Chapter 247 - ငါ့လူကို လာမြူစွယ်ရဲတယ်ပေါ့(၃)
လီလီကျွမ့်ကို ဆုံးမရန် နည်းရှာနေသော်လည်း သူမအပြစ်အား ဖုံးကာ ဆီးတိုင်မည်ဟု မထင်ထားခဲ့ချေ။
ကျောင်းဝေကောင်းက မည်းမှောင်နေတဲ့ မျက်နှာနဲ့ "ဒီလို တိုင်ရဲတာ နည်းနည်းနောနော မရှိတဲ့ အရှက်ပဲ။
နင်သိလား နင့်ကြောင့်ငါပါ အပြောခံရတယ်ကွ။ ပြီးတော့ အဲ့လိုယွပိုးထိုးနေလို့လေ အလုပ်ရမှတ်က မတတ်လာတဲ့အပြင်ကို ၁၀မှတ်တောင် အနှုတ်ခံရသေးတယ်
ဒီလိုပုံစံဆို နင့်ကြောင့် ငါတို့မိသားစု ငတ်ကုန်တော့မယ်
ပြီးတော့ ကျန်းချန်း ဘာပဲဖြစ်နေနေ ရှုလန်ပဲ လုပ်ပေးလိမ့်မယ်။ နင့်ဟာနင် ဆင်ဆင်ခြင်ခြင်နေ မိန်းကလေးတဲ့ ဘယ့်နှယ်ကွာ"
လီလီကျွမ့်က ကျောင်းဝေကောင်း ကျောင်းရှုလန်ကို အပြစ်ကူပြောပေးမည်ဟု ထင်ခဲ့ပေမယ့် အခုတော့ သူပဲ အပြောခံလိုက်ရသည်။ ကျောင်းဝေကောင်းက သူမကို မကူညီရုံသာမကဘဲ သူမကို ရုတ်တရက် ဆူပူကြိမ်းမောင်းနေလေသည်။
"ဦးလေး ကျောင်း သမီး"
"အထွန့်မတတ်နဲ့ နင်လေ ဘယ်သူဘာပြောပြေ။ အမှတ်ကို မရှိတာ။ခေါင်းဆောင်နင့်ကိုပြောတာ ဘယ်နှခေါပ်မှန်းတောင် မသိတော့ဘူး။
အရမ်းသာ လိမ္မာနေရင် နင့်ကို ဘယ်သူမှ လိုက်ပြောမနေဘူး လေကုန်လို့
အေး ငါပြောထားတယ်နော် ဒီလိုပုံစံ အတိုက်းဆ်ု ကျောင်းမိသားစုကနေ ထွက်သွား။ သွားချင်တဲ့နေဪာ သွားနေ"
ကျောင်းဝေကောင်း၏ ဒေါသမျက်နှာကြောင့် လီလီကျွမ့်သည် ဘာမှမပြောဝံ့ပေ။
ကျောင်းရှုလန်သည် ဘေးမှကြည့်ကာ သူ့အဖေသည် အရမ်းစိတ်ထားပြည့်သည်ဟု ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။
ယခု ကျောင်းဝေကောင်းသည် သူမပထမဆုံးတွေ့စဥ်အချိန်ကလောက် စိတ်အနှောက်အယှက်မဖြစ်သည်မှာ ထင်ရှားသည်။
ကောင်းတဲ့ကိစ္စပင်!
