်အား မနက်ခင်းတွင် ပြောင်းဖူးတစ်ပန်းကန်သာ စားနိုင်သည်ဟု ပြောထားသောကြောင့် ဖြစ်ပြီး မဟုတ်ပါက လီလီကျွမ့်သည် သူမပြည့်သည့်တိုင်အောင် သေချာပေါက် စားနေမည်ဖြစ်သည်။
ကျန်းချန်းကိုလည်း ကြိုဆိုခဲ့ပြီး သူက ကျောင်းဝေကောင်းအား ပြုံးကာ “ကျေးဇူးတင်ပါတယ် ဦးလေးကျောင်း”
“ရပါတယ်ကွယ် အိမ်မှာကောင်းတာမရှိလို့ ရှိလို့ကတော့ ထပ်ချက်ကျွေးတယ်”
“ဦးလေးကျောင်း အခုတောင် အရမ်းစားလို့ကောင်းနေပြီ ဒီလောက်စားကောင်းတာ တစ်ခါမှမစားဖူးဘူး!”
ကျန်းချန်းက နည်းနည်းယူလိုက်ပြီး ပိုစားလေ ပိုကြိုက်လေလေ လို့ပြောလိုက်၏။
အချဉ်အကြောင်းပြောရင်း ကျောင်းေဝေကာင်းက ဂုဏ်ယူစွာဖြင့် “အဲ့တာက ရှုလန် ကြော်ထားတာ။ ဒီကောင်မလေးရဲ့ ဟင်းချက်ကျွမ်းကျင်မှုက အရမ်းကောင်းတော့ ဦးလေးလည်းကြိုက်တယ်”
ကျောင်းရှုလန်က အချဉ်တွေလုပ်ထားတာလို့ ပြောသည်ကိုကြားတော့ ကျန်းချန်းက ပျော်သွားလေသည်။