Chapter 233 - ကျန်းချန်း၏ လက်ဆောင်များ(၃)
ကျောင်းရှုလန်သည် လီလီကျွမ့် ၏ မနာလိုသောအကြည့်ကို သတိမထားမိပဲ ကျန်းချန်း အနားတွင် ပြုံးလျက်သာ ရပ်နေလိုက်သည်။
ကျန်းချန်းသည် အခြားအရာများဖြစ်သည့် စည်သွပ်ဘူးများနှင့် ကိတ်မုန့်များကို ထုတ်ယူကာ ကျောင်းရှုကျူးအား ပေးရန်ပြင်လေသည်။
ကျောင်းရှုကျူး ဒဏ်ရာရပြီး အိမ်မှာ နားနေကာ ပြန်လည်သက်သာနေပြီဖြစ်ကြောင်း ကြားသိရတဲ့အတွက် ကျောင်းရှုကျူးအား အားဖြစ်စေမည့် ပစ္စည်းတစ်ချို့ယူလာလေသည်။
ကျန်းချန်းသည် ကျောင်းရှုကျူးကို သတိရပေးသဖြင့် ကျောင်းဝေကောင်းက ကျန်းချန်းသည် သူတို့၏ မိသားစုကို အမှန်တကယ် ဂရုစိုက်ကြောင်း သိသွားလေသည်။
မြို့တော်မှဝယ်သော နို့မှုန့်နှစ်ဗူးကို ကျန်းချန်းက ထုတ်မပေးဘဲ ကျောင်းရှုကျူးအား လျှို့ဝှက်ပေးနိုင်ရန် စီစဉ်ခဲ့သည်။
နို့မှုန့်ကို ထုတ်လိုက်လျှင် နို့မှုန့်သည် ကျောင်းရှုကျူး၏ ပါးစပ်သို့ မရောက်နိုင်ပဲ မားယုမိန်ကသာ သောက်သွားလေမည်။
မားယုမိန်သည် သူမ၏ဝမ်းထဲရှိ ကလေးအား အကြောင်းပြနေသဖြင့် ကျောင်းမိသားစုအတွက် အဆင်မပြေပေ။
များသောအားဖြင့် အိမ်တွင် ကောင်းသောအရာတစ်ခုခုရှိလျှင် မားယုမိန်က အရင်ယူသွားသဖြင့် အခြားသူများ၌ ပစ္စည်းများများစားစားမရှိပေ။
ဒါကြောင့် ကျောင်းရှုကျူးကို တိတ်တိတ်လေး ပေးဖြင်းက ပိုအဆင်ပြေစေပြီး ငြင်းရခြင်းမရှိသည့်အတွက် လေကုန်သက်သာစေသည်။
ကျောင်းရှုလန်အတွက် လက်ဆောင်ကိုလည်း ကျန်းချန်းက ထုတ်လိုက်လေသည်။
ဖိနပ်လေးနှစ်ရံသည် လီလီကျွမ့်ကို ပို၍မနာလိုဖြစ်စေလောက်အောင်ပင်။
ကျေးရွာရှိလူတွေက ဒီလိုဖိနပ်ဝတ်ရန်မတတ်နိုင်ပေ။
ကျောင်းရှုလန်သည် ဖိနပ်တစ်ရံမဝယ်မီ လီလီကျွမ့်အတွက် တွေးမိသေးသည်။ ကျောင်းရှုလန်အတွက် ကျန်းချန်း ဝယ်ပေးသော သားရေဖိနပ်နှင့် နောက်ပိတ်ဖိနပ်လေးကို မြင်လိုက်ရတော့ သူမ ပိုမနာလိုဖြစ်မိသည်။
ကျောင်းဝေကောင်းသည် ကျန်းချန်း၏ အပြုအမူကိုမြင်သောအခါ ကျန်းချန်းသည် ငွေအမြောက်အမြားသုံးစွဲခဲ့သည်ကိုသူသိခဲ့သည်။
ကျန်းချန်းဟာ ပိုက်ဆံအများကြီးသုံးသည့်အတွက် တစ်ချိန်တည်းမှာပဲ သူပျော်နေပြီး စိတ်ဆင်းရဲနေခဲ့သည်။
ကျန်းချန်းက ကြင်နာစာနာတတ်ပြီး သူ့သမီးကို စိတ်ဆင်းရဲစေမည်မဟုတ်ပေ။
လီလီကျွမ့်က နှုတ်ခမ်းစူပြီး မားယုမိန်ကို ဒေါသတကြီး ချွန်လိုက်သည်။
"သူတို့ယူလာတဲ့ လက်ဆောင်တွေက သမီးတို့အတွက်မပါဘူး သူတို့သုံးယောက်အတွက်ပဲထင်တယ်
ကျန်းချန်းက လက်ဆောင်မဝယ်ပေးအောင်လို့ ကျောင်းရှုလန်တားလိုက်တာပဲ ဖြစ်မယ်။
ဒီလောက်တပုံကြီးပါတာတောင် သမီးတို့အတွက်မပါဘူးဆိုတော့ "
အစတွင် မားယုမိန်သည် ကျန်းချန်း ထံမှလက်ဆောင်များကို မက်မောဆဲဖြစ်သော်လည်း ယခု လီလီကျွမ့်၏ စကားများကိုကကြားတော့ မားယုမိန်သည် ကျန်းချန်း နှင့် ကျောင်းရှုလန် ကို အနည်းငယ်မကျေမနပ်ဖြစ်ခဲ့သည်။
သူပြသနာရှာရန် တွေးနေတုန်းမှာပဲ ကျန်းချန်းက တစ်စုံတစ်ခုကို ထုတ်လိုက်ကာ မားယုမိန်အား " ဒေါ်လေးအတွက် လက်ဆောင်တစ်ခု ယူလာခဲ့တယ်!"
ကျန်းချန်းက သူမကို လက်ဆောင်ယူလာကြောင်း မားယုမိန် ကြားသောအခါ သူမသည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး ကျန်းချန်းကို မျှော်ကြည့်ကာ ဒေါသများ ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန်းက ပိုးပဝါတစ်ဘူး၊ Vanishing cream တစ်ပုလင်းနှင့် ဂျုံနို့ဆန်ပြုတ် နှစ်ဗူးကို ထုတ်ကာ မားယုမိန်ထံသို့ ပေးလိုက်ပြီး မားယုမိန်အား "အန်တီ ကိုယ်ဝန်ရှိနေတယ်ဆိုလို့ ကျွန်တော်မြို့ထဲက ဆန်ပြုတ်နှစ်ဗူးဝယ်လာတာ။ အဲ့တာစားပေးရင် ကလေးရော မိခင်ပါကျန်းမာတယ်။
ဒီခရင်မ်ကို အသားအရေထိန်းသိမ်းဖို့အတွက် သုံးပေါ့။ အာနိသင်ကတော့ တော်တော်ကောင်းတယ် မြို့ကလူတွေဆို အရမ်းကြိုက်ကြတာ။
ပြီးတော့ ဒီပိုးပဝါက အဒေါ် ဘယ်စတိုင်လ်ကြိုက်လဲမသိဘူး အဲ့တာနဲ့ အရောင်းဝန်ထမ်းကို လူကြိုက်များတဲ့ပုံစံမေးလိုက်တော့ သူကဒါပေးတယ်လေ အန်တီနဲ့လည်းလိုက်မယ်ထင်လို့ ကျွန်တော်ဝယ်လာခဲ့တာ "
မားယုမိန်က ကျန်းချန်း ပေးပြီးမှပြန်ယူမည်ကို စိုးရိမ်တာကြောင့် ကျန်းချန်းဆီသို့ အမြန်သွားယူလေသည်။
ကျန်းချန်း ပေးသောပစ္စည်းများကိုယူပြီးနောက် မားယုမိန်သည် ကိုင်ထားရင်းနှင့်ကို အလွန်စိတ်လှုပ်ရှားနေပါသည်။
သူပေးသည့်အရာများက တကယ့်အဖိုးတန်များပက်။ နွားနို့နှစ်ဗူးက သူ့ခန္ဓာကိုယ်အတွက် အင်အားဖြစ်စေပြီး Vanishing creamနဲ့ ပိုးထည်ပဝါတွေကို မကြိုက်တဲ့ အမျိုးသမီးမှာ မရှိချေ။
အမျိုးသမီးများသည် အလှအပကို နှစ်သက်ကြပြီး မျက်လုံးမှမခွာန်ုင်အောင် ကြိုက်ကြသည်။
မားယုမိန်သည် ထုတ်လုပ်ရေးအဖွဲ့မှ အမျိုးသမီးငယ်များ Vanishing creamအကြောင်း ပြောသည်ကို ကြားဖူးသော်လည်း တခါမှ မမြင်ဖူးခဲ့ပေ။