chapter -117 -[ပဲပုပ်ကိုကြိတ်ခြင်း]

1.3K 225 6
                                    

chapter -117 -[ပဲပုပ်ကိုကြိတ်ခြင်း]

[ ဗိုလ်ချုပ်ထက် ခေတ်ကာလအနေအထားအရ စစ်သူကြီးက ပိုသင့်တော်လို့ စစ်သူကြီးလို့ ပြောင်းလိုက်ပါတယ်]

လှည့်ကင်းစခန်းတွင် -

" စစ်သူကြီး ကျွန်တော်တို့အန်းလေးရှိတဲ့နေရာကို ရှာတွေ့ပါပြီ "

လျှိုယွင့်အပြောကို ကျီးချန်ခန်က ပေါ့ပေါ့ပါးပါးမေးလိုက်သည် ။

" သူဘယ်မှာလဲ "

လျှိုယွင်က ကိုးရိုးကားယားနိုင်စွာပြောသည် ။

" ညလယ်ခေါ်ကြီး ကောင်တီရာမန်အသစ်ဆီခိုးဝင်သွားတယ်လို့ကြားပါတယ်။ "

ကျီးချန်ခန်မျက်မှောင်ကြုတ်ကာ ကျယ်လောင်စွာပြောသည်။

" သူဘာလို့ ဒီလိုလုပ်ရတာလဲ "

လျှိုယွင်က ရှုံ့မဲ့နေတဲ့အပြုံးတစ်ခုကိုပေးလာသည် ။

" အန္တရာယ်တစ်ခုခုပေးချင်တယ်လို့တော့မထင်ဘူး ။ ကောင်တီတရားသူကြီးအသစ်နဲ့ပတ်သတ်ပြီး စပ်စုချင်ရုံတင်ဖြစ်လိမ့်မယ် ။ "

ရှေးခေတ်ကတည်းက အရပ်သားအရာရှိများနဲ့စစ်တပ်အရာရှိများက အတူမရှိကြပေ ။ ကျီးချန်ခန်က မြို့တော်ကြီးမှာအရပ်သားအရာရှိတွေရဲ့အကြံအစည်တချို့ကြောင့် ဘောင်ခတ်ခံလိုက်ရပြီးနောက် ကိုယ့်ကိုယ်ကိုကာကွယ်တဲ့နည်းလမ်းအနေနဲ့ မြိုတော်ကနေထွက်ခွာခဲ့သည်။ ကျီးယွမ်အန်းက ငယ်စဉ်ကတည်းက ကျီးချန်ခန်ရဲ့ခေါ်လာမှုကြောင့် စစ်စခန်းမှာပဲနေခဲ့ရသည်။ ထို့ကြောင့် သူက တရားဝင်လုပ်ထုံးလုပ်နည်းကလွဲပြီးဘာမှမသိတဲ့ထိုအရပ်သားအရာရှိကို အထင်သေးခဲ့သည်။

လျှိုယွင်က ကောင်တီတရားသူကြီးအသစ်နဲ့ပတ်သတ်ပြီး စစ်စခန်းက လူတချို့ပြောဆိုနေကြတာကို ကြားမိသည်။ စစ်သည်တချို့က ကောင်တီတရားသူကြီးအသစ်က ရာထူးအပေါ်အခွင့်အရေးယူဖို့စီစဉ်ထားတာပြီး လူတွေဆီကနေ ငွေညှစ်ဖို့ဆိုကျောက်တုံးပါမချန်မဲ့အလားအလာရှိကာ အရာရှိကောင်းတစ်ယောက်မဟုတ်ဘူးလို့ ပြောကြသည် ။ ကျီးယွမ်အန်းက ထိုစကားကိုကြားပြီးနောက် မခံမရပ်နိုင်စွာဒေါသတွေနဲ့ ပြည့်နှက်သွားသည်။ သူက ကောင်တီတရားသူကြီးအသစ်ကိုရှာပြီး သတိပေးလိုက်မယ်လို့ ရုတ်တရက်ပြောခဲ့သည် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Tahanan ng mga kuwento. Tumuklas ngayon