Chapter 248 - ငါ့လူကို လာမြူစွယ်ရဲတယ်ပေါ့(၄)
အဝေမတည့်သော သားအမိကို မြင်တော့ ကျောင်းရှုလန်က ရယ်စရာလို့သာ ထင်ခဲ့သည်။
ဒီနေ့ လီလီကျွမ့်အတွက် သင်ခန်းစာတစ်ခုပေးလိုက်နိုင်သည်။ နောင်တွင် ကျန်းချန်း ထံ ချဉ်းကပ်ဝံ့ပါက သူမအား ထပ်ဆုံးမပေးရန် နည်းပေါင်းများစွာရှိလေသည်။
လီလီကျွမ့်သာ ပညာတတ်လျှင် သူမ ထိုသို့မလုပ်ရဲချေ။
ကျောင်းရှုလန်သည် လီလီကျွမ့်အား ပညာပေးပြီးနောက် ကျန်းအိမ်သို့သွားခဲ့သည်။
ထိုအချိန်တွင် ကျန်းမိသားစုသည် နေ့လည်စာပြင်ဆင်နေပြီး ကျောင်းရှုလန်အား အတူစားရန် ခေါ်လိုက်သည်။
ကျန်းမိသားစုရဲ့ ဟင်းမှာ ကောင်းလွန်းနေသည်။ အရမ်းမွှေးပြီး အရသာရှိတဲ့ အသားပြားလေးများကို ကြော်ထား၏။
ကျောင်းရှုလန် အရင်ကပို့လိုက်တဲ့ စားစရာကောင်းတစ်ချို့ကြောင့် ကျန်းချန်းဟာ တစ်ပန်းကန်လုံး ကုန်အောင် စားလိုက်သည်။
ကျောင်းရှုလန်သည် လီလီကျွမ့် ထိုသို့ လိုက်ရောနေသည်ကို တွေ့တော့ ကျန်းချန်းနှင့် စကားပြောချင်သည်။
သူမ မပြောခင် ကျန်းချန်းက သူ့ဘာသာသူ စကားအစချီကာ လီလီကျွမ့်က ဒီနေ့ ခေါက်ဆွဲပေးခဲ့တယ် ဆိုတာကို ကျောင်းရှုလန်အား ရှင်းပြခဲ့ပြီး ဒီအချိန်အတွင်းမှာ သူနဲ့ ဆွေးနွေးမိကြသည်။
"ရှုလန် စိတ်မပူပါနဲ့ လီလီကျွမ့်ကို ကိုယ်အာရုံ မစိုက်ပါဘူး ပြီးတော့ မင်းမကြိုက်လို့ ကိုယ်သူ့ကိုနောက်ဆိုရင် ရှောင်ပါ့မယ်"
ကျန်းချန်း၏ ပြတ်သားသောအမူအရာကိုမြင်တော့ ကျောင်းရှုလန်က မပြုံးဘဲ မနေနိုင်ကာ "ကျွန်မ စိတ်မချမ်းသာဘူးမှန်း ဘယ်လိုသိလဲ"
"မင်းစိတ်ဆိုးမယ်ဆိုတာ ကိုယ်သိပါတယ်!
ရှုလန် ကိုယ်က မင်းရဲ့ သက်ဆိုင်သူလေ အဲ့တော့ ကိုယ်ကတခြားမိန်းကလေးနဲ့ စကားပြောပြော တခြားမိန်းကလေးက စကားလာပြောပြော မင်းဘယ်ကြိုက်ပါ့မလဲ။
မင်းမနာလိုဖြစ်မှာကို ကိုယ်စိုးရိမ်တယ် ဒါကြောင့် အနာဂတ်မှာ လီလီကျွမ်နဲ့ မိန်းကလေးတွေအားလုံးကို ကိုယ်ရှောင်မှာ "
ကျန်းချန်းသည် ဤအနှစ်နှစ်ဆယ်တွင် မိန်းကလေးများနှင့် အဆက်အသွယ် သိပ်မရှိသော်လည်း လာမည့်ဆယ်စုနှစ်အနည်းငယ်တွင် မိန်းကလေးများနှင့် အဆက်အသွယ်ရှိတော့မည်မဟုတ်ကြောင်း ကျန်းချန်းက ကျောင်းရှုလန် ရှေ့မှာ ကျိန်ဆိုခဲ့သည်။
ကျောင်းရှုလန်က ကျန်းချန်းအား ရယ်ပြီး "ကျွန်မက အဲ့လောက် သဝန်ကြောင်မယ် ထင်နေတာလား
လီလီကျွမ့်မကလို့ ရှင်ဘယ်မိန်းကလေးနဲ့ပဲ ပြောပြော ကျွန်မ ဂရုမစိုက်ဘူး။ကျွန်မရှင့်ကို ယုံတယ်။ "
