Chapter 232 - ကျန်းချန်း၏ လက်ဆောင်များ(၂)
ကျန်းချန်း မည်မျှရက်ရောသည်ကို စဉ်းစားရင်း ကျောင်းဝေကောင်းသည် baijiu ပုလင်းကို ရခဲ့သည့်အတွက် အလွန်ပျော်ရွှင်နေခဲ့သည်။ ကျန်းချန်းသည် baijiu ကို ဝယ်ရုံသာမက ကောင်းသော ပစ္စည်းများကိုပါ ရွေးကာ ပုလင်းများစွာ ဝယ်ခဲ့သည်ကို မသိနိုင်ချေ။
ဒီဝိုင်တွေနဲ့ဆိုရင် ခဏလောက်သောက်ရန် လုံလောက်သည်။
ကျောင်းဝေကောင်းသည် ကျန်းချန်း ဤဝိုင်များကို ယူလာပေးသည့်အတွက် အလွန်ပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေပြီဖြစ်သည်။ ကျန်းချန်းသည် အခြားကောင်းသော အရာများကို ထပ်ပေးဦးမည်မှန်း မတွေးမိချေ။
ကျောင်းဝေကောင်းက သူအမြင်များသည်ဟု ထင်သောကြောင့် စီးကရက်ကို အကြိမ်အနည်းငယ် စိုက်ကြည့်ပြီးနောက် ကျန်းချန်းအား "ကျန်းချန်း ဦးလေးမျက်စိမှားနေတာတော့ မဟုတ်ပါဘူးနော် အဲ့တာစီးကရက်တွေလား"
ကျန်းချန်းက ခေါင်းတညိတ်ညိတ်နဲ့ တုန့်ပြန်ပြီး "အင်း ဦးလေးကျောင်း၊ အဲ့တာစီးကရက်တွေ။
ခြောက်ထုပ်ပဲဝယ်ခဲ့တယ်။ အရေအတွက်နဲ့သာမထုတ်ထားရင် ပိုဝယ်လာခဲ့ပါတယ် "
ကျောင်းဝေကောင်းသည် ကျန်းချန်း ၏ စကားကို ကြားသောအခါ အနည်းငယ် ထိတ်လန့်သွားသည်။
ဒီကောင်လေး စီးကရက်ခြောက်ထုပ်တောင်ဝယ်လာတယ်။
အားလုံးသိသည့်အတိုင်းပဲ စီးကရက်တစ်လိပ်သောက်ရင်တောင် ထုတ်လုပ်ရေးအဖွဲ့မှာ အရမ်းလူထင်ကြီးနေကြလေမည်။
ဘယ်လိုနည်းနဲ့မှ ဒီခေတ်အခြေအနေတွေက ဆိုးလွန်းတယ်၊ ဝိုင်တစ်ခွက်သောက်တာထက် စီးကရက်သောက်ဖို့က ပိုခက်တယ်။
ခေတ်ကမကောင်းသည့်အတွက် ဝိုင်ထက်စီးကရက်က ပိုရှားနေလေသည်။
ကျောင်းဝေကောင်းသည် ကျန်းချန်း ပေးသော စီးကရက်ကို မြင်သောအခါ အလွန်စိတ်လှုပ်ရှားသွားသည်။
ကျန်းချန်းရဲ့ စေတနာမှာ ပြောမကုန်ပေ။ ထုတ်လုပ်ရေးအဖွဲ့ကိုလည်း များစွာကူညီပေးလေသည်။
ထုတ်လုပ်ရေးအဖွဲ့တွင် မည်သူ၏သားမက်သည် အဖိုးတန် ဆေးလိပ်နှင့် အရက်များစွာကို ပေးပို့နိုင်သနည်း။
ကျောင်းမိသားစု၏ သားမက်မှလွဲ၍ မတတ်နိုင်ကြချေ။
ဒါကိုတွေးပြီး ကျောင်းဝေကောင်းက ဂုဏ်ယူနေပြန်သည်။
သူ့သမီးနှင့် ကျန်းချန်း လက်တွဲခွင့်ရသည်မှာ မှန်ကန်သောရွေးချယ်မှုတစ်ခုပင်။ ကျန်းချန်း တစ်ယောက်တည်းရဲ့ အခြေအနေတွေကြောင့် ကျန်းမိသားစုနဲ့ လက်ထပ်လိုက်တဲ့အခါ သူမမကောင်းတဲ့ဘဝရနိုင်မှာကို မစိုးရိမ်ရချေ။
