system space

3K 177 21
                                    

<Unicode>
"system space ကပြန်လည်ကြိုဆိုပါတယ် host... mission အကုန်အောင်မြင်လို့ဂုဏ်ယူပါတယ် points တွက်ပေးမယ်နော်

- ဗီလိန်မဖြစ်ရန် points 300
-ဂျွန်ဂျောင်ကုနဲ့ ရည်းစားဖြစ်ရန် points 300
-လိမ္မာတဲ့သားဖြစ်အောင်လုပ်ပြီး မိဘတွေသဘောတူတဲ့လူနဲ့ လက်ထပ်ရန် points 400

စုစုပေါင်း points 1000ရပါတယ်"

"အင်းအင်းဆက်ပြော"

"ပြောပါမယ် လျှာရှည်တယ်"

"လျှာရှည်မှ ထမင်းစားလို့ရတာ system stupid ရဲ့ နင့်ကိုလေ mouse လို့မခေါ်တော့ဘူး stupid လို့ဘဲခေါ်တော့မယ်"

"ဘဲဘဲ နဲ့ဆက်မတွေ့ချင်ရင်တော့ခေါ်ပေါ့"

"ဟီး mouse ကလည်း ချစ်လို့စတာ ရှိတ်ရှိုးရဝူးနော်"

"စကားကိုဖြတ်မပြောနဲ့ ခုနကအကြောင်းဆက်ပြောမယ်"

"ဟုတ်"

"အယ်မေ့သွားပြီး ပြောနေတာဘယ်ရောက်ပြီလဲ"

" Points 1000 ရပါတယ် အဲ့နားလေးရောက်ပြီ"

"အင်း မှတ်မိပြီ ဆက်ပြောမယ် "

"ဟုတ်"

"အခုက ပထမကမ္ဘာ ပြီးသွားပြီဆိုတော့ ဒုတိယကမ္ဘာဆက်သွားရမှာပေါ့ ဟုတ်တယ်မလား အဲ့တော့ ကျနော် system ချောချောကနေပြီး စေတနာနဲ့ ပညာတစ်ခုသင်ခိုင်းမယ် သင်မလား"

"ဟုတ်"

"အကပညာ အဆိုပညာ တစ်ခုရွေးပါ"

"အင်း အကပညာယူမယ်"

"Ok ပေါ်လာတဲ့တံခါးပေါက်ကနေဝင်သွားလိုက်နော်"

"ဟုတ်ကဲ့"

Mouse လည်း သူဘာပြောပြော လက်နှစ်ဖက်ကို ကလေးတွေဆရာမ‌ရှေ့စာလာဆို ရင် ပိုက်သလို ပိုက်ထားပြီ ဟုတ် ဆိုပြီး ခေါင်းငြိမ့်ကာ ပြန်ဖြေနေတဲ့ ထယ်ယောင်းကိုအသဲတယားယားဖြစ်နေတော့သည်။

ထယ်ယောင်းလည်း ပေါ်လာတဲ့တံခါးပေါက်ကနေဝင်သွားပြီး အကပညာသွားသင်တော့သည်။ထယ်ယောင်း တံခါးဆီဝင်သွားတော့မှ mouse လည်း လက်ကိုကိုက်ကာ ခုန်ပေါက်နေတော့သည်။

ထယ်ယောင်းကို ကိုက်ချင်တာမှတစ်ပိုင်းသေလို့ အသဲယားလွန်းလို့ ခုနက ဟုတ်ဆိုပြီး ခေါင်းငြိမ့်ပြတဲ့အချိန်ကတည်းက ကိုက်လိုက်ချင်တာ ခုနကဆို သူ့ကိုယ်ကို ကလေးတွေကိုစာသင်ပေးတဲ့ဆရာလို့တောင်ထင်မိသေးသည်။ထယ်ယောင်းပေါက်စက လူကိုအသဲယားအောင်သိပ်လုပ်တတ်သည်။

system 118 (Complete)Where stories live. Discover now