chapter -116 -[ကိုယ်တိုင်ရောက်လာတဲ့ဧည့်သည်တစ်ယောက်]

1.8K 220 13
                                    

chapter -116 -[ကိုယ်တိုင်ရောက်လာတဲ့ဧည့်သည်တစ်ယောက်]

လုလင်းအတွက် အရာရာတိုင်းလမ်းကြောင်းမှန်ပေါ်ရောက်နေတဲ့အချိန်မှာ ဆောင်းဥတုရောက်လုနီးပြီဖြစ်သည် ။

ချန်းရှောင်မီနဲ့လုလင်းတို့ သူတို့အခန်းထဲမှာရင်းရင်းနီးနီး စကားပြောနေချိန်တွင် ခြေသံပြင်းပြင်းနဲ့ကျယ်လောင်တဲ့တံခါးခေါက်သံထွက်ပေါ်လာသည် ။

လုလင်းမျက်မှောင်ကြုတ်လိုက်သည် ။

" ထူးဆန်းလိုက်တာ ဘယ်သူကများဒီလောက်ထိနောက်ကျနေတာတောင် အဲ့လိုတွေလုပ်နိုင်ရတာလဲ "

ချန်းရှောင်ခိုင်ရဲ့စိုးရိမ်ဖွယ်ရာအသံထွက်ပေါ်လာသည်။ 

" အစ်ကိုကြီး အစ်ကိုလင်း ကျွန်တော်တို့မှာဖောက်ထွင်းသူခိုးတကယ်ရှိနေတယ် ။ "

ချန်းရှောင်မီ တံခါးကိုဖွင့်ပြီးနောက် ချန်းရှောင်ခိုင်ကို နှစ်သိမ့်ပေးလိုက်သည်။

" ခိုင် အသက်ရှူပါဦး ဘာဖြစ်နေတာလဲ "

ချန်းရှောင်ခိုင်က စိတ်လှုပ်ရှားစွာပြောသည် ။

" ဖောက်ထွင်းသမားတစ်ယောက်က မိုင့်ရဲ့အခန်းထဲကို ကျူးကျော်လာတယ် ။ ဒါပေမယ့် မိုင်ကသူ့ကို ထိန်းချုပ်ထားလိုက်တယ် "

လုလင်းတုန်လှုပ်ပြီး အံ့အားသင့်သွားသည် ။

" ဖောက်ထွင်းသူခိုး? သေချာလား မိုင့်ကိုသိနေတဲ့သူခိုးအသေးစားပဲဖြစ်မယ် မိုင့်ကိုလွယ်ကူမဲ့သူထင်ပြီး လျော့တွက်လိုက်တာဖြစ်ရမယ် ။"

သို့သော်လည်း မိုင်က မဖိတ်ခေါ်ထားတဲ့ဧည့်သည်ကို ချုပ်တည်းထားတဲ့အကြောင်း ကြားတဲ့အခါ အံ့ဩတုန်လှုပ်သွားဆဲဖြစ်သည် ။ မိုင်က ငယ်ရွယ်သလောက် လွယ်ကူတဲ့သူတော့မဟုတ်ပေ သူ့အစ်ကိုကြီး ချန်းရှောင်မီလို ကျားတစ်ကောင်ပဲ ဖြစ်နိုင်သည် ။

ချန်းရှောင်ခိုင် မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။

" အစ်ကိုလင်း ကျွန်တော်တို့သူ့ကို လွှတ်ထားလို့မရဘူး ။ "

လုလင်းမျက်မှောင်ကြုတ်ကာတွေးလိုက်သည်။

' ရာမန်အပြေးသမားတချို့ကို စုဆောင်းရတော့မယ့်အချိန်ပဲ ။ ဒီတစ်ခေါက်ဘယ်သူမှမထိခိုက်ပေမယ့် တကယ့် ဓားပြတို့ ဖောက်ထွင်းသူခိုးတို့သာဆိုရင် ဘယ်လိုလုပ်မလဲ ။ သူတို့‌တွေထွက်လာမယ့်အကြောင်းကို တွေးဖို့တောင်လန့်တယ် ။ '

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now