"ကောင်းလိုက်တာ ကျန်းချန်းရယ် မင်းက ပစ္စည်းတွေ အများကြီး ပေးမယ်လို့ ဦးလေးတကယ် မမျှော်လင့်ထားဘူး"
အမှန်မှာ ဤအရာများကို ခရိုင်မြို့သို့ ယူဆောင်လာလျှင်တောင် ကျေးလက်ရှိ လူများက မနာလိုကြ၏။ကျန်းချန်းက ယခုဝယ်၍ သူ့အားပေးလေသည်။
သို့သော် ကျောင်းဝေကောင်းသည် ကျန်းချန်း၏ ပုံစံနှင့် ကျန်းချန်း၏ မိသားစုအခြေအနေများအကြောင်းတွေးသောအခါ သူဤအရာများကို ဝယ်ပေးနိုင်သည်မှာ အံ့သြစရာမဟုတ်ပေ။
ဒါပေမယ့် ကျောင်းဝေကောင်းကတော့ သက်ပြင်းချနေတုန်းပင်။
ဒီလိုအရာကောင်းကို သူမမြင်ဖူးသလို ပိုင်ဆိုင်နိုင်မည်ဟုလည မတွေးမိချေ။
ကျန်းချန်းက ပြုံးပြီးပြောသည် "ဦးလေးကျောင်း ဒါကကျွန်တော့် အရည်အချင်းတွေနဲ့ ဝယ်လို့ရပေမဲ့ အကန့်အသတ်တွေရှိတယ်။ ရှုလန်နဲ့ လက်ထပ်ပြီးရင်တော့ ဦးလေးကို ဇိမ်ရှိရှိပိုထားပေးပါ့မယ်
လုမြို့မှာက ပစ္စည်းတွေများတယ် ရှုလန်နဲ့လက်ထပ်ဖို့သွားရင် အဲ့က ပစ္စည်းများများ ဝယ်လာပြီး ဦးလေးကိုလဲပေးမယ်။ ကျွန်တော်တို့ ကျန်းမိသားစုရဲ့အစဉ်အလာဆိုတော့ များများဝယ်ပေးရလေပိုကောင်းလေပဲ။"
ကျောင်းဝေကောင်းသည် ကျန်းချန်း၏စကားကို ကြားသောအခါတွင် သူဘာပြန်ပြောရမှန်း မသိလောက်အောင် စိတ်လှုပ်ရှားသွားသည်။
ဒီလိုသားမက်လေးရလို့ တကယ်ကံကောင်းပေသည်။
သူတို့ရွာကလူတွေက ကျန်းချန်းလို မိသားစုအခြေအနေကောင်းတဲ့ လူတစ်ယောက်ကို သားမက်တော်ဖို့ မလွယ်နေချေ။
ဘေးနားရှိ လီလီကျွမ့်သည် ကျန်းချန်း ပေးသောအရာများကို မြင်သောအခါ ဒေါသဖြင့် အံကြိတ်ခဲ့သည်။
ကျန်းချန်း ဘဝက အဆင်မပြေနိုင်ဟု သူမအထင်အမြင်သေးစွာ တွေးခဲ့သည်။ ကျန်းချန်းသည် အလုပ်ကောင်းကောင်းရှိသည်သာမကပဲ မိသားစုအခြေအနေကောင်းများပါရှိသည်ကို သူမသိခဲ့ချေ။
ကျောင်းရှုလန်နဲ့ ပေါင်းသင်းသွားကြပါက ထိုကဲ့သို အရာကောင်းများကို အချိန်တိုင်းဝယ်ပေးလေမည်။
ပြီးနောက် ကျောင်းရှုလန်သည် ကျန်းချန်း နှင့် လက်ထပ်တော့မည် ဖြစ်ပြီး သူမသည် တစ်သက်တာ ပျော်ရွှင်မှုကို ခံစားရတော့ပေမည်။
အဲ့ခွေးမက ဘာလို့သူထက်ကံပိုကောင်းနေရတာလဲ။
မဟုတ်ဘူး!
လီလီကျွမ့်က ကျောင်းရှုလန်သည် အနာဂတ်တွင် သူ့ထက်ပိုမိုကောင်းမွန်သောဘဝရှိမည်ဟု သူမထင်သောအခါ မနာလိုစိတ်ဖြင့် ရူးသွားမလိုပင်ဖြစ်ခဲ့သည်။