10.1 (ထွန်းလင်းငယ်) (ထွန်းလင်းငယ်)

1.8K 116 14
                                    

<Unicode>
ထယ်ယောင်းကမ္ဘာကူးပြောင်းပြီးချိန် သူ့ကိုလူတစ်ယောက်ကတွဲထူနေတာခံစားလိုက်ရသည်။ကြည့်မလို့ပြင်တော့လည်း မျက်လုံးက ဘယ်လိုမှဖွင့်မရ...လူကလည်း အရက်သောက်ထားသည်ထင်တယ် မူးနေသည်။

သူ့ကိုတွဲနေတဲ့လူဆီက ရတဲ့ကိုယ်သင်းနံ့ကမူး‌နေတဲ့ခေါင်းကိုကြည်လင်‌စေတာ‌ကြောင့် အနံ့ကိုခိုးပြီးရှုရှိုက်နေမိသည်။ခနကြာတော့ သူ့ကို ထိုလူက ကုတင်ပေါ်ခေါ်သွားလေသည်။ပြီးတော့ သူ့အင်္ကျီကိုချွတ်ပြီး စိုစိစိအဝတ်တွေနဲ့ သူ့ကိုရေပတ်တိုက်ပေးနေသည်။

လူကမူးနောက်နေပေမဲ့ အသိစိတ်က ကပ်နေတာကြောင့် ထိုလူလုပ်သမျှ သိနေသည်။ထိုလူက သူ့ကိုရေပတ်တိုက်ပေးပြီးတော့ အဝတ်အစားလဲပေးသည်။

ထို့နောက် အိပ်စက်နေတဲ့သူ့ကိုယ်လုံးကို အနောက်ကနေသိမ်းကြုံးဖက်ပြီး လည်ဂုတ်ကို နှုတ်ခမ်းနဲ့ထိကပ်ထားသည်။

"မူးနေချိန်မှာဘဲ ဒီလိုအနားကပ်ခွင့်ရလို့ ဒီညတော့ အဝဖက်ထားပါရစေငယ်ရယ်"

ထိုလူကတိုးတိုးရေရွတ်ပြီး‌နောက် အေးစက်စက်အရည်‌တွေက  ထယ်ယောင်းလည်ဂုတ်ပေါ်ကျလာသည်။

ထယ်ယောင်းလည်း ဇာတ်ကြောင်းတွေဘာမှမရသေးတာကြောင့် ငြိမ်ငြိမ်သာနေလိုက်သည်။ထိုလူကလည်း ထယ်ယောင်းရဲ့ကိုယ်လုံးကို အသာအယာဖက်ပြီးအိပ်ပျော်သွားလေသည်။

ထယ်ယောင်းလည်းမကြာခင်အိပ်ပျော်သွားလေသည်။သူအိပ်ပျော်သွားတော့ သူ့ဝိညာဉ်က space ဆီရောက်သွားသည်။

"Host ဘယ်လိုလဲ ဟိုကမ္ဘာမှာအဆင်ပြေလား"

"မပြေတပြေပေါ့ ဇာတ်ကြောင်းပြောပြအုံး"

"ဟုတ် host ရောက်နေတဲ့ကမ္ဘာက မြန်မာနိုင်ငံမှာဘဲ ဇာတ်လိုက်နာမည်က ထွန်းလင်းငယ် သူက TL company ရဲ့ ceo သူ့မှာ သားတစ်ယောက်နဲ့ ယောက်ျားရှိတယ်"

"အဲ့ယောက်ျားက ငါလား"

"ပြီးအောင်ဖတ်ပါရစေအုံး နောက်မှပြောပြမယ်"

"အင်း အင်း ဆက်ဖတ်"

" တိတ်တိတ်နေ ကြားဖြတ်မပြောနဲ့ ဇာတ်လိုက်မက မိုးမေလင်း "

system 118 (Complete)Hikayelerin yaşadığı yer. Şimdi keşfedin