Chapter 210 - လုလန်လန်ဝိတ်ကျချင်လာတယ်(၂)
လုလန်လန်က မတူချေ။ ကျောင်းဝေကောင်း နှင့် ဝမ်ရှုယင် တို့သည် ကွာခြားလွန်းပြီး လုကျင်ရှန်းက အဖွဲ့ခေါင်းဆောင်ဖြစ်သဖြင့် နေထိုင်မှုဘဝကောင်းလှသည်။
လုလန်လန်၏ဘဝနှင့် နှိုင်းယှဉ်ပါက ကျောင်းရှုလန်၏ဘဝသည် မိုင်ပေါင်း 108,000 နီးပါးကွာသည်။
ကျောင်းရှုလန်က သူမ၏ ယခင်ဘဝ၌ မိဘများနှင့် ညီအစ်ကိုများ၏ ချစ်ခြင်းမေတ္တာကိုလည်း ခံစားရခဲ့သည်။ ကံမကောင်းစွာဖြင့် အန္တရာယ်များလွန်းသော နောက်ဆုံးအချိန်သို့(သေချိန်) ရောက်သွားသည်။
သူမ၏မိဘများက ချစ်ပေးကြသော လုလန်လန်ကဲ့သို့ တစ်စုံတစ်ဦးကိုမြင်ရသောအခါ ကျောင်းရှုလန်သည် သူမ၏နှလုံးသားထဲမှ မနာလိုဖြစ်မိသည်။
ကျန်းချန်းသည် ကျောင်းရှုလန်ကို တိတ်တဆိတ် ငုံ့ကြည့်ကာ ကျောင်းရှုလန်၏ မျက်လုံးများတွင် မနာလိုသော အကြည့်ကို မြင်လိုက်ရပြီး ကျောင်းရှုလန် မနာလိုသည့်အကြောင်းကို နားလည်သည်။
ကျန်းချန်းက ထုတ်လုပ်ရေးအဖွဲ့သို့ရောက်ရှိပြီးနောက် ကျောင်းရှုလန်၏ အခြေအနေကိုနားလည်လာသည်။
ကျောင်းရှုလန်သည် ဖခင်၏မေတ္တာနှင့် မိခင်၏ချစ်ခြင်းမေတ္တာမရှိသည့်အတွက် သနားစရာပင်။
ကျန်းချန်းသည် ကျောင်းရှုလန် နှင့် ကျောင်းရှုကျူးကို ကောင်းမွန်စွာ နေခွင့်ရစေချင်ပြီး ကျောင်းရှုလန်ကို အနိုင်ကျင့်မည်ကို ဘယ်တော့မှ ခွင့်မပြုနိုင်ပေ။
ကျောင်းရှုလန်၏ ပင်ပန်းခဲ့ရသည်ကို ကျန်းချန်းက လျော်ကြေးပေးရန်မျှော်လင့်ပြီး တစ်စုံတစ်ဦး၏ဂရုစိုက်မှုနှင့်ချစ်ခြင်းကို ကျောင်းရှုလန် သိခွင့်ရအောင် လုပ်ပေးလေမည်။
သို့သော် ကျန်းချန်းသည် ကျောင်းရှုလန်ကို ပြောပြရန် မစဉ်းစားရသေးဘဲ သူမအားဝန်ခံပြီး ပြောချင်သမျှကို ပြောပြရန် အခွင့်အရေးကို စောင့်နေသည်။
လုလန်လန်က နှုတ်ခမ်းကို ပြုံးကာ လုကျင်ရှန်း နဲ့ ဝမ်ရှုယင် တို့ကို “ဖေဖေ မေမေတို့ ဝိတ်ချဖို့ အတွက်ဝိုင်းကူလုပ်ပေးနေတာ သမီးတအားဝနေပြီ အဲ့လိုမှ ဝိတ်မချရင် ဘယ်အချိန်အထိ လှောင်ခံရမလဲမသိဘူး။ ရှေ့တင်မှာတော့ သူတော်ကောင်း နောက်ကွယ်ကျမှ ကြောင်သူတော်မတွေက ဝက်မလို့ ဝိုင်းပြောကြဦးမှာ”
လုလန်လန် ပြောတာကိုကြားတော့ ဝမ်ရှုယင်က ချက်ချင်း မျက်နှာတည့်တည့်ကြည့်ပြီး စိတ်မချမ်းသာစွာနဲ့ “ငါ့သမီးက ဝက်နဲ့တူတယ်လို့ ဘယ်သူပြောတာလဲ။ အဆီရှိတော့ရော ဘာဖြစ်လဲ သူတို့က သမီးလို ကောင်းကောင်းစားရလို့လား
လူတိုင်းက အဲလိုကံကောင်းတာမဟုတ်ဘူး။ သူတို့တောင် စားချင်တာ စားရပါစေဦး
လန်လန် အဲဒီလူတွေရဲ့ ပြောတာကို နားမထောင်နဲ့ ဟုတ်ပြီလား“
ကျောင်းရှုလန်သည် သူမကြားသောအခါ ရယ်ချင်သော်လည်း လုလန်လန် ၏ ဝသည်ကို ရယ်ချင်သည်မဟုတ်ဘဲ ဝမ်ရှုယင်၏ ချစ်ဖို့ကောင်းသည့် အတွေးကိုသာ ရယ်ချင်ခဲ့သည်။
သေချာတာကတော့ မိဘတွေရဲ့အမြင်မှာ သားသမီးတွေ ဘယ်လိုပဲဖြစ်နေပါစေ သူတို့က အကောင်းဆုံးပင်ဖြစ်နေတတ်သည်။
လုလန်လန်က ဝနေသော်လည်း ဝမ်ရှုယင်က ကောင်းကောင်းလမ်းညွှန်ပေးခဲ့သည်။
ယင်းကြောင့် ကျောင်းရှုလန်က သူမ၏ယခင်ဘဝအကြောင်းကို တွေးတောစေခဲ့သည်။ ဝိတ်လျှော့ချဖို့ သူပြောတိုင်း ပိုစားတာ မကောင်းဘူးလို့ သူ့မိဘများက အမြဲပြောလေ့ရှိတယ်။
ဒါပေမယ့် မိန်းကလေးတစ်ယောက်အနေနဲ့ အဆီတွေကို မကြိုက်ကြပဲ သွယ်လျတဲ့ ခန္ဓာကိုယ်ကိုသာ လိုချင်ကြသည်။
ကိုယ်အလေးချိန်ကျတဲ့အခါ ဘယ်လိုအဝတ်အစားတွေနဲ့မဆို ပိုကြည့်ကောင်းလာပါလိမ့်မည်ာ အဆီအရမ်းများရင် အဝတ်အစား ဝတ်ရင် မလှနိုင်ချေ။
ဝမ်ရှုယင်က ကိုယ်အလေးချိန်လျှော့ချခြင်းနှင့်ပတ်သက်၍ လုံးဝသဘောမတူကြောင်း ပြောတော့ လုလန်လန်က ဝမ်ရှုယင်အား “မေမေ ဒါပေမယ့် သမီးလုပ်ချင်တယ်လေ
အဖွဲ့ဝင်တွေအကုန်လုံးက အလုပ်လုပ်နေတာ သမီးတစ်ယောက်ထဲ အလေလိုက်နေလို့ဖြစ်ပါ့မလား
သမီးက ခေါင်းဆောင်ရဲ့သမီးဆိုတော့ သမီးပါ လုပ်ပြမှ သူတို့ပိုကြိုးစား အတုယူချင်လာမှာလေ
အလုပ်မသွားရင် အဖေက တခြားလူတွေကို ခေါ်ခိုင်းလိမ့်မယ် အဲ့တာဆို သူတို့ကသမီးကို မကျေမနပ်ဖြစ်ပြီး အဖေစကား မေအာင်တော့ပဲနေမယ်
အလေးအနက်ပြောရမယ်ဆိုရင် အဖေက သူ့သမီးမလို့ မျက်နှာသာပေးနေတယ်လို့ ပြောကြမှာ”
လုလန်လန်၏ စကားကြောင့် ဝမ်ရှုယင် နှင့် လုကျင်းရှန်း မျက်မှောင်ကြုတ်သွားကြသည်။