ကျောင်းရှုလန်က သူ့စိတ်ထဲတွင် ပြောလိုက်သည်။ အမျိုးသားနှင့် အမျိုးသမီးကြား ဆက်ဆံရေးများကို လိုက်တားနေရန်မလိုပေ။ အနည်းနဲ့အများတော့ ပြောဆိုနေရန်လိုကာ သူမလည်း ထိုမှမတားဆီးချင်ချေ။
ကျန်းချန်းက ဘယ်အမျိုးသမီးကိုမှ မတွေ့ရဘူးဆိုရက်တော့ သူ့ကို အရမ်းတွန့်တိုနေပုံပေါ်စေမှာ အမှန်ပင်။
ကျန်းချန်းက ပြုံးပြီးပြောတယ် "ရှုလန် ကိုယ်တကယ်ပြောတာ မင်းရှိနေရင်လုံလောက်ပြီ တစ်လောကလုံးနဲ့ အဆက်အသွယ်ဖြတ်ရမယ် ဆိုရင်တောင်ပေါ့ "
ကျန်းချန်း၏ စကားများသည် ကျောင်းရှုလန်အား စိတ်ချစေလေသည်။
ထိုပန်းရိုင်းများကို ရှောင်ရှားသည်က ယောက်ျားတစ်ယောက်အတွက် အမှန်ပင် ကောင်းသောကိစ္စဖြစ်သည်။
နောက်ရက်များတွင် ထုတ်လုပ်ရေးအဖွဲ့သည် အလုပ်များသော အလုပ်အသစ်တစ်ခုကို ပြုလုပ်ခဲ့သည်။
အခြေခံအားဖြင့် စပါးရိတ်သိမ်းမှု ပြီးမြောက်ခဲ့ပြီး နေလှန်းထားသော ဆန်စပါးများကို အိတ်များထဲသို့ အချိန်မှီထည့်နိုင်ကြသဖြင့် ထုတ်လုပ်ရေးအဖွဲ့မှ အားလုံး သက်ပြင်းချကြသည်။
မည်သို့ပင် ဆိုစေကာမူ အလျင်စလို ရိတ်သိမ်းပြီးနောက် အစားအသောက်များ သိမ်းဆည်းပြီး နောက်တစ်ဆင့်မှာ အများပြည်သူကို ဝေငှပေးရန်ဖြစ်သည်။
အများပြည်သူ ရိက္ခာများ ပေးဝေရန် နှစ်ရက်သာ လိုတော့သည်။
ဒီရက်ပိုင်း ထုတ်လုပ်ရေးအဖွဲ့က လူတွေ အရမ်းပင်ပန်းနေကြပေမယ့် အစားအသောက်တွေ ဖြန့်ဝေတော့မယ်လို့ တွေးပြီး ကြိုးစားအားထုတ်မှုဟာ ထိုက်တန်တယ်လို့ ခံစားမိကြသည်။
ကောက်နှံများကို ပထမအကြိမ်ဝေပေးခြင်းက အချိန်အတိုင်းအတာတစ်ခုအထိ အပြည့်အ၀စားနိုင်ပြီး ဆောင်းဦးရိတ်သိမ်းပြီးနောက်တွင် ဒုတိယ ဝေငှမှုကိုလည်း ရရှိလာနိုင်မည်ဖြစ်သည်။
စိုက်ပျိုးထုတ်လုပ်ရေးအဖွဲ့သည် တစ်နှစ်လျှင် နှစ်ကြိမ်ရိတ်သိမ်းရသောကြောင့် တစ်ကြိမ်လျှင် စပါးနှစ်မျိုးခွဲဝေပေးပါသည်။
နွေရာသီပဲဖြစ်ဖြစ် ဆောင်းဦးရာသီပဲဖြစ်ဖြစ် အချိန်နည်းနည်းကြာသော်လည်း အစာရသဖြင့် ဝမ်းသာစရာပင်။
ပြည်သူကို စပါးပေးဝေခြင်းသည်လည်း အဓိက အလုပ်တစ်ခုဖြစ်လေသည်။ အများသူငှာအား စပါးများ ဝေငှချိန်ရောက်သောအခါ စိုက်ပျိုးထုတ်လုပ်ရေးအဖွဲ့ တစ်ခုစီသည် စပါးများကို စပါးစခန်းသို့ လွှဲပြောင်းပေးရသည်။
စပါးစခန်းတွင် စစ်ဆေးထားပြီး အရည်အချင်းပြည့်မီမှသာ လက်ခံလေသည်။
အများအားဖြင့် ထုတ်လုပ်ရေးအဖွဲ့များမှ ပေးသော စပါးများသည် အရည်အချင်းပြည့်မီပြီး အများသူငှာ ပေးဝေငှရန် အကောင်းဆုံးဖြစ်သည်။ ဒီခေတ်လူတွေက အရမ်းစိတ်ထားပြည့်ကျပြီး ဂျီးမများကြချေ။