ကျောင်းဝေကောင်း တိုးတက်လာသည်ကိုမြင်တော့ ကျောင်းရှုလန်သည် သူမ၏ နှလုံးသားထဲမှ ပျော်ရွှင်သွားသည်။
လီလီကျွမ့်က အလွန်ထိတ်လန့်သွားပြီး သူမ ဘာမှမပြောဝံ့ပေ။
"အိမ်မှာ စားစရာကရှိနေတာ မဟုတ်ဘူး အဲ့တာကို လက်ယားလက်ယားလုပ်ပစ်တယ်။
ကျန်းချန်းအတွက်ခေါက်ဆွဲကို နင့်အမေကျွေးလိုက် သူက ကိုယ်ဝန်ကြီးနဲ့"
ကျန်းချန်း မစားရသေးသော ကြက်ဥခေါက်ဆွဲပန်းကန်သည် လီလီကျွမ့်၏ဗိုက်ထဲသို့ ရောက်နေပြီဖြစ်သည်။ မားယုမိန်ကို ကျွေးရန်နေနေသာသာ မရှိတော့ပေ။
ကျောင်းဝေကောင်း ပြောပြီးနောက် မားယုမိန်က "ဟုတ်တယ် လီကျွမ့် ကြက်ဥခေါက်ဆွဲ ဘယ်မှာလဲ ကျန်းချန်း မစားရင် မေမေစားပေးမယ် ပေး"
မိသားစု အခြေအနေများသည် ကျောင်းမိသားစုတွင်သာမက ထုတ်လုပ်ရေးအဖွဲ့တစ်ခုလုံးတွင်ပါ ကန့်သတ်ချက်များရှိနေသဖြင့် ကြက်ဥခေါက်ဆွဲတစ်ပန်းကန်စားရန်မှာ မလွယ်နေပေ။
ကျောင်းဝေကောင်း နှင့် မားယုမိန်တို့၏ မေးခွန်းများကို ရင်ဆိုင်ရင်း လီလီကျွမ့်သည် စကားမပြောဘဲ အကြာကြီး တုံ့ဆိုင်းသွားခဲ့သည်။
မားယုမိန်က လီလီကျွမ့် ထံ လျှောက်လာပြီး "သမီး နင်မြန်မြန်ပြော ကြက်ဥခေါက်ဆွဲရော"
လီလီကျွမ့်က "အမေ သမီးစားလိုက်တယ် သမီးပေးတာကို ကျန်းချန်းက မစားတာနဲ့ သမီးပဲ စားလိုက်တော့တယ်"
ကြက်ဥခေါက်ဆွဲအရသာကို တွေးရင်း လီလီကျွမ့်က ထိုအရသာရှိလှသည်ကို သတိရမိသေးသည်။
လီလီကျွမ့် ကိုယ်တိုင် ကြက်ဥခေါက်ဆွဲစားကြောင်း မားယုမိန် ကြားသောအခါ ချက်ချင်း ပြောစရာပျောက်သွားပြီး လက်ကို ဆန့်တန်းကာ လီလီကျွမ့်၏ လက်မောင်းကို ကြိမ်ဖန်များစွာ ညှစ်လိုက်ပြီး "ခွေးကောင်မလေး ဘာပြောလိုက်တယ် စားလိုက်တယ်ဟုတ်လား
အကုန်စားလိုက်တာလား
နောက်နေတာလား
ကျန်းချန်းက မစားဘူးဆိုရင် ဒီကိုယ်ဝန်သည်အမေအတွက် ပြန်ယူလာခဲ့သင့်တယ်လေ
အခုတော့ လင်တရူးနေတာမကတော့ဘူး အမေကိုပါမေ့လိုက်ပြီ။ အတောင်စုံတော့ ဒီရင်ခွင်ကို ခြေစုံကန်ချင်ပြီပေါ့လေ။ "
မားယုမိန်က သူမကို ဆုပ်ဆွဲလိုက်သည့်အခါ လီလီကျွမ့်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး မားယုမိန်ကို မကျေနပ်တဲ့မျက်နှာနဲ့ "မေမေ သမီးမှားမှန်းသိတယ် မညစ်နဲ့တော့ နာနေပြီ အမေ့ကြောင့်သေတော့မယ် "
မားယုမိန်က သူမ မစားလိုက်ရသော ကြက်ဥခေါက်ဆွဲပန်းကန်အကြောင်း တွေးမိပြီး လီလီကျွမ့်ကို လွှတ်ပေးလိုက်သော်လည်း မရမ်မနား ဆဲဆိုကာ ခြံထဲသို့ သွားလိုက်သည်။