Chapter 241 - သူမအား အနမ်းချွေခြင်း
ကျောင်းရှုလန်၏ ငြင်းမရသော အကြည့်ကို မြင်လိုက်ရတော့ ကျန်းချန်းက ဘာမှမပြောဘဲ ခေါင်းညိတ်ကာ ကျောင်းရှုလန် သူ့ကို ပြန်ပို့ရန် သဘောတူလိုက်သည်။
"ဒါနဲ့ ရှုလန် ဒါက ကိုယ့်အဖိုးလေးနဲ့ အဖွားလေးကပေးတဲ့ လက်ဆောင်။ မင်းမငြင်းရဘူးနော်"
ကျန်းချန်းက ပြောပြီး အဖေကျန်း နှင့် မစ္စကျန်း ပေးသော ရွှေရောင် သေတ္တာကို ကျောင်းရှုလန်ထံသို့ ပေးလိုက်သည်။
ကျောင်းရှုလန်သည် သေတ္တာ၏ လက်ရာမြောက်ပြီး ရွှေနန်မူဖြင့် ပြုလုပ်ထားသည်ကို ပုံသဏ္ဍာန်ကို တွေ့လိုက်ရသည်။ ဈေးနှုန်းမှာလည်း နည်းမည်မဟုတ်ပေ။
အတွင်းထဲမှာရှိတဲ့ လက်ဝတ်ရတနာတွေက အရမ်း တန်ဖိုးကြီးသည်။
ကျောင်းရှုလန်သည် ကျန်းမိသားစု ဇနီးမောင်နှံနှစ်ဦးမှ ကောင်းမွန်သောအရာများစွာကို ဖွက်ခားသည်ကို သိလေပြီး ယခု ကျန်းချန်းက ထုတ်ပေးသည့်အခါ မအံ့ဩချေ။
ထိုလက်ဆောင်က ကျန်းမိသားစု နှလုံးသားနှင့်ပေးသည်ကို သိလျှက် ကျောင်းရှုလန်သည် လက်ဆောင်ကို ဝမ်းမြောက်စွာ လက်ခံခြင်းမရှိခဲ့ပေ။
"လက်ဆောင်ပေးတဲ့အတွက် အဖိုးလေးနဲ့အဖွားလေးကို ကျေးဇူးတင်ကြောင်း ပြောလိုက်ပါ!" ကျောင်းရှုလန်က ပြောသည် ။
ကျန်းချန်းက လေးလေးနက်နက် ခေါင်းညိတ်ပြီး "အင်း ကိုယ်ပြောလိုက်မယ်နော် စိတ်မပူနဲ့!"
ကျောင်းရှုလန်က ကျန်းချန်းကို အိမ်လိုက်ပို့ပေးသည်။ ညဘက်လမ်းက နည်းနည်းမှောင်နေပေမယ့် လရောင်ကောင်းတာကြောင့် လမ်းကို ရှင်းရှင်းလင်းလင်း မြင်ရသေးသည်။
ကျန်းချန်း မူးနေသော်လည်း လမ်းလျှောက်နိုင်သေးသည်။
ကျောင်းရှုလန်က ကျန်းချန်းကို ပြန်ပို့ပြီး မကြာခင်မှာပဲ သူတို့နှစ်ယောက်ဟာ ကျန်းအိမ်ရှေ့သို့ ရောက်သွားလေသည်။
ကျန်းချန်း ရုတ်တရက်ရပ်ပြီး ကျောင်းရှုလန်ကို သူ့ရင်ခွင်ထဲ ဆွဲထည့်လိုက်သည်။
"ကျန်းချန်း ရှင်ဘာလုပ်တာလဲ"
ကျောင်းရှုလန်သည် ကျန်းချန်း အဆင်မပြေဖြစ်သည်ဟု ထင်မိသော်လည်း ရုတ်တရက် သူမကို ပွေ့ဖက်လိုက်သဖြင့် သူ၏ အလေးချိန်အများစုသည် သူမအား ဖိမိသွားသည် ။
"ရှုလန် ကိုယ်ဒီနေ့အရမ်းပျော်တာပဲ နောက်ဆုံးတော့ မင်းနဲ့အတူ ရှိခွင့်ရတော့မယ်"
ကျောင်းရှုလန်က "အင်း ကျွန်မလဲပျော်တယ်!"
"ရှုလန်"
ကျန်းချန်းသည် ခေါင်းငုံ့ကာ ကျောင်းရှုလန် ၏နှုတ်ခမ်းကို ဖြည်းညှင်းစွာ နမ်းလိုက်ပြီး "ရှုလန် ကိုယ်မင်းကို တစ်ဘဝလုံး ကောု်းကောင်း ဆက်ဆံပါ့မယ်ကွာ!"
နှစ်ယောက်သား နှုတ်ခမ်းများကို ပေါ့ပေါ့ပါးပါး ထိတွေ့လိုက်သော်လည်း ကျောင်းရှုလန်သည် ခဏတာ တုန်လှုပ်နေဆဲဖြစ်သည်။
သူမကို ဒီလူနမ်းခဲ့တာလား?
ထို့နောက် ကျောင်းရှုလန်၏ပါးများနှင့် နားရွက်များ ပူနွေးလာသည်။
ကျန်းချန်းက ကျောင်းရှုလန်ကို ကျေနပ်စွာ လွှတ်ပေးလိုက်ပြီး "ရှုလန် ကိုယ်ဝင်တော့မယ်နော် မင်းလဲ သတိထားပြန် အိမ်ရောက်ရင် အနားယူလိုက်!"
ကျောင်းရှုလန်၏ ပူနွေးသော မျက်နှာကို ကိုင်လိုက်ပြီး အသံပြုလိုက်ကာ ကမန်းကတန်း လှည့်ပြန်သွားခဲ့လေသည်။
နောက်တစ်နေ့တွင် ကျောင်းရှုလန်နှင့် ကျန်းချန်း ၏ ဆက်ဆံရေးအကြောင်း သတင်းသည် ထုတ်လုပ်ရေးအဖွဲ့ကြားတွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ကျန်းချန်းက မြို့ထဲမှ သကြားလုံးတွေအများကြီးဝယ်ပြီး လူတွေကိုတွေ့တော့ သကြားလုံးတွေဝေလေသည်။
ထုတ်လုပ်ရေးအဖွဲ့မှ လူအချို့သည် မနာလိုဖြစ်ကြပြီး တစ်ချို့က ဆုတောင်းပေးကြကာ အချို့က ကွယ်ရာတွင် အတင်းပြောကြသည်။
မည်သို့ပင်ဆိုစေကာမူ ကျောင်းရှုလန်သည် အနာဂတ်တွင် ကျန်းချန်း နှင့် အတူရှိနေနိုင်မည်ဖြစ်ပြီး ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးတွင် မည်သည့်အဟန့်အတားမှ ရှိနေမည်မဟုတ်ပေ။
လာမည့်ရက်အနည်းငယ်သည် ထုတ်လုပ်မှုအဖွဲ့အတွက် အလုပ်အများဆုံးအချိန်ဖြစ်ပြီး လူတိုင်းက ရိတ်သိမ်းရန် အပြေးအလွှား အလုပ်များနေကြသည်။
ထိုကြောင့် လောင်ယုကျွမ့်က ကျောင်းရှုလန်ကို ပေးမည်ပြောထားသည့် ဖိနပ်လေးအား နောက်ကျမှပေးဖြစ်သည်။
ကျောင်းရှုလန်သည် အချိန်တိုင်း သူမ၏အလုပ်ကို မငြီးငြူပဲလုပ်သည်။ သို့သော် လီလီကျွမ့်မှာတော့ အလုပ်က ပြန်ရောက်တိုင်းငိုလေသည်။
မားယုမိန် သည် လီလီကျွမ့်ကို အားပေးခဲ့ပြီး ကျောင်းဝေကောင်းက သူမ၏အလုပ်အမှတ်များရရှိအောင် ဆုံးမပေးသော်လည်း နားထဲမဝင်သည့်အတွက် စကားမပြောချင်တော့ချေ။
လီလီကျွမ့် မည်မျှဝမ်းနည်းပူဆွေး ပူပန်နေပါစေ မားယုမိန်က သူမအား မည်သို့ ပူဆာနေနေ ကျောင်းဝေကောင်းက ခွင့်မလွှတ်ဘဲ လီလီကျွမ့်ကို နေ့တိုင်း အလုပ်သွားရန် ကြိမ်းထားလေသည်။
လီလီကျွမ့်သည် အံကြိတ်ကာ ထိန်းထားရသော်လည်း တစ်နေ့တစ်နေ့ ထိုအလုပ်ကိစ္စများမှာ မရပ်သွားမှန်း သိလေသည်။
သူမသည် ထုတ်လုပ်ရေးအဖွဲ့တွင် တစ်သက်လုံး မနေချင်တော့ဘဲ ဘဝကို သာယာစွာသာ ဖြတ်သန်းချင်မိတော့သည်။