2

1.6K 105 6
                                    

<Unicode>
ထယ်ယောင်း အိပ်စက်နေတဲ့အချိန် ဖုန်းမြည်လာတာကြောင့် contact name ကိုကြည့်တော့ဘာမှမရေးထားတာကြောင့် မကိုင်ဘဲနေလိုက်သည်။

ဂျွန်ဂျောင်ကု သူ့ကလေးအသံကြားချင်တာကြောင့် ဖုန်းဆက်ကြည့်တော့မကိုင်တာကြောင့် ထပ်ခါထပ်ခါဆက်ကြည့်လိုက်သည်။

ထယ်ယောင်း ထပ်ခါထပ်ခါမြည်နေတဲ့ဖုန်းကြောင့် စိတ်တိုပြီး

"ဒီမှာ ခများဘယ်သူလဲ ဖုန်းကိုထပ်ခါထပ်ခါမဆက်ရဘူးဆိုတာနားမလည်ဘူးလား အိပ်နေတာဇိမ်ပျက်တယ် အ‌ နေတာလား ဖုန်းဆက်ပြီး ဘာမှမပြောဘူး "

"ကလေး"

ထယ်ယောင်းလည်း စိတ်တိုနေတဲ့ကြားက ကလေး ဆိုတဲ့ခေါ်သံကြောင့်မျက်ရည်တွေဝဲသွားသည်။

"ကို~~ကို~~ လား"

"အင်း ကိုကို"

"အီးဟီး ကလေးက ကိုကို ကလေးကိုမမှတ်မိဘူးထင်နေတာ"

"ဒီလောက်ချစ်ဖို့ကောင်းတဲ့ကလေးကို ကိုကိုက ဘယ်လိုမေ့နိုင်မှာလဲ"

"မမေ့ဘူးသာ ပြောတာ နေ့လည်ကဘာလို့လာမကြည့်တာလဲ"

"ကိုလည်း ကလေးသတိရလာပြီကြားတာနဲ့ လာကြည့်တာကို ကလေးကဆေးရုံဆင်းသွားတာလေ"

"အဲ့တာက ကိုကိုလာမကြည့်ဘူးထင်ပြီဆင်းသွားတာကို"

"အခုအိပ်နေတာလား"

"ဟုတ်"

"အဲ့ဆိုဝဝအိပ်နော် good night ကလေး"

"Good night ကိုကို"

"အာဘွား"

ဆိုပြီးထယ်ယောင်းဖုန်းကိုချလိုက်သည်။ဖုန်းကိုသူ့ကိုကိုအမှတ်နဲ့ အာဘွားတွေပေးပြီး ရင်ဘက်ထဲအပ်ထားလိုက်သည်။ပြုံးနေတဲ့မျက်နှာက ခုနငိုနေတဲ့မျက်နှာနဲ့တစ်ခြားစီပင်...

ထယ်ယောင်းလည်း ‌နေ့လည်ကမဆာတဲ့ဗိုက်ကအခုမှဆာလာသလိုဖြစ်တာကြောင့် အောက်ထပ်ကထမင်းစားခန်းဆီခုန်ပေါက်ပြီးဆင်းသွားသည်။

သူဆင်းလာတာကို အိမ်တော်ထိန်းကတွေ့တော့

"သခင်လေး ထမင်းပွဲပြင်ပေးရမလား"

"ဟုတ်ကြီးကြီး "

"ခနလေးစောင့်ပေးနော်"

"ဟုတ်"

system 118 (Complete)Where stories live. Discover now