chapter -118 -[အထောက်အထားအမှန်ထွက်ပေါ်ခြင်း]

1.1K 186 4
                                    

chapter -118 -[အထောက်အထားအမှန်ထွက်ပေါ်ခြင်း]

‌ဆောင်းရာသီနီးလာတာနဲ့အမျှ ရာသီဥတုက တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးအေးလာသည်။

လုလင်းက ဒီနေ့မှာသူ့လစာထုတ်တာဖြစ်ပြီး ရာမန်အပြေးသမားတွေအတွက်လည်း ‌ငွေတွေရလာသည် ။ ကောင်တီတရားသူကြီးအနေနဲ့ လုလင်းက တစ်လကိုငွေ၃ပြားရပြီး ပွဲတော်နေ့နဲ့ နှစ်သစ်ကူးနေ့တိုင်းအမတော်ငွေ ရသည် ။ သူရတဲ့လစာငွေ၃ပြားက အပူ‌ပေးစနစ်ကုန်ကျစရိတ်အတွက် ကောင်းကောင်းသက်သာစေတာမို့ ဒီနေ့မှာအရမ်းပျော်ရွှင်နေသလို ခံစားရသည် ။

လုလင်း သူ့ရဲ့စီးပွားရေးအိမ်ကိုရောင်းပြီးကတည်းက ဘာဝင်ငွေမှမရှိတာမို့ အခုသူ့လက်ထဲကငွေတွေကို ထိတွေ့နေပြီး အရသာခံစားနေသည်။ သစ်တောမြို့မှာနေ့စဉ်ရတဲ့အရာနဲ့ယှဉ်ရင်သိပ်မများပေမယ့် အဲ့ဒါက ဝင်ငွေဖြစ်နေဆဲဖြစ်သည် ။

ရာမန်အပြေးသမားရဲ့လစာက တစ်လကို ၁.၃ပြား ဖြစ်သည် ။ လုလင်း ရှစီရင်စုကိုရောက်လာပြီးနောက် ချင်းတွေနဲ့ ဝမ်းလီကို သူ့ရဲ့ရာမန်အပြေးသမားအဖြစ်လုပ်ခဲ့သည် ။ အခုသူ့ရဲ့ကိုယ်ပိုင်ငွေနဲ့သူတို့ကို ပေးဖို့မလိုတော့ပေ ။

ကောင်တီတရားသူကြီးအနေနဲ့ တကယ်တမ်း‌အကျိုးကျေးဇူးများစွာရရှိခဲ့သည် ။ ဥပမာအားဖြင့် သူ့ရဲ့အခွင့်အာဏာလုပ်ပိုင်ခွင့်ထဲမှာ ရာမန်အပြေးသမား ၁၂ ယောက် ကို ငှားရမ်းနိုင်ပြီး လူအနည်းငယ်ဖွဲ့စည်းနိုင်သည်။ ပြီးတော့ နှစ်တွေကုန်သွားတာနဲ့အမျှ အဲ့ဒီပမာဏက မနည်းပေ ။

လုလင်းက လှည့်ကင်းစခန်းဆီကနေ မလိုအပ်ဘဲ အာရုံစိုက်ခံရမှာကိုကြောက်တာမို့ သူ့ရဲ့အလုပ်သမားအမျိုးသားတွေကိုသာ ရာမန်အပြေးသမားအဖြစ်ခန့်အပ်သည် ။

လုလင်းက ရာမန်အပြေးသမားအဖွဲ့ကိုတည်ဆောက်ဖို့အချိန်တန်ပြီလို့တွေးမိသည် ။ ဘယ်လိုပဲဖြစ်ဖြစ်သူ့ရဲ့ကိုယ်ပိုင်ငွေနဲ့ပေးရမှာ မဟုတ်ပေ။

ရာမန်အပြေးသမားတွေရဲ့အဓိကတာဝန်က ဥပဒေထိန်းသိမ်းဖို့ ကြီးကြပ်ဖို့နဲ့ အခွန်ကောက်ခံဖို့ဖြစ်သည်။ ဝေးဝေးမသွားသ၍(လုပ်ရပ်တွေမလွန်သရွေ့) ရာမန်အပြေးသမားတွေကို လက်တိုလက်တောင်းခိုင်းလို့ရနိုင်တယ်လို့ တွေးမိသည်။

You've reached the end of published parts.

⏰ Last updated: Dec 10 ⏰

Add this story to your Library to get notified about new parts!

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now