Chapter 221

1K 104 0
                                    

Chapter 221 - ကျောင်းဝေကောင်း သဘောတူပေးတယ်(၄)





ကျောင်းရှုလန် ချက်ပြုတ်ထားတာ၍ အရမ်းအရသာရှိတယ်ဆိုတာ မဆန်းချေ။



ကျောင်းရှုလန်ရဲ့ လက်မှုပညာက ပြောစရာမရှိသလို ချက်ပြုတ်ရေး၌လည်း အရမ်းတော်လွန်းသည်ဟု ကျန်းချန်း ထင်၏။



“ရဲဘော် ရှုလန်က အံ့သြစရာကောင်းတယ် ချက်ပြုတ်ရေးကျတော့လည်း အရမ်းအရသာရှိအောင်ချက်တတ်တယ်။!” ကျန်းချန်းက မြှောက်ပင့်ပေးဖို့ မမေ့ချေ။



ကျောင်းဝေကောင်းက ပြုံးပြီးပြန်ပြောသည်က “ဟုတ်တယ် ဦးလေးလည်း စားချင်တာလေးဆို ရှုလန် ချက်ခိုင်းရတယ် အရသာရှိအောင်လို့”



အချဉ်တစ်ပန်းကန်ဆိုသည်က ကျေးလက်ရှိမည်သူမဆို တတ်နိုင်သည့်အရာဖြစ်သည်။



ကျန်းချန်းသည် ထုတ်လုပ်ရေးအဖွဲ့အတွက် များစွာလုပ်ဆောင်ခဲ့ပြီး ကျန်းချန်းကို ဧည့်ခံပေးရန်အတွက် အချဉ်အနည်းငယ်ထုတ်ရန် ဝန်လေးမည်မဟုတ်ချေ။



ကျန်းချန်းက “ကျေးဇူးတင်ပါတယ် ဦးလေးကျောင်း!”



“ရဲဘော် ကျန်းချန်း ဘာလို့ဒီနေ့ အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာရတာလဲ ကိစ္စရှိလို့လား”



ကျောင်းဝေကောင်းသည် လာရင်းကိစ္စကို မေးရန်သတိရသွားတော့သည်။



ပြောင်းဖူစားနေတဲ့ ကျန်းချန်းက သူ့ပန်းကန်ကို ချက်ချင်းချလိုက်ပြီး “ဦးလေး ဒီနေ့ အရေးကြီးကိစ္စတစ်ခု ဆွေးနွေးဖို့ လာတာ” လို့ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။



“ဘာကိစ္စကြီးလဲ”



ကျန်းချန်းက ကျောင်းရှုလန် ကို တစ်ချက်ကြည့်လိုက်ပြီး “ဦးလေး ကျွန်တော် ရဲဘော် ရှုလန်ကို သဘောကျလို့ လက်ထပ်ပေါင်းသင်းချင်တာပါ အဲ့တာဦးလေးရဲ့အမြင်ကိုမေးချင်လို့ပါ”



ကျန်းချန်းက ဒီလိုပြောတဲ့အခါ ကျောင်းဝေကောင်း အံ့ဩသွား၏။



သူ့သမီးအပျိုလေးနဲ့?



ကျောင်းဝေကောင်းသည် ကျန်းချန်းနှင့် ကျောင်းရှုလန် ချစ်မိကြမည်ဟု မမျှော်လင့်ထားဘဲ ကျောင်းဝေကောင်းက သူ့သမီးကို နှိမ်၍ထင်ခြင်းမဟုတ်ပဲ သူကိုယ်တိုင်ပင် နှစ်ယောက်ကြားက ကွာဟချက်ကို နားလည်သောကြောင့်ဖြစ်သည်။



ကျန်းချန်းသည် အရပ်ရှည် ချောမောပြီး အလုပ်ကြိုးစားသူတစ်ဦး ဖြစ်ပေသည်။ သူက ကဏ္ဍပေါင်းစုံမှာ အရမ်းတော်ပြီး ငယ်ရွယ်ကာ အရည်အချင်းရှိသူလို့ မှတ်ယူ၍တောင် ရလေသည်။



ဒီလိုအခြေအနေတွေ၌ ပိုကောင်းတဲ့မိန်းကလေးကို ရှာတွေ့နိုင်တယ်ဆိုတဲ့ အကြောင်းပြချက်က ရှိနေပြီး ရှုလန်အား ကြိုက်ရသည့်အကြောင်းကို မေးချင်လေသည်။



ကျန်းချန်းက ကျောင်းဝေကောင်းရဲ့ အဖြေကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းခဲ့ပြီး ကျောင်းဝေကောင်းက ခဏလောက် အံ့အားသင့်သွားသဖြင့် တွေဝေသွားကာ ကျန်းချန်းအား “မင်း ငါ့သမီးနဲ့ အတူနေချင်လားလို့ အံဩစရာကြီးပေမဲ့ ရှုလန်ပါ သဘောတူတယ်ဆို ငါဘာမှမပြောလိုဘူး”



ကျောင်းဝေကောင်းက ကျောင်းရှုလန်အား “ရှုလန် သမီး ကျန်းချန်းကို တကယ်လက်ထပ်ချင်လား



အဖေကတော့ သူ့ကိုလူကောင်းလေးလို့မြင်တယ်



ဘာပဲဖြစ်နေနေ ကိုယ့်စိတ်ထားက အရေးကြီးတယ်။ အဖေ့ရဲ့အမြင်ဆိုပေမဲ့လေ သမီးရော ဘယ်လိုတွေးလဲ “



ကျောင်းရှုလန်ရော ကျန်းချန်းရော ကျောင်းဝေကောင်း ဒီလိုပြောလိမ့်မည်ဟု မတွေးထားချေ။ ကျောင်းရှုလန်က ကျောင်းဝေကောင်းသည် ကျန်းချန်းအား လီလီကျွမ့်ကို မကူပေးဖူးသောကြောင့် မနှစ်မြို့ဖွယ် တစ်စုံတစ်ရာကို ပြောလိမ့်မည်ထင်သည်။



ယခုတော့ အဆင်ပြေစွာ ပြောပေးသဖြင့် ကျောင်းရှုလန်က အနည်းငယ် မူမမှန်နေသလို ခံစားရသည်။



ကျောင်းဝေကောင်းက သဘောတူနိုင်တာကြောင့် ကျောင်းရှုလန်က မဆိုင်းမတွဘဲ “အဖေ သမီး ရဲဘော် ကျန်းချန်းနဲ့ လက်ထပ်ဖို့ ဆန္ဒရှိနေပါတယ်!”



ကျန်းချန်း၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ရှိနေသည်။ နဂိုထဲက ရုပ်ရည်ကောင်းပေမယ့် ဒီလို ပြုံးပြလိုက်တာနဲ့ ပိုတောင် ကြည့်ကောင်းသွားလေသည်။



ထိုယောက်ျား၏ ချောမောနေမှုက နေမင်းကြီးကဲ့သို့ တောက်ပလွန်းနေသည်။



ဘေးနားက မားယုမိန် ကြားတော့ “ဝေကောင်း ရှင်ရူးနေတာလား



သမီးကို ဒီလောက်ဆိုးတဲ့လူနဲ့ ပေါင်းခိုင်းတယ်



ကျောင်းမိသားစုတော့ ဘဝတွေပျက်ကုန်တော့မှာပဲ“



မားယုမိန် ပြောပြီးသည်နှင့် လီလီကျွမ့်က သူမကို ဆွဲထုတ်လိုက်ပြီး “အမေ သိပ်စိတ်မပူပါနဲ့ စိတ်မပူပါနဲ့ သမီးတို့မှ မထိခိုက်တာ



ကျောင်းရှုလန်နဲ့ ကျန်းချန်း တို့ကို ခွင့်ပြုပေးလိုက်။



သူသာ ဒီလို လူဆိုးနဲ့ လက်ထပ်လိုက်ရင် သူလည်း လူဆိုးစာရင်းဝင်သွားမှာ အနာဂတ်ကြီးက မသာယာတော့ဘူး“



ကျောင်းရှုလန်၏ ဘဝခက်ခဲနိုင်သည်ဟုတွေးကာ လီလီကျွမ့်သည် ကျေနပ်သွားပြီး ကျောင်းရှုလန် ခက်ခဲစေမည့်အရာများကို ရပ်စေမည်မဟုတ်ပေ။ 

လယ်သမားဇနီးမှာ နေရာလွတ်ရှိတယ် Book 2Donde viven las historias. Descúbrelo